အချစ်စစ် ဆိုတာ


လွန်ခဲ့တဲ့ ၄နှစ်လောက်တုန်းက Turia Pitt ဟာ အလွန်လှပတဲ့ မော်ဒယ် တစ်ယောက်ပေါ့။ ၂၀၁၁ခုနှစ် မာရသွန်ပြိုင်ပွဲမှာ ၀င်ပြေးရင် ကံဆိုးစွာနဲ့ တောမီးလောင်ကျွမ်းမှုကိုခံခဲ့ရပါတယ်။ မီးလောင် ဒါဏ်
ရာ ကလည်း ပြင်းလိုက်တာ သူမတစ်ကိုယ်လုံးရဲ့ ၈၀%လောက်ကိုလောင်သွားစေပါတယ်။ ဒီ မတော်တဆ
ဒါဏ်ရာအတွက် Turia ဟာ ဒီ ၄နှစ် အတွင်းမှာ ခွဲစိတ်မှု အကြိမ် ၂၀၀ လောက်ပြုလုပ်ခဲ့ရပါတယ်။

ရုပ်ပျက်ဆင်းပျက် ဖြစ်သွားတဲ့အပြင် ဘယ်ဘက်လက်ချောင်း ၄ချောင်းနဲ့ ညာဘက်လက်မ တို့ကို ဆုံးရှုံးခဲ့ရပါတယ်။

Turia မှာ ကျောင်းတုန်းတည်းက ချစ်လာခဲ့တဲ့ ချစ်သူ ၁ယောက်ရှိပါတယ်။ သူကတော့ Michael Hoskin
ဆိုတဲ့ ရဲဝန်ထမ်းဟောင်း တစ်ယောက်ပါပဲ။ သူဟာ ဒီ ၄နှစ်အတွင်းမှည Turia ကို အပြည့်အ၀ ဂရုစိုက်ခဲ့တဲ့ အပြင် လွန်ခဲ့တဲ့ ၄နှစ်မတိုင်ခင်တည်းက သူမ အတွက် လက်ထပ်လက်စွပ်ကို ၀ယ်ထားခဲ့ပါတယ်။ Turia သက်သာလာပြီး အားလပ်ရက် ၁ရက် မော်လဒိုက်မှာရှိနေစဉ် Micheal က လက်ထပ်ခွင့်တောင်းခဲ့ပါ
တယ်။ သူမအရမ်း အံသြ၀မ်းသာ သွားရပြီပေါ့။ ဒီလိုရုပ်ပျက်ဆင်းပျက် ခြေမစုံလက်မစုံဘ၀မျိုးမှာ Micheal ရဲ့ဆီက လက်ထပ်ခွင့်တောင်းခံလာလိမ့်မယ်လို့ သူမ လုံးဝမျှော်လင့် မထားလို့ပါပဲ။



"သူ့ဆီက ဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာ ကျွန်မအရမ်းအံသြ၀မ်းသာ ခဲ့ရပါတယ်။ တစ်ကိုယ်လုံးအချစ်တွေ
နဲ့ ဖုံးလွှမ်းပြီး ပျော်ရွှင်ခဲ့ရပါတယ်။ ကျွန်မအတွက် သူဟာ အရမ်းကောင်းမွန်တဲ့ယောကျာ်းတစ်ယောက်ပါ။
သူ့ကိုပိုင်ဆိုင်ရတာ အရမ်းကံကောင်းတာပါပဲ။ ကျွန်မဘေးမှာ သူရှိနေတဲ့နေ့ရက်တိုင်းဟာ အလွန်ပျော်ဖို့
ကောင်းတဲ့နေ့ရက်တွေပါပဲရှင်" လို့ Turia က ဆိုပါတယ်။



ဘယ်လိုအကောင်းအဆိုး နဲ့ ကြုံကြုံ မယိမ်းမယိုင်ပဲ ချစ်သွားနိုင်တဲ့ အချစ်မျိုးကို အချစ်စစ် လို့ခေါ်တယ် မဟုတ်ပါလား ခင်ဗျာ

SKK
#AyeSay
www.ayesay.com.mm