၁၉-၇-၁၉၄၇


ကမ္ဘာ့ရာဇ၀င် မှတ်တမ်းတင်ရသော ဗမာပြည် ခေါင်းဆောင်များ မသမာယုတ်မာသော သူတို့ လက်နက်ဖြင့်သေရခြင်း။
၁၉-၇-၄၇ နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ဗိုလ်ချုပ်၏ခန်းတွင် ၀န်ကြီးများစည်းဝေး နေစဉ် ၊ စပတ်လမ်းမှ အတွင်းဝန်ရုံးသို့ ဂျစ်ကားလေးနှင့် ခြင်္သေ့အမှတ်နံပါတ် ၁၂ တပ်ယူနီ ဖောင်း အပြည့်အစုံဝတ်ဆင်ထားသူ ၄ယောက်ဝင်ရောက်လာကြပြီး ၀န်ကြီးအစည်းအဝေးလုပ် နေသည့်ရုံးခန်းအောက်တွင် ထိုးရပ်၍ တယောက်ကား ၊ ကားထဲတွင် စောင့်နေခဲ့လေ၏။ ကျန်သုံးယောက်တို့သည် စတင်းဂန်းနှင့် တော်မီဂန်းများကို ကိုင်ဆောင်ခါ အိနြေ္ဒရရ လှေခါးမှတက်လာကြပြီး ၀န်ကြီးများ အစည်းအဝေးလုပ်နေသော အခန်းဝသို့ ရောက်သောအ ခါ အစောင့်မင်းစေကလေးက အတွင်း၌ ၀န်ကြီးများအစည်းအဝေးရှိနေသဖြင့် မ၀င်ရန်တား မြစ်လေသည်။ထိုသူငယ်အားတွန်းထိုး၍ တံခါးကို ဖွင့်လိုက်ပြီး သေနတ်များကို ၂ ချက်ဆွဲ လိုက်လေသည်။ ဗိုလ်ချုပ် ၊ သခင်တင်မြ ၊ ဦးဘချို ၊ မန်းဘခိုင် ၊ မစ္စတာရာဇတ် ၊ ဦးဘ၀င်း ၊ မိုင်းပွန်စော်ဘွား ၊ ဦးအုန်းမောင် ၊ အိုင်စီကက်(စ်)တို့မှာ အတုံးအရုံးလဲနေကြလေသည်။
ဆေးရုံသို့ပို့ခြင်း
သူနာပြုကားများဖြင့် အလောင်းများနှင့် လူနာများကို တင်ဆောင်ယူသွားသည်။ ဆေးရုံတွင် မိုင်းပွန်စော်ဘွားမှတပါးအားလုံးသောဝန်ကြီးများမှာ သေနေတော့၏။ စော်ဘွားကြီးမှာ နောက်တရက် ညနေတွင် သေလေသည်။ အတွင်းဝန် ဦးအုန်းမောင်မှာ ပွဲချင်းပြီး သေဆုံးသွားကြောင်း ။
ရန်ကုန်တမြို့လုံး ချောက်ချားခြင်း၊ ဗိုလ်ချုပ်တို့ကို သေနတ်နှင့် ပစ်သည်ဟု ကြားသည် နှင့်တပြိုင်နက် အရောင်းအ၀ယ်များ ရပ်ဆိုင်းသွားတော့၏ ။ရုပ်ရှင်ရုံများ ၊ ဆိုင်များတို့လည်း ပိတ်ထားကြ၏၊ နေ၀င်မီးငြိမ်းအမိန့်ကိုလည်း လောလောဆယ်ထုတ်ထားလိုက်လေသည်။
ဗိုလ်ချုပ်အလောင်းကို မြို့လှည့်ပြခြင်း၊ ၂၀-၇-၄၇ ညနေ ၂ နာရီအချိန် ဗိုလ်ချုပ် အလောင်းကို ကန်တော်ကြီးနေအိမ်မှ ဆူးလေဘုရားလမ်း ၊ ဖရေဇာလမ်း ၊ ဘုရားလမ်း မှ ဂျူဘလီဟော သို့ ယူဆောင်သွားရာ လူထုကြီးမှာ လွန်စွာစည်ကား၏။
 
 
 
အသက်ချမ်းသာရသောဝန်ကြီးများ
၁. ပျော်ဘွယ်ဦးမြ ၊ စိုက်ပျိုးရေးဝန်ကြီး။
၂. ဦးဘဂျမ်း ၊ ပြန်လည်ထူထောင်ရေးဝန်ကြီး။
၃. ဦးအောင်ဇံဝေ ၊ ပေါင်းသင်းဆက်ဆံရေးဝန်ကြီး။

 
 
ရရှိသောဒဏ်ရာ
လူသတ်သမားတို့ လက်ချက်ကြောင့် ကျဆုံးသွားကြသော နိုင်ငံခေါင်းဆောင်ကြီးများ ရရှိသည့် ဒဏ်ရာများမှာ အောက်ပါအတိုင်း ဖြစ်သည်။
၁. ဗိုလ်ချုပ်အောင်ဆန်း ၁၃ ချက်
၂. မန်းဘခိုင် ၁၅ ချက်
၃. ဦးဘ၀င်း ချက်
၎. ဦးရာဇတ် ချက်
၅. ဦးဘချို ချက်
၆. ဦးအုန်းမောင် ချက်
ရ. သခင်မြ ချက်
၈. မိုင်းပွန်စော်ဘွားကြီး ချက်
၉. ကိုထွေး ချက်
 
 
စာရေးဆရာမောင်ကျော်ရင်ရဲ့ ဗိုလ်ချုပ်အောင်ဆန်း၏ နိုင်ငံရေးဂန္တ၀င်စာအုပ်မှ