ကံကြမ္မာက မျက်နှာသာပေးသဖြင့် ကျွန်မတို့မှာ သားသုံးယောက်တိတိရရှိခဲ့သည်. . . သူတို့က သူတို့
တစ်ဦးချင်းစီမှာ ပါလာသည့် ထူးခြားသော ဗီဇသဘာဝကိုယ်စီဖြင့် ကျွန်မတို့အတွက် ၀မ်းသာကြည်နူးစရာလေးတွေ ဖန်တီးခဲ့ကြသည်. . .
သည်သုံးယောက်ထဲမှ သားအလတ် ဘီလီကတော့ ထာဝရအကောင်းမြင်သမားလို့ ချစ်စနိုး ခေါ်ဝေါ်ခြင်း ခံရသူဖြစ်သည်. . . သူ့မှာ အဲသည်လို အကောင်းမြင်စိတ်ရှိနေခြင်းက သူ့မွေးရာပါ ပစ္စည်းတစ်ခုပင်ဖြစ်သည်။
.
သူအသက် (၅) နှစ်လောက်တုန်းကလည်း တီဗွီထဲက လူတစ်ယောက် ထိပ်ပြောင်မပြောင် သူ့အစ်ကိုနှင့်
ငြင်းကြသည်. . . . . .သူက
"ထိပ်ပြောင်တာမဟုတ်ဘူး ၊ အစ်ကိုကြည့်နေတဲ့အခါသာ ထိပ်ပြောင်သလိုမြင်ရတာ. . သူ့ဘာသူ ထွက်သွားတဲ့အခါကျတော့ ခေါင်းပေါ်မှာ ဆံပင်တွေအများကြီးပဲ ဟု" ဘီလီက ဆိုလေသည်။
တစ်နေ့မှာတော့ အဲသည်လို အကောင်းမြင်စကားတစ်ခွန်းကို ကျွန်မတို့ ကြားနာခဲ့ကြရပါသည်။
ကျွန်မတို့ရဲ့ တတိယသားလေး တင်နာ သွေးဥတွေ ပျက်စီးသော ရောဂါဖြင့် ဆုံးသွားရှာလေသည်။ တင်နာလေးက အသက်နှစ်နှစ်ပင်မပြည့်သေး၊ လပေါင်း ၂၀ ပဲရှိသေးသည်.တင်နာလေး သဂြိုလ်ပြီး
နောက်တစ်ညမှာ ဘီလီကို သိပ်ရင်း ကျွန်မလှဲနေသည်။ သည်ညမှာတော့ ကျွန်မတို့ ပြောစရာစကား သိပ်မရှိကြပါ။တိတ်ဆိတ်ငြိမ်သက်၍ သာနေကြသည်။
ရုတ်တရက် ဘီလီက စကားစသည် "သားတို့အားလုံးအတွက် စိတ်မကောင်း ပါဘူးမေမေ. . ဒါပေမယ့် တခြားလူတွေအတွက သားပိုပြီး စိတ်မကောင်းဖြစ်မိသလိုပဲ. . "
"ဘယ်ကတခြားလူတွေလဲသား " ဟု ကျွန်မကမေးမိသည်။. .
သူကရှင်းပြသည်။
"တင်နာ့ကို တစ်ခါမှ မတွေ့ဖူးလိုက်ကြတဲ့ လူတွေအတွက်ပါ. . ဘာပဲပြောပြော သားတို့က တင်နာလေးနဲက လပေါင်း ၂၀ လုံးလုံး အတူနေလိုက်ရတာဆိုတော့ အများကြီးကံမကောင်းဘူးလား ၊ မေမေ စဉ်းစားကြည့်လေ. တင်နာ့ကို တစ်ခါမှ မတွေ့ဖူး မမြင်ဖူး ကြားတောင်မကြားဖူးလိုက်တဲ့ လူတွေ ဘယ်လောက်အများကြီးရှိမလဲ ၊ သူတို့ထက်စာရင်တော့ သားတို့က သိပ်ကို ကံကောင်းတာပါ မေမေ" တဲ့
ဖေမြင့် ( Beth Dalton ၏ The Eternal Optimist)