ကားပေါ်မှာပဲ ကလေးမွေးခဲ့သူ


လီဆီယာ ဟာ ဗိုက်နာလာတဲ့အတွက် ခင်ပွန်းဖြစ်သူ ဂျွန် ကို ဆေးရုံဆီ အမြန်ပို့ဆောင်စေပါတယ်။

ဒါပေမယ့် ဆေးရုံ နဲ့ အိမ်နဲ့ အကွာအဝေးက ကားနဲ့ဆိုရင် ၄၅မိနစ်လောက်ကြာပါတယ်။

ဆေးရုံဆီ မောင်းနေတဲ့အချိန်အတွင်းမှာ ပဲ လီဆီယာ ဟာ ကလေးကို အောင်မြင်စွာနဲ့ လွယ်လွယ်ကူကူပဲ မွေးဖွားနိုင်ခဲ့ပါတယ်။





ဆီလီယာက " ကျွန်မအရမ်းကြောက်ခဲ့ရပါတယ်။ ဆေးရုံမှာမွေးချင်ပေမယ့် ဒီလိုအခြေအနေ ဖြစ်လာတော့ ကြားဖူးထားတဲ့ နည်းတွေနဲ့ ကြိုးစားခဲ့တာပါ။ ကြောက်လန့်နေတဲ့အတွက် ကလေးအသက်ရှုလား မရှုလား၊ ဘာတွေလိုအပ်နေလဲ  မသိတော့ပါဘူး" လို့ ဆိုပါတယ်။

" ကျွန်တော်သူ့ကို ကူညီချင်ပေမယ့် သူက ကားကိုသာ ဂရုတစိုက်မောင်းဖို့ပြောတဲ့အတွက် ဘာမှမလုပ်ပေးခဲ့ရပါဘူး " လို့ ခင်ပွန်းဖြစ်သူ ဂျွန်က ဆိုပါတယ်။

အခုမွေးဖွားတဲ့ကလေး ဂျွန်ဆီယာ ဟာ ဂျွန်နဲ့ လီဆီယာတို့ရဲ့ ၃ယောက်မြောက်ကလေး ဖြစ်ပြီး ၁၀ပေါင်ခန့်ရှိပြီး ကျန်းမာတယ်လို့ သိရပါတယ်။









*********************************************************************
ဗဟုသုတ နဲ့ အထူးအဆန်းသုတရသ လိုချင်သူများ သုတဇုန်ကို like
ထားပါဗျို့ :)
‪#‎သုတဇုန်‬
www.facebook.com/thutazone
http://thutazone.blogspot.com