ခေတ်သစ်ဇီဝ စိုက်ပျိုးနည်းပညာ













Shigeharu Shimamura ဟာ ဂျပန်က စိုက်ပျိုးရေး ရုပဗေဒ ပညာရှင် တစ်ယောက် ဖြစ်ပါတယ်။ သူဟာ စိုက်ပျိုးရေးအတွက် ခေတ်သစ်နည်းပညာကို တီထွင်အသုံးပြုသူလည်း ဖြစ်ပါတယ်။






သူဟာ လူတိုင်း လွယ်ကူစွာနဲ့ စိုက်ပျိုးနိုင်မယ့် နည်းလမ်းတစ်ခုကို တွေ့ ရှိခဲ့ပါတယ်။ စိုက်ပျိုးရေး ဆိုတာ ရာသီဥတုပေါ်မှာ အခြေခံရမှာ ဖြစ်ပေမယ့် Shimamura ရဲ့နည်းကတော့ ရာသီဥတု ဆိုးရွားတဲ့အချိန်မှာ
တောင် စိုက်ပျိုးနိုင်မှာပဲ ဖြစ်ပါတယ်။



သူ့ရဲ့စက်ရုံကနေ ဂျပန်ရဲ့ စိုက်ပျိုးရေး နဲ့ အစားအစာ ကဏ္ဍတွေတိုးတက်ဖို့ ကူညီသွားမယ်လို့ ဆိုပါတယ်။



ဒီစိုက်ပျိုးရေး စက်ရုံဟာ ဆိုနီ semiconductor စက်ရုံဟောင်းနေရာကို ပြန်လည် အသုံးပြုခဲ့တာပါ။



စက်ရုံမှာရှိတဲ့ စင်တွေရဲ့အမြင့်ဟာ ၁၅ပေရှိပြီး စင်တိုင်းမှာ အပင်ကြီထွားဖို့ အကူအညီပေးမယ့် LED မီးချောင်းတွေကို တပ်ဆင်ထားပါတယ်။ ဒီမှာသုံးထားတဲ့ LED မီးချောင်းတွေဟာ ကျွန်တော်တို့ ပုံမှန်သုံးတဲ့ မီးချောင်းတွေထက် စွမ်းအင်သုံးစွဲမှု ၄၀%  လျော့နည်းပါတယ်။ ဒီစကရုံမှာ လောလောဆယ် ဆလပ်ပင်ပေါင်း ၁၀၀၀၀ လောက်ကို စိုက်ပျိုးထားပါတယ်။



ဒီဇီဝ စက်ရုံက စိုက်တဲ့အပင်တွေဟာ ပုံမှန်စိုက်ပျိုးရေးထက် အချိန်ကုန်သက် သာပြီး အလေအလွင့်လည်း
လျော့နည်းစေမှာ ဖြစ်တယ်လို့ Shimamura က ဆိုပါတယ်။



ဒီနည်းပညာက ထွက်တဲ့ သီးပင်စားပင်တွေဟာ ပုံမှန်အတိုင်း အဟာရဓာတ်လည်းရ၊ side effect လည်းမရှိ
ရင်တော့ အစားအစာရဲ့ အခန်းကဏ္ဍအတွက် အလွန်အသုံးဝင်မှာ ဖြစ်ကြောင်း သုတဇုန် မိတ်ဆွေတွေ
အတွက် ဗဟုသုတ အဖြစ်ဖော်ပြလိုက်ပါတယ်။

#သုတဇုန်