တရုတ်တွေဟာ ပစ္စည်းအဆန်းအပြားမျိုးစုံကို တီထွင်လေ့ရှိကြပါတယ်။ဒီတစ်ခါမှာလည်း သူများနဲ့မတူပဲ တမူထူးတဲ့ သစ်သားရိုလာကိုစတာကို တီထွင်ဖွင့်လှစ်လိုက်ပြန်ပါတယ်။
ဒီ Jungle Trailblazer ဆိုတဲ့ရိုလာကိုစတာဟာ တရုတ်ပြည် ဟူနန်မြို့က Fantawild ပန်းခြံထဲမှာရှိပါတယ်။ အရှည်ကတော့ ၁၀၆၀မီတာရှိပြီး အမြင့်ကတော့ ၃၂မီတာအထိရှိနိုင်ပါတယ်။ ထူးခြားတာက ရိုလာကို
စတာတစ်ခုလုံးနီးပါးကို သစ်သားနဲ့ပြုလုပ်ထားတာပဲ ဖြစ်ပါတယ်။ အမြန်နှုန်းကလည်း ၁နာရီ ၉၁ကီလိုမီတာဆိုတော့ တော်တော်လန့်ဖို့ကောင်းတဲ့ နှုန်းပါ။
သတိထားရမှာတော့ ဒီရိုလာကိုစတာဟာ မလန့်တတ်ဖူးဆိုတဲ့ သူတွေအတွက်ဖြစ်ပြီး တော်ရုံလူစီးရင်တော့ အခက်တွေ့နိုင်ပါတယ်။
ကဲ ဒီသစ်သားရိုလာကိုစတာကို movie ကြည့်ရင်းအစမ်းစီးကြည့်ရအောင်။ ကျွန်တော်တော့ တကယ်စီးရင်ဘယ်
လိုနေမယ်မသိဘူး ခု ကြည့်တာနဲ့တင်ခေါင်းမူးသွားတယ်။ ကြည့်မိလို့ ခေါင်းမူးသွားရင် ကျွန်တော်နဲ့မဆိုင် :D
ဗဟုသုတ နဲ့ အထူးအဆန်းသုတရသ လိုချင်သူများ သုတဇုန်ကို like
ထားပါဗျို့ :)
#သုတဇုန်
www.facebook.com/thutazone
www.thutazone.blogspot.com