ကြက်ကြော်စွဲစွဲမြဲမြဲစားမိလို့ ရင်သားကြီးလာသူ အမျိုးသား



ကြက်ကြော်ဆိုင်က ကြက်ကြော်တွေကို နှစ်သက်စွာ စွဲမြဲစားသုံးတဲ့ အမျိုးသားတစ်ဦးဟာ အမျိုးသမီးတစ်ဦးလို ရင်သာကြီးထွားလာတဲ့ပြဿနာကို ရင်ဆိုင်နေရပါတယ်။ အကြောင်းကတော့ ကြက်ကြော်ထဲမှာပါဝင်တဲ့
ဟော်မုန်းဓါတ်တွေကြောင့် ဖြစ်ပါတယ်။


မစ္စတာလီလို့ခေါ်တဲ့ အဆိုပါအမျိုးသားဟာ ကြက်တောင်ပံနဲ့ခြေထောက်တွေကို စားသောက်ရတာ နှစ်သက်သူ
ဖြစ်ပါတယ်။ သူ့ရဲ့ရင်သားတွေ တဖြည်းဖြည်းနဲ့ ကြီးထွားလာချိန်မှာ ဆရာဝန်ဆီ သွားပြရာက တဆင့် ကြက်ကြော်ကြောင့်ဖြစ်ရတာလို့ အဖြေရှာတွေ့ခဲ့တာဖြစ်ပါတယ်။ ရင်သားကြီးထွားလာတာရပ်တန့်ပစ်ဖို့
အသီးအရွက်နဲ့ သစ်သီးတွေပိုမိုစားသုံးပေးဖို့ ဆရာဝန်က ညွှန်ကြားခဲ့ရကြောင်း တရုတ်သတင်းစာတစ်စောင်ရဲ့
ဖော်ပြချက်ကို ကိုးကားကာ mirror သတင်းဌာနက ဖော်ပြပါတယ်။

ကြက်ကြော်တွေဟာ ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး အစားအစာ တစ်ခုဖြစ်ပြီး တရုတ်ပြည်မှာလည်း
နေ့စဉ်ရောင်းအားအကောင်းဆုံး အစားအစာဖြစ်ပါတယ်။ ယခင်ကလည်း ကြက်သားတွေနဲ့ အခြားအစား အစာ အချို့ကို စစ်ဆေးခဲ့ရာမှာ ဟော်မုန်းကြီးထွားနိုင်တဲ့ ဓါတ်သတ္တိတွေပါဝင်ကြတာကို တွေ့ထားတဲ့
အဖြစ်တွေ ရှိပါတယ်။

Planet Myanmar
*********************************************************************
ဗဟုသုတ နဲ့ အထူးအဆန်းသုတရသ လိုချင်သူများ သုတဇုန်ကို like
ထားပါဗျို့:)
‪#‎သုတဇုန်‬
www.facebook.com/thutazone
www.thutazone.blogspot.com