မန်ချက်စတာတက္ကသိုလ်မှာ ရူပနက္ခဗေဒဘာသာရပ်ကို လာရောက် သင်ကြားတဲ့ ပြင်သစ်ကျောင်းသား တစ်ဦးဟာ အိမ်ငှားဖို့စရိတ် မတက်နိုင်တာကြောင့် ကျောင်းတက်တဲ့ကာလတလျှောက်အိမ်နောက်ဖေးမှာ
ရွက်ဖျင်တဲထိုးပြီးနေခဲ့ရပါတယ်။ အိမ်ငှားဖို့မတက်နိုင်တဲ့ မစ္စတာအမ်းစ်ကို အိမ်ရှင်အမျိုးသမီးကလည်း အိမ်နောက်ဖေးမြေကွက်လပ်မှာနေဖို့ သဘောကောင်းစွာ ခွင့်ပြုပေးခဲ့ပါတယ်။

အိမ်နောက်ဖေးမှာနေခွင့်ရတဲ့အတွက် အိမ်ငှားခပေးစရာမလိုပေမယ့် အပြန်အလှန်အားဖြင့် မစ္စတာအမ်းစ်က
အိမ်ပိုင်ရှင်အမျိုးသမီးတက်ရောက်သင်ကြားနေတဲ့ဘာသာရပ်အတွက် စာသင်ကြားပေးမှု ပြန်လည် လုပ်ပေး
ရပါတယ်။ ရာသီဥတုဆိုးရွားပြီးနှင်းတွေထူထဲစွာ ကျနေတဲ့ရက်တွေမှာလည်း အဆိုပါကျောင်းသားဟာ
နှင်းတောထဲက ခြံနောက်ဖေးရွက်ဖျင်တဲထဲမှာ အချိန်ကုန်ဆုံးပြီး တက္ကသိုလ်တက်ခဲ့သူဖြစ်ပါတယ်။
ကျောင်းတက်နေတဲ့အချိန်မှာပဲ ချစ်သူတစ်ယောက်ရခဲ့တဲ့အပြင် လက်ထပ်ဖို့အထိပါ ရည်ရွယ်သူဖြစ်ခဲ့ပါတယ်။

ရာသီဥတုဆိုးရွားတဲ့နေ့မျိုးတွေမှာ အိမ်ပိုင်ရှင်အမျိုးသမီးက အိမ်ထဲဝင်ဖို့ခေါ်ပေမယ့် မစ္စတာအမ်းစ်က
အမြဲငြင်းဆန်ခဲ့ပြီး ရွက်ဖျင်တဲထဲမှာပဲ ကျောင်းတက်တဲ့ဆယ်လလုံး အချိန်ကုန်ဆုံးခဲ့သူဖြစ်ပါတယ်။
Planet Myanmar
*********************************************************************
ဗဟုသုတ နဲ့ အထူးအဆန်းသုတရသ လိုချင်သူများ သုတဇုန်ကို like
ထားပါဗျို့ :)
#သုတဇုန်
www.facebook.com/thutazone
http://thutazone.blogspot.com