2015 Hain an International Automotive Insustry Exhibition ပြပွဲမှာ တရုတ် မော်တော်ကား
အင်ဂျင်နီယာ ကျောင်းသားဖြစ်တဲ့ Chen Yinxi က သူဖန်တီးခဲ့တဲ့ ကားကို ထုတ်ဖော်ပြသခဲ့ပါတယ်။

Chen Yinxi ဟာ ကားဒီဇိုင်းဖန်တီးရတာကို စိတ်ဝင်စားသူ တစ်ယောက်ဖြစ်ပြီး ဒီကားကို ဖန်တီးခဲ့ရာမှာ ယွန် ၃၀၀၀၀ လောက်ကုန်ကျခဲ့ပါတယ်။ ဒါဟာ သင့်တော်တဲ့ဈေးနှုန်းဖြစ်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဝါသနာအရ ဖန်တီးခဲ့ပေမယ့် သူရဲ့ကားဒီဇိုင်းဟာ တကယ့် profession ကားတွေနဲ့ ယှဉ်လို့ရပါတယ်။ အဆင့်
မြင့်တံခါးတွေနဲ့ ထူးခြားတဲ့ မီးခွက် ဒီဇိုင်းများကြောင့် ကားထုတ်လုပ်သူတွေကိုယ်တိုင် ချီးကျူးခဲ့ရပါတယ်။

ကားဒီဇိုင်းဟာ လူငယ်အကြိုက်ဒီဇိုင်းဖြစ်တဲ့အတွက် အရမ်းလန်းပေမယ့် သူ့မှာအားနည်းချက် အချို့ရှိနေ ပါတယ်။ ဒါကတော့ ၁နာရီ ၆၀ကီလိုမီတာ (၃၇မိုင်) အမြန်နှုန်းထိ ပဲ မောင်းနိုင်ပြီးတော့၊ လမ်းမပေါ်မှာ တရားဝင်မောင်းနှင်ခွင့် မရှိသေးတာတို့ ပဲဖြစ်ပါတယ်။

ကားထုတ်လုပ်သူတွေ စိတ်ဝင်တစား ဆက်သွယ်လာမယ် ဆိုရင်တော့ သူ့ရဲ့ကားပုံစံကို ထုတ်လုပ်ရောင်းချသွား
ဖို့မျှော်လင့်နေကြောင်း သိရပါတယ်။

S@!
#သုတဇုန်
ပိုမိုစုံလင်တဲ့ ဗဟုသုတ နဲ့ အထူးအဆန်းသုတရသ လိုချင်သူများ
www.thutazone.blogspot.com မှာသွားဖတ်နိုင်ပါတယ်