ခန္ဓာကိုယ်အတွက် များလွန်းသည်ဟု သတ်မှတ်နိုင်မည့် ဗီတာ မင်ပမာဏ အတိအကျကို သိနိုင်ရန် သိပ္ပံပညာရှင်များ ကြိုးစားနေ ဆဲဖြစ်သော်လည်း ဆေးဘက်ဆိုင်ရာအဖွဲ့က လိုအပ်သော ဗီတာမင်ပမာဏကို ဖော်ပြပေးထားသည်။
ဗီတာမင်စီမှာ ရေတွင် ပျော်ဝင်နိုင်သောကြောင့် ခန္ဓာကိုယ်က မလိုအပ်သော ပိုလျှံသည့် ဗီတာမင်စီများကို ဆီးနှင့်အတူ စွန့်ပစ် မည်ဖြစ်သည်။ သို့သော် ဗီတာမင်စီကို အလွန်အကျွံသောက်သုံးခြင်း ကြောင့် ၀မ်းလျှောခြင်း၊ မူးမော်ခြင်း၊ အော့အန်ခြင်း၊ ရင်ပူရင်ဆာ ဖြစ်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ခေါင်း
ကိုက်ခြင်း၊အိပ်မပျော် ခြင်းနှင့် ကျောက်ကပ်ကျောက်တည်ခြင်းတို့ကဲ့သို့ ပြဿနာများ ဖြစ် ပေါ်နိုင်သည်။
သာမန် လူတစ်ဦးနေ့စဉ်လိုအပ်သော ပျမ်းမျှဗီတာမင် စီပမာဏမှာ ၆၅ မီလီဂရမ်မှ ၉၀ မီလီဂရမ်အထိ
သာဖြစ်သည်။ ဗီတာမင်အေမှာ အဆီတွင် ပျော်ဝင်နိုင်သဖြင့် အသည်းက ချေဖျက်ပေးသည်။ ဗီတာမင်အေကို နေ့စဉ်တစ်လအထိ အလွန် အကျွံသောက်ပါက အဆိပ်အတောက်ဖြစ်လာနိုင်သည်။
ဗီတာမင်အီးမှာ အဆီတွင် ပျော်ဝင်နိုင်ပြီး အသား၊ ဥများ၊ ဟင်းသီးဟင်းရွက်များကဲ့သို့ အစားအစာများမှ အလွယ်တကူရရှိနိုင်သ ဖြင့် ဗီတာမင်အီးချို့တဲ့သူ ရှားပါးသည်။
သာမန်လူတစ်ဦးအနေဖြင့် တစ်နေ့လျှင် ဗီတာမင်အီး ၁၅ မီလီဂရမ်သာလိုသည်။ ဗီတာမင်အီးကို အလွန်
အကျွံသောက်သုံးခြင်းကြောင့် သွေးခဲ ခြင်းဖြစ်ပေါ်နိုင်ပြီး သွေးခဲနိုင်သည့် အန္တရာယ်ရှိကာ အဆုတ်နှင့် သုက်လွှတ်ဂလင်းကင်ဆာတို့ ဖြစ်နိုင်သည်။ ဗီတာမင်အီးကဲ့သို့မဟုတ်ဘဲ ဗီတာမင်ဒီချို့တဲ့မှုမှာ ဖြစ်ပေါ်နေ ကျဖြစ်သည်။ သို့သော် ဗီတာမင်ဒီကို အလွန်အကျွံမသောက်မိရန် လိုသည်။ တစ်နေ့လျှင် ဗီတာမင်ဒီ 50000 IU သောက်သုံးပါက အဆိပ်အတောက်ဖြစ်နိုင်သည်။ ဗီတာမင်ဒီအဆိပ်ဖြစ်ပါက သွေး ထဲတွင် ကယ်လစီယမ်ဓာတ်ဖြစ်ပေါ်ပြီး အရိုးများ အားနည်းကာ ကျောက်ကပ်ကျောက်တည်ခြင်း၊ မူးမော်ခြင်း၊
ကျောက်ကပ်ပြဿ နာများနှင့် နူးညံ့သော တစ်သျှူးများ မာတောင့်သွားခြင်းတို့ ဖြစ်ပေါ် နိုင်သည်။
မတူညီသော ဗီတာမင်ဘီပုံစံများစွာ ရှိသော်လည်း ဆေးဘက် ဆိုင်ရာအဖွဲ့၏ ယခုဖော်ပြမှုတွင် ဖောလစ်
အက်စစ်(ဗီတာမင် B9) နှင့် ဗီတာမင် (B6) တို့အတွက် ကန့်သတ်ချက်များကိုသာ ဖော်ပြ ထားသည်။ ဗီတာမင်ဘီမှာ ရေတွင် ပျော်ဝင်နိုင်သော်လည်း ဖောလစ်အက်စစ်ကို အလွန်အကျွံသောက်သုံးပါက ကင်ဆာဖြစ်နိုင်ပြီး အစာအိမ်ပြဿနာများ၊ အိပ်မရခြင်းများ၊ အင်ပျဉ်ထခြင်း၊ လေဖြတ်ခြင်း တို့ ဖြစ်နိုင်သည်။ B6 ကို ၂၀၀ (သို့မဟုတ်) ၃၀၀ မီလီဂရမ်အထိ သောက်ပါက အာရုံကြောပျက်စီးနိုင်သည်ဟု ဆရာဝန်များက ယုံ ကြည်ထားသည်။
INSPIRE