ရှင်အတူသေမခွဲတဲ့ ဇနီးမောင်နှံ



၇၅ နှစ်ကြာအောင် ပျော်ရွှင်စွာ အတူပေါင်းသင်းနေထိုင်ခဲ့တဲ့ ကာလီဖိုးနီးယား
က သက်တော်ရှည်ဇနီးမောင်နှံဟာ အိပ်ရာပေါ်မှာ အတူလဲလျောင်းပြီး လက်ချင်းကိုင်ထားရင်း နာရီအနည်းငယ်ပဲ ခြားကာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပါတယ်။

ကွယ်လွန်ချိန်မှာ ခင်ပွန်းသည် အလက်ဇန္ဒားတော့ဇကိုက အသက် ၉၅ နှစ်
ဖြစ်ပြီး ဇနီးဖြစ်သူ ဂျန်းနက်တော့ဇ ကိုကတော့ ၉၆ နှစ် ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာ အသက်ရှစ်နှစ်အရွယ်ကတည်းက ချိန်းတွေ့ခဲ့ကြပြီး ချစ်သူရည်းစားအဆင့်ကနေ အိမ်ထောင်သည်ဘ၀ကို ကူးပြောင်းခဲ့ကြတာ
 ဖြစ်ပါတယ်။ အလက်ဇန္ဒားဟာ မကွယ်လွန်ခင်မှာ အမြင့်က ပြုတ်ကျခဲ့တဲ့
ဒဏ်ကြောင့် တင်ပါးရိုးကျိုးသွားခဲ့ပြီး အိပ်ရာပေါ်မှာ လက်ကျန်အချိန် တွေ
ကို ဖြတ်သန်းခဲ့ရပါတယ်။ အလက်ဇန္ဒားက သူ့အိပ်ရာရဲ့ဘေးမှာ ဇနီးဖြစ်
သူရဲ့အိပ်ရာကို ထားပေးဖို့ မိသားစု ၀င်တွေကို တောင်းဆိုခဲ့ပါတယ်။

အလက်ဇန္ဒားရဲ့ကျန်းမာရေးအခြေအနေ ဆိုးရွားလာတဲ့နောက်ပိုင်း ဂျန်းနက်ကလည်း အလားတူအခြေအနေမျိုး ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့်ပဲ မိသားစုဝင်တွေက သူတို့နှစ်ဦးရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ အိပ်ရာပေါ်မှာ အတူတူလဲလျောင်းရင်း လက်ချင်းကိုင်ကာ ဘ၀ကူးချင်တယ်ဆိုတဲ့ ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ အလက်ဇန္ဒားက ဇွန်လ ၁၇ ရက်မှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ဂျန်းနက်ကတော့ နောက်တစ်နေ့မှာ ကွယ်လွန်ခဲ့
တာ ဖြစ်ပါတယ်။ သမီးဖြစ်သူက မိခင်ဖြစ်သူ ဂျန်းနက်ကို ဖခင်ကွယ်လွန်
သွားပြီဆိုတဲ့ အကြောင်း ပြောပြခဲ့ရာမှာ ဂျန်းနက်က “ ရှင် ကျွန်မရဲ့လက်
မောင်းပေါ်မှာ သေချင်တယ်ဆိုတဲ့ ဆန္ဒ ပြည့်သွားခဲ့ပြီနော်။ ရှင့်ကို ကျွန်မ ချစ်တယ်။ ခဏတော့ စောင့်ပါနော်..မကြာခင် ကျွန်မလည်း လိုက်လာခဲ့မှာပါ”  လို့ ပြောကြားခဲ့တယ်လို့လည်း သိရပါတယ်။

Planet Myanmar

 ***********************************************************

ဗဟုသုတ ရစေမယ့် ကျန်းမာရေး၊သုတ၊ရသ အကြောင်းအရာ
အစုံစုံကိုသိရှိစေနိုင်ဖို့ သုတဇုန်ကို Like ထားပါ :)

‪#‎သုတဇုန်‬
www.facebook.com/thutazone