အမျိုးသားအလုပ်ရှင်ထက် အမျိုးသမီးအလုပ်ရှင်ဦးရေ ပိုများတဲ့ နိုင်ငံဟာ ကမ္ဘာပေါ်မှာ သုံးနိုင်ငံသာ ရှိပါသေးတယ်။ ယောက်ျားမိန်းမ မခွဲခြားပဲ တန်းတူအခွင့်အရေးရဖို့ လှုံ့ဆော်မှုတွေရှိနေသေးပေမယ့် ကမ္ဘာအရပ်ရပ်က လုပ်ငန်းခွင်တွေမှာ အမျိုးသားအများစုက ဦးဆောင်နေဆဲဖြစ်ပါတယ်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့အစည်းရဲ့ အချက်အလက်တွေရ ဂျမေကာနိုင်ငံဟာ အမျိုးသမီး အလုပ်ရှင် အများဆုံးနိုင်ငံဖြစ်ပါတယ်။ အလုပ်ရှင်ဆိုတဲ့နေရာမှာ ပိုင်ရှင်ကိုသာ ဆိုလိုတာမဟုတ်ပဲ လုပ်ငန်း တစ်ခုကို ဦးစီးလုပ်ကိုင်ရတဲ့ သူတွေကို ညွှန်းဆိုတာ ဖြစ်ပါတယ်။ ဂျမေကာလုပ်ငန်းခွင်တွေမှာ အမျိုးသမီး
ခေါင်းဆောင်က ၆၀ ရာခိုင်နှုန်းအထိရှိပါတယ်။ ခေါင်းဆောင် အယောက် ၁၀၀ မှာ အမျိုးသမီး ၆၀ ရှိတဲ့အရေ
အတွက်ဖြစ်ပါတယ်။ ဒါကြောင့် ဂျမေကာလုပ်ငန်းခွင်အများစုက အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကို ခံကြရပါ
တယ်။ ဒီအရေအတွက်ဟာ ကမ္ဘာပေါ်မှာ အများဆုံးပါပဲ။ ဂျမေကာပြီးရင် ကိုလံဘီယာက အမျိုးသမီး
ခေါင်းဆောင်ဦးရေ ၅၃.၁ ရာခိုင်နှုန်းနဲ့ ဒုတိယလိုက်ပါတယ်။ အဲဒီနောက်မှာတော့ စိန့်လူစီယာရှိပါတယ်။
ကမ္ဘာ့နိုင်ငံတွေထဲမှာ လုပ်ငန်းခွင်အမျိုးသမီးခေါင်းဆောင်အရေအတွက် ထက်ဝက်ကျော်ရှိတာ ဒီသုံးနိုင်ငံသာရှိပါတယ်။
လုပ်ငန်းခွင်အမျိုးသမီးခေါင်းဆောင် အနည်းဆုံးနိုင်ငံတွေကတော့ အရှေ့အလယ်ပိုင်းဒေသတွေက ယီမင်၊ ပါကစ္စတန်၊ အယ်လ်ဂျီးရီးယား နဲ့ ဘင်္ဂလားဒေ့ရှ်တို့ ဖြစ်ပါတယ်။