
ရိုးမေးနီးယားမှာနေတဲ့ ၁၆နှစ်အရွယ်လူငယ်တစ်ယောက်ဖြစ်တဲ့ Thomas ဟာ သူ့စက်ဘီးနဲ့ အသုံးပြုရတဲ့ လေအားပြု ဆဲလ်ဖုန်းအားသွင်းစက်ကို တီထွင်ခဲ့ပါတယ်။ ဒီအားသွင်းစက်ဟာ စက်ဘီးစီးနေတာနဲ့ အမျှ အား
သွင်းပေးနေမှာဖြစ်ပါတယ်။သူ့ရဲ့တန်ဖိုးကလည်း ၅ဒေါ်လာပဲကျသင့်ပါတယ်။ဒီအားသွင်းစက်ကို သူလုပ်ခဲ့ပုံအဆင့်ဆင့်ကို Instructablesမှာ မျှဝေထားခဲ့ပါတယ်။

Thomas ဟာ သဘာဝကိုနှစ်သက်တဲ့အတွက် မကြာခဏ စက်ဘီး အချိန်အတော်ကြာစီးလေ့ရှိပါတယ်။ဒီလို စီးတဲ့အခါတိုင်းမှာ သူ့ဖုန်းဘယ်ထရီဟာ အကုန်မြန်လေ့ရှိပါတယ်။ "ကျွန်တော့ဖုန်းဘယ်ထရီဟာ
ကြီးမားပေမယ့် သုံးစွဲတာကလည်းများတဲ့အတွက် သိပ်ပြီးကြာကြာခံလေ့ မရှိပါဘူး။ လွန်ခဲ့တဲ့ ရက်သတ္တပတ် အနည်းငယ်က စက်ဘီးပြိုင်ပွဲတစ်ခုအတွက် အခြား turbine ကို လုပ်ခဲ့သးတယ်။
အခုလုပ်ထားတဲ့ဟာက အရင်တစ်ခုထက် ပိုကောင်းပါတယ်။ ခုတော့ လေအားသုံး power bank တစ်လုံးဖြစ်သွားပါပြီ။ စက်ဘီးနဲ့အီလက်ထရောနစ်ပစ္စည်းတွေပေါင်းစပ်ရတာကို ကျွန်တော်
သဘောကျပါတယ်။ စက်ဘီးနဲ့ဆက်စပ်ပစ္စည်းတွေကို ပြုလုပ်ရတာကလဲ စက်ဘီးပြိုင်ပွဲအတွက်ပါပဲ"လို့ Thomas က ပြောခဲ့ပါတယ်။


ဒီလိုလုပ်ဆောင်ဖို့ အတွက် အခြေခံ အီလက်ထရောနစ် ဗဟုသုတ တော့လိုအပ်ပါတယ်။ဒါပေမယ့် ဒါတွေဟာ ရှင်းလင်းပါတယ်။ သူပြထားတဲ့Tool အနည်းငယ်ရှိရုံနဲ့ Thomas ရဲ့ အစိမ်းရောင်
(သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းတဲ့) နည်းပညာကို သင်လည်းလိုက်ပြီး ချက်ချင်း တီထွင်နိုင်ပါတယ်။ သူဟာ ကွန်ပျူတာပန်ကာကို အသုံးပြုပြီး ပန်ကာကိုလေနဲ့ လည်ပတ်စေပါတယ်။
ပန်ကာက ထုတ်ပေးတဲ့ AC ကို JouleTheif Circuit က နေတစ်ဆင့် DC ကိုပြောင်းလဲပေးပြီး ဖုန်းဘယ်ထရီကို အားသွင်းစေမှာပဲဖြစ်ပါတယ်။


SKK
#AyeSay
www.ayesay.com.mm