ကမ္ဘာမြေရဲ့အလံ



အမေရိကန်အာကာသယာဉ်မှူး Neil Alden Armstrong ဟာ လပေါ်မှာလမ်းလျှောက်တဲ့အခါဘယ်အလံကို
သယ်ယူခဲ့ပါသလဲ။ သူဟာသူ့နိုင်ငံရဲ့အလံကိုသယ်ခဲ့ပါတယ်။ ဘာကြောင့် ကမ္ဘာမြေကို ကိုယ်စားပြုတဲ့အလံကို မသယ်ဆောင်ခဲ့ပါသလဲ။ အဲ့ဒီအချိန်အတုန်းက ကမ္ဘာကို ကိုယ်စားပြုတဲ့အလံမရှိခဲ့သေးလို့ပါပဲ။|


အခု project အသစ်တစ်ခုကနေ ကမ္ဘာမြေကိုကိုယ်စားပြုတဲ့ အလံဖြစ် ပေါ်လာခဲ့ပါပြီ။ ဆွီဒင် စတော့ဟုမ်းဒီဇိုင်း
ကောလိပ်ကဘွဲ့ရတစ်ယောက်ဖြစ်တဲ့ Oskar Pernefeldt ဟာ ကမ္ဘာတစ်ခုလုံးကိုယ်စားပြု အလံ ဖန်တီးဖို့
အတွက် project တစ်ခုကိုစတင်ခဲ့ပါတယ်။


သူ့ရဲ့အလံမှာတော့ အဖြူရောင် စက်ဝိုင်း (၇) ခုဟာ နောက်ခံအပြာရောင် ပေါ်မှာ ပန်းပွင့်ပုံသဏ္ဍန်အသီးသီး ချိတ်ဆက်နေကြပါတယ်။ Pernefeldt ရဲ့အဆိုအရ အပြာရောင်ဟာ ရေကိုကိုယ်စားပြုပါတယ်။ ရေဟာလူသား
တွေအသက်ရှင်ဖို့ မရှိမဖြစ်အရေးပါပြီး ကမ္ဘာ့နေရာ အများစုဟာလည်း ရေ (သမုဒ္ဒရာ) နဲ့ဖုံးလွှမ်းထားခဲ့ လို့ပါပဲ။ပန်းပွင့်ရဲ့ အပြင်ဘက်စက်ဝိုင်းတွေကတော့ ဂြိုလ်တစ်ခုအသွင်ကမ္ဘာကိုကိုယ်စားပြုပြီး စက်ဝိုင်း
အတွင်းက အပြာရောင်တွေကတော့ စကြ၀ဠာကို ကိုယ်စားပြုပါတယ်။ Pernefeldt ရဲ့ ဒီအလံဟာ အာကာသယာဉ်မှူးတွေရဲ့ဝတ်စုံဖြစ်လာနိုင်သလို အားကစားအစီအစဉ်တွေမှာလည်း အသုံးပြုလာဖွယ်
ရှိပါတယ်။


SKK
‪#‎AyeSay‬
www.ayesay.com.mm