ကင်ဆာရောဂါကိုနိုင်တဲ့ မုန်လာဥနီဖျော်ရည်


၂၀၁၂ခုနှစ်မှာ Ann Cameron လို့ခေါ်တဲ့စာရေးဆရာမတစ်ယောက်ဟာ  အူမကြီးကင်ဆာ ရောဂါရဲ့
တတိယအဆင့်ကို ရောက်ေ နခဲ့ပါပြီ။ သူမရဲ့ယောကျာ်းဟာလည်း ၂၀၀၅ခုနှစ်တုန်းက အဆုတ်ကင်ဆာနဲ့ ဓာတ်ကုစဉ်မှာပဲ သေဆုံးသွားခဲ့ပါပြီ။သူမယောကျာ်းလိုပဲ  ဓာတ်ကင်ဖို့ကို Cameron က ငြင်းပယ်ခဲ့ပါတယ်။

"၂၀၁၂တုန်းက ကျွန်မ အူမကြီးကင်ဆာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဓာတ်ကင်ဖို့ကို ကျွန်မငြင်းခဲ့ပါတယ်။
ရောဂါဖြစ်နေပေမယ့် နေလို့ကောင်းတယ်လို့ခံစားရပါတယ်။ ဒါပေမယ့် ၆လအကြာမှာတော့ ကင်ဆာဆဲလ်
တွေဟာ အဆုပ်ထိအောင် ပျံနှံ့နေခဲ့ပြီး ကင်ဆာ အ ဆင့်၎ ကို ရောက်ရှိခဲ့ပါတယ်" လို့ Cameron က ပြော
ပါတယ်။

ဒီရောဂါကို ကုသဖို့နည်းလမ်းကို ရှာတဲ့အခါ အရေပြားကင်ဆာကို ကိုယ်တိုင်ကုသနိုင်ခဲ့တဲ့ ၂၆နှစ်အရွယ် Ralph Cole ရဲ့ ကုထုံးကို  သွားတွေ့ပါတယ်။ Ralph Coleရဲ့ ကုသနည်းကတော့ နေ့တိုင်း၂.၅ ကီလိုဂရမ်ရှိတဲ့ မုန်လာဥ
နီတွေကို ဖျော်ရည် ဖျော်သောက်တာပဲဖြစ်ပါတယ်။

Cameron ဟာ ဒီနည်းအတိုင်းစမ်းသပ်ကြည့်တဲ့အခါ ရှစ်ပတ်အကြာမှာ ကင်ဆာဆဲလ်ပျံနှံမှု့ရပ်သွားပါတယ်။ ၄လ အကြာမှာတော့ လူက ပုံမှန်ကျန်းမာလာပေမယ့် ကင်ဆာကတော့ ကျန်ရှိနေပါသေးတယ်။၈လ အကြာ
မှာတော့ ရောဂါစစ်ဆေးချက်အရ ကင်ဆာ မရှိတော့ဘူးဆိုတာကို အံသြစွာနဲ့ တွေ့ရှိခဲ့ရပါတယ်။

ဒီလျို့ဝှက်ချက်အရ မုန်လာဥနီမှာ ကင်ဆာဆဲတွေကို တိုက်ဖျက်ပေးမယ့် fatty alcohol နဲ့ အခြား သဘာဝဓာတ်တွေ အပြင် ကင်ဆာဆဲလ်အသစ်ပွားခြင်းကို ရပ်တန့်ပေးတဲ့ carotene တွေပါရှိကြောင်း
တွေ့ရှိရပါတယ်။

(Cameron ဟာ သူရဲ့အတွေ့အကြုံကိုစာအုပ်အဖြစ်ထုတ်လုပ်ခဲ့ပြီး ၀ယ်ယူချင်ရင်တော့ Amazon Store မှာရရှိနိုင်ပါတယ်)

SKK
#AyeSay
Ayesay.com.mm


 *********************************************************************
ဗဟုသုတ နဲ့ အထူးအဆန်းသုတရသ လိုချင်သူများ သုတဇုန်ကို like
ထားပါဗျို့ :)

‪#‎သုတဇုန်‬
www.facebook.com/thutazone
www.thutazone.blogspot.com