စစ်အတွင်းကလေးဒုက္ခသည်များ အထိမ်းအမှတ်ရုပ်တု (Lidice)


ပန်းပုဆရာမ Marie Uchytilová သည် Lidice တွင်ဖြစ်ပွားခဲ့သော ရာဇဝတ်မှုကိုခံစားပြီး ဤ ရုပ်ထုများကို ထုဆစ်ခဲ့ခြင်းဖြစ်သည်။ ၁၉၆၉ တွင် သူမသည် Lidice မှကလေးများ၏ ကြေးသွန်း အထိမ်း အမှတ်ရုပ်တုကို ဖန်တီးရန်ဆုံးဖြတ်ခဲ့သည်။


သက်ရှိအရွယ်အစားရှိသောကလေး ၈၂ ယောက်ကိုဖန်တီးရန်အတွက် နှစ်ပေါင်း ၂၀ ကြာမြင့်ခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုအထိမ်းအမှတ်ကျောက်တိုင်ထားရှိသည့်နေရာသို့ တစ်ကမ္ဘာလုံးမှ လူထောင်ပေါင်း များစွာလာရောက်လည်ပတ်ခဲ့ကြသည်။ Lidice သည် Czech နိုင်ငံရှိရွာလေး တစ်ရွာဖြစ်သည်။ ၁၉၈၉ ခုနှစ်
တွင် ပန်းပုဆရာမသည် ပလာစတာဖြင့် အကြမ်းထည်တည်ဆောက်ပြီးဖြစ်သော်လည်း မည်သည့်အလှူငွေမျှ မရရှိသေးချေ။ ထို့ကြောင့် ပထမကြေးရုပ် ၃ ရုပ်ကို ကိုယ်ပိုင်ငွေ စိုက်ထုတ်ပြီး ပြုလုပ်ခဲ့ရသည်။ ကံမကောင်း
စွာဖြင့် သူမသည် ၁၉၈၉ ဆောင်ဦးတွင်ကွယ်လွန်သွားခဲ့သည်။ သူမ၏တစ်ဘဝလုံးကိုမြုပ်နှံထားခဲ့သော
Lidice ကိုစိတ်ကူးဖြင့်သာမြင်နိုင်ခဲ့ပေလိမ့်မည်။



အမျိုးသားဖြစ်သူ J.V Hampl သည် ၁၉၉၀ မှစ၍တစ်ယောက်တည်း ဆက်လက်လုပ်ဆောင်ခဲ့သည်။ ၁၉၉၅ တွင် အမှတ်အသားပြုထားသောနေရာ၌ မာဘယ်ကျောက်တုံးများကို ကျန်ရှိသော အဂ်တေများသွန်းလောင်း
ခဲ့သည်။ ကလေးငယ် ၃၀ ယောက်၏ ကြေးသွန်းပုံများ ပေါ်လာခဲ့သည်။



 ၁၉၉၆ နွေရာသီ မှစ၍ကြေးရုပ်များကိုထပ်မံတပ်ဆင်ခဲ့သည်။ နောက်ဆုံး ၇ ခုကို ၂၀ဝ၀ခုနှစ်တွင် ပြသခဲ့သည်။
လက်ရှိတွင် မိန်းကလေးငယ် ၄၂ ယောက်နှင့် ယောက်ကျာ်းလေး ၄၀ ယောက်ဖြစ်သည်။ နိုဝင်ဘာ ၂၀၁၀ တွင် အရှေ့ညာဘက်ရှိမိန်းကလေးငယ်တစ်ဦး၏ရုပ်တုအခိုးခံခဲ့ရသည်။ ထို့ကြောင့် အများပြည်သူမှ ငွေကြေး
အထောက်အပံ့များရယူပြီးနောက် တူညီသော အခြားရုပ်တုတစ်ခုကိုအစားထိုးခဲ့ရသည်။

AyeSay.com.mm