iPhone အတုပေါင်း လေးသောင်းကျော် ထုတ်လုပ်ခဲ့တဲ့ Apple ကုမ္ပဏီအတုကို တရုတ်နိုင်ငံမှာ ၀င်ရောက်ဖမ်းဆီး


Apple iPhone အတု အလုံးရေ လေးသောင်းတစ်ထောင်နီးပါး ထုတ်လုပ်ခဲ့တဲ့ တရုတ် ကုမ္ပဏီတစ်ခုကို
ဖော်ထုတ်တွေ့ ရှိခဲ့ပြီး ကိုးဦးကို ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ဒီစက်ရုံကို မေလ ကတည်းက ဖမ်းဆီးတွေ့ ရှိခဲ့ရပေမယ့် ဘေဂျင်းပြည်သူ လုံခြုံရေးဗျူရိုက လွန်ခဲ့တဲ့ တနင်္ဂနွေနေ့ ကမှ သတင်းထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ BBC သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။

ကုမ္ပဏီဟာ ဘယ်လောက်တောင် ဟန်ဆောင်ကောင်းခဲ့လဲဆိုရင် ကုမ္ပဏီက ၀န်ထမ်းတွေကိုယ်တိုင်က သူတို့ ဟာ အမေရိကန်အခြေစိုက် နည်းပညာ ကုမ္ပဏီကြီး Apple က တိုက်ရိုက်ခန့် ထားတဲ့ ၀န်ထမ်းတွေလို့ ပါ ထင်နေ ခဲ့ကြတယ်လို့ ဆိုပါတယ်။ လင်မယားနှစ်ယောက်စတင်ထူထောင်ခဲ့တဲ့ အဆိုပါလုပ်ငန်းဟာ တရုတ်နိုင်ငံမြို့ တော်
ဘေဂျင်းမြို့ ဆင်ခြေဖုံးမှာ တည်ရှိပြီး အသုံးပြုပြီးသား စမတ်ဖုန်း အစိတ်အပိုင်းတွေကို iPhones အသစ်အဖြစ် တပ်ဆင်ထုပ်ပိုးပေးတဲ့ ၀န်ထမ်း ရာကျော်ရှိတယ်လို့ သိရပါတယ်။

အဆိုပါ Apple ကုမ္ပဏီအတုဟာ အိုင်ဖုန်းအတု နိုင်ငံခြားတင်ပို့ ရောင်းချရငွေ ကန်ဒေါ်လာ ၁၉ သန်းထိရရှိ
ခဲ့ပါတယ်။ အဆိုပါ iPhone အတုတွေကို သိမ်းဆည်းရရှိခဲ့တဲ့ အမေရိကန်တာဝန်ရှိသူတွေရဲ့ အသိပေးသတင်း
ပေးပို့ မှုကြောင့် ဘေဂျင်းအာဏာပိုင်တွေဟာ Apple စက်ရုံအတုကို ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။ဒီ ဖမ်းဆီးမှု
ဟာတရုတ်ထုတ်ကုန်တွေ နာမည်ကောင်းရရှိဖို့ တရုတ်အာဏာပိုင်တွေဟာ ကုန်ပစ္စည်း အတုအယောင်တွေကို အင်အားသုံးနှိပ်ကွပ်နေတဲ့ အစီအစဉ်ထဲက တစ်စိတ်တစ်ပိုင်းတစ်ခုဖြစ်ပါတယ်။

Trend Myanmar