တပည်.တွေထဲကပြောကြ
ဆရာ ၊ကျွန်မစာရေးတာနှေးတယ်
ဆရာ ကျွန်တော်စာဖတ်တာ အရမ်းနှေးတယ်
တပည့်များထဲတွင် လေးသူ၊ဖြည်းသူ များရှိပါသည်။
ဖြည်းသူနှေးသူများအတွက်မြန်သူများကိုကြည့်ကာ စိတ်ဓါတ်ကျစရာတွေဖြစ်တတ်သည်။
တကယ်တော့. . . .
ဘ၀သည် မီတာ ၁၀၀ ပြေးပွဲ မဟုတ်ပါ။
ဒီအတွက် သုတ်သီးသုတ်ပြာ( Rush)လုပ်စရာမလိုပါ။
ဘ၀အတွက် မာရသွန်ပြေးပွဲသာဖြစ်သည်။
ရေရှည်ခရီးဖြစ်သည်။
မြန်မြန်သွားနိုင်တာကောင်းပါတယ်။
ခရီးရောက်ပါတယ်။
သို့သော်………………...
လောကမှာ အမြန်မပြေးနိုင်သူအများရှိပါသည်။
မမြန် စိတ်ဓာတ်ကျစရာမလိုပါ။
မှန်ဖို့သာလိုပါသည်။
မိမိဦးတည်သော လားရာ (Direction)မှန်ရပေမည်။
ထိုအခါလိုရာခရီးရောက်မည်သာဖြစ်သည်။
လားရာမှားနေပါက မြန်လေ၊ ပန်းတိုင်နှင့်ဝေးလေ ဖြစ်မည်ကိုသတိပြုပါ။
ဒေါက်တာခင်မောင်ညို