သူ့ကိုတော့ မြန်မာနိုင်ငံက လူသန်ကြီးလို့ခေါ်လေ့ရှိကြတဲ့ ဦးဇော်ဝိတ် ပဲဖြစ်ပါတယ်။ သူရဲ့နာမည်ဟာ မြန်မာနိုင်ငံတင်မကပဲ အိန္ဒိယနိုင်ငံ နှင့် ဗြိတိသျှအင်ပါယာတစ်ခုလုံး၌လည်း ကျော်ကြားသူဖြစ်ပါတယ်။ အိုလံပစ်ပြိုင်ပွဲရဲ့အလေးမပြိုင်ပွဲမှာ တံခွန်စိုက်ဘွဲ့ကိုရယူနိုင်ခဲ့တဲ့အတွက်ပါ။
ဦးဇော်ဝိတ်ဟာ မြန်မာလူမျိုးများထဲမှာ ပထမဆုံးအိုလံပစ်ပြိုင်ပွဲကိုဝင်ပြိုင်ခဲ့သူ ဖြစ်ခဲ့ပါတယ်။ ဦးဇော်ဝိတ်ဟာ ဟံသာဝတီ၊ ကွမ်းခြံကုန်းမြို့နယ် နတ်စင်ကုန်းရွာသားကရင်လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ ၁၉၃၅ခုနှစ်
ဖော်ဖော်ဝါရီလမှာ ကာလကတ္တားမှာကျင်းပတဲ့ အိန္ဒိယနိုင်ငံလုံးဆိုင်ရာ အလေးမပြိုင်ပွဲမှာ ဦးဇော်ဝိတ်ဟာ တင်ထားခဲ့တဲ့စံချိန်တွေကို ရိုက်ချိုးနိုင်ခဲ့ပါတယ်။
ဒါကြောင့် ၁၉၃၆ခုနှစ် ကမ္ဘာ့အိုလံပစ်ပွဲတော်မှာ ၀င်ပြိုင်ခွင့်ရခဲ့ပါတယ်။ ၀င်ပြိုင်ခွင့်ရခဲ့သော်လည်း ယခုခေတ်ကလို လွယ်လွယ်ကူကူ သွားရောက်ရခြင်းတော့ မဟုတ်ပါချေ။ သွားပြိုင်ဖို့စရိတ်မရှိတဲ့အတွက် ဂျူဗလီဟောမှာ အလေးမပွဲများ ကပွဲများပြုလုပ်ကာ ရန်ပုံငွေရှာခဲ့ရပါတယ်။ ပြည်သူတွေကလည်း
ပထမဆုံးအိုလံပစ်ပြိုင်ပွဲဝင် မြန်မာနိုင်ငံသားဆိုတော့ အားပေးကြတာပေါ့။
ဒါပေမယ့် တကယ်သွားပြိုင်တော့ ဦးဇော်ဝိတ် ရော သူ့ဆရာ ကာယဗလ ဦးရှိန် နှစ်ယောက်လုံးဟာ ပန်ချာပီခေါင်းပေါင်းတွေ ပေါင်း အိန္ဒိယ၀တ်စုံတွေဝတ် ပြီးသွားခဲ့ရပါတယ်။ အကြောင်းအရင်းကတော့
အဲ့ဒီအချိန်က မြန်မာနိုင်ငံဟာ အိန္ဒိယလက်အောက်ခံပြည်နယ် ဖြစ်နေလို့ပဲဖြစ်ပါတယ်။မြန်မာနိုင်ငံသားဖြစ်ပေ
မယ့် မြန်မာအဖြစ် မ၀င့်ကြွားနိုင်ခဲ့ပဲ အိန္ဒိယကိုယ်စားပြုဖြစ်ခဲ့ရတာကတော့ စိတ်မကောင်းစရာဖြစ်ရပ်ပါပဲ။
(အဲ့ဒီပွဲကို ဟစ်တလာ လာရောက်ကြည့်ရှု့ခဲ့ပြီး ဇော်ဝိတ်မနေတုန်းမှာဝမ်းသာအားရ လက်ခုပ်တီးခဲ့တယ်လို့
ဦးရှိန်ကပြန်ပြောလို့သိရပါတယ်)
Skk
#AyeSay
www.ayesay.com.mm