နည်းပညာများတိုးတက်လာပါသည် သို့သော်...


ယနေ့ခေတ်မှာ နည်းပညာရဲ့အခန်းကဏ္ဍဟာ အံ့မခန်းတိုးတက်လာခဲ့ပါပြီ။ ဆက်သွယ်ရေးတိုးတက်မှု
တွေကြောင့် ကမ္ဘာ့နေရာမရွေးကို အချိန်မရွေးဆက်သွယ်လာနိုင်တာကတော့ အံသြ၀မ်းသာဖွယ်ကောင်း
လှပါတယ်။ သို့သော် တစ်ဖက်မှာလည်း ဒီနည်းပညာတွေကြောင့်ပဲ အပြင်ဘက်ဆက်ဆံရေးတွေက

တော့ တဖြည်းဖြည်း သူစိမ်းဆန်လာခဲ့ရပါတယ်။
 
မိသားစုအချင်းချင်း၊ သူငယ်ချင်းအချင်းချင်း ဒါမှမဟုတ်ချစ်သူအချင်းချင်းတွေ့ရင်တောင်မှ အရင်ကလောက်
မရင်းနှီးသလို ခံစားလာခဲ့ရပါပြီ။ တစ်ယောက်စီဟာ စမတ်ဖုန်းတွေပေါ်မှာ အလုပ်ရှုပ်နေတာကြောင့်ပဲ
ဖြစ်ပါတယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်လည်း လူ ၁၀ ယောက်မှာ ၇ ယောက်လောက်က ဖုန်းမျက်နှာပြင်
ပေါ်မှာပဲ အာရုံရောက်နေတာမြင်ကြရမှာပါ။
 
ကျွန်တော်တို့တတွေ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ အလွှာတစ်ခုခြားနေပြီ ဖြစ်ကြောင်း ဒီဇိုင်နာ Shiyang က ဒီပုံတွေနဲ့ သရုပ်ဖော်ပြခဲ့ပါတယ်။

စမတ်ဖုန်းတွေဟာ ကျွန်တော်တို့ဘ၀တွေကို တကယ်ပဲ ဝေးကွာခဲ့စေပြီလား...
Skk
‪#‎AyeSay‬
www.ayesay.com.mm