ပျောက်ဆုံးမြို့တော် Heracleion




Heracleion ဆိုတာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၂၀၀ ကျော်က ရှိခဲ့တဲ့အီဂျစ် မြို့ တစ်မြို့ပဲ ဖြစ်ပါတယ်။



ခုအချိန်မှာတော့ ရေအောက် ၁၀မီတာ(ပေ ၃၀) ခန့်မှာ နစ်မြုပ်နေခဲ့ပြီ ဖြစ်ပါတယ်။



ဒီ ရှေးဟောင်း မြို့တော်ကို ၂၀၀၀ခုနှစ်တုန်းက ဒေါက်တာ Franck Goddio ဦးဆောင်တဲ့ European Institute for Underwater Acheology (IEASM) အဖွဲ့က စတင် ရှာတွေ့ခဲ့တာပဲ ဖြစ်ပါတယ်။



ဒီမြို့တော် တစ်ဝိုက်ကနေ သင်္ဘောပျက် ၆၄စီး အပြင်၊ ကျောက်ဆူး၇၀၀ကျော်၊ ရွေငွေ ဒင်္ဂါးစေ့တွေ၊ ယဉ်ကျေးမှုလက်ရာတွေ အပြင်အခြားအရာတွေ ကြောင့် ဒီမြို့ဟာ အလွန်စည်ကားတဲ့ ကုန်သွယ်
မြို့ကြီး ဖြစ်ခဲ့လိမ့်မယ် လို့ ပညာရှင်တွေက ဆိုပါတယ်။


ခုမြင်ရတဲ့ ပုံရိပ်တွေကတော့ ဒီမြို့ဟောင်းကို ရှာဖွေစဉ်ကပုံရိပ်တွေပဲဖြစ်ပါတယ်။ သုတဇုန်မိတ်ဆွေများ အတွက် ဗဟုသုတ အဖြစ်ဖော်ပြလိုက်ပါတယ်ဗျာ :)