Pulitzer ဆုရပုံအချို့နှင့် ၄င်းပုံများ၏ သမိုင်းများ

၁။ ပြုံယမ်းတံတား ၊ မြောက်ကိုရီးယား

ဤသမိုင်းဝင်ပုံကို ရိုက်ကူးခဲ့သော ဓာတ်ပုံဆရာအမည်မှာ Max Desfor ဖြစ်ပြီး ၁၉၅၁ ခုနှစ်တွင် Pulitzer ကိုရရှိခဲ့ခြင်းဖြစ်သည်။ ၁၉၅၀ တွင် တရုတ်ကွန်မြူနစ်များချဉ်းကပ်လာသည်ကိုရှောင်ရှားရန် တကွဲတပြား
ဖြစ်နေသောဒုက္ခသည်များက ပြုံယမ်းရှိ တံတားပေါ်တွင် တွယ်ကပ်သွားနေကြခြင်းဖြစ်သည်။

၂။ ဗီယက်နမ်မိသားစု
 ဤပုံကို ၁၉၆၅ ခု စက်တင်ဘာလ ရ ရက်နေ့ကရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ဗီယက်နမ်လူမျိုး အမေနှင့် ကလေးငယ်များသည် အမေရိကန်တပ်မှဗုံးများကြဲချနေစဉ်အတွင်ရှောင်ရှားရန် မြစ်ကြောင်းတစ်လျှောက် ထွက်ပြေးခဲ့ရသည်။ ဗီယက်နမ်စစ်ပွဲအတွင်း  ဗီယက်နမ်လူမျိုး ၉၀ဝ၀ဝ ခန့်သည် အမြောက်များနှင့် ဗုံးများကြောင့်သေဆုံးခဲ့ရသည်။

၃။ ရဲသားနှင့် ကလေးငယ်



ဝါရှင်တန်နေ့စဉ်သတင်းစာ၏ ဓာတ်ပုံဆရာ William C. Beall သည်ဤပုံကြောင့် ၁၉၅၈ ခုနှစ်တွင် Pulitzer ဆုချီးမြှင့်ခံခဲ့ရသည်။ စစ်ရေးကျင်းပနေသည့်အချိန်တွင် ရဲသားသည် လမ်းဖြတ်ကူးမည့် ၂ နှစ်သားကလေးငယ် နှင့် စကားပြောနေသော ပုံဖြစ်သည်။

၎။ ရဲရင့်သော ဂျူးအမျိုးသမီး


ဤပုံကိုဓာတ်ပုံဆရာ Oded Balilty ကရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ၂၀ဝရ ခုနှစ် တွင် Pulitzer ဆုကိုရရှိခဲ့သည်။ ပုံတွင် ဂျူးအမျိုးသီးသည် နိုင်ငံတော်ညွန်ကြားမွုအရ တရားမဝင်အခြေချနေထိုင်သူများ၏ တဲများကိုဖယ်ရှားရန် လာရောက်သော အစ္စရေးလုံခြုံရေးအရာရှိ ၁၀ဝ၀ဝ အားကြံ့ကြံ့ခံ ရင်ဆိုင်သောပုံဖြစ်သည်။

၅။  ဂျပန်-အမေရိကန်စစ်ပွဲ


Joe Rosenthal သည် ၁၉၄၅တွင်ဤပုံဖြင့်ပူလစ်ဇာဆုကိုရရှိခဲ့သည်။ ၁၉၄၅ ဖေဖော်ဝါရီ ၂၃ တွင် တပ်ရင်း ၂၈ နယ်မြေ ၅ ၏ အမေရိကန်ရေတပ်သည် အမေရိကန်အလံကို ဆူရိဘချိတောင်ထိပ်တွင် စိုက်ထူနေသည့် ပုံဖြစ်သည်။ ၄င်းနေရာသည်တိုကျို၏ ၆၆၀ မိုင်အကွာတွင်တည်ရှိပြီး ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်နှင့်ဖြစ်ပွား
သောစစ်ပွဲများအနက် သွေးအစွန်းဆုံးနေရာတစ်ခုဖြစ်လာခဲ့သည်။

AyeSay.com.mm