ဆံပင်ကျွတ်ခြင်း လျော့နည်းပြီး ထိပ်ပြောင်ခြင်း ကင်းစေရန်




 ဆံပင်တွေ ကျွတ်လို့ ထိပ်ပြောင်လာမှာ စိုးရိမ်နေပြီလား။ မစိုးရိမ်ပါနဲ့။ ၁၀ ရက်အတွင်း အမျိုးသားတွေ ဆံပင်ကျွတ်တာ၊ ဆံပင်ပါးတာတွေ သိသိသာသာ ထူးခြားလာဖို့ လုပ်ဆောင်နိုင်တာတွေ ရှိနေပါတယ်။


ဆံပင်ကျွတ်စေသော အကြောင်းရင်း
အမျိုးသားတွေမှာ ဆံပင်ကျွတ်စေတဲ့ အကြောင်းတွေက ဗီတာမင်ချို့တဲ့တာကနေ ဟော်မုန်းအပြောင်းအလဲ
ဖြစ်တာတွေအထိ ပါဝင်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ အိပ်ရေးပျက်တာ၊ ဆေးလိပ်သောက် သုံးတာ၊ သိုင်းရွိုက်ဂလင်း ပြဿနာနဲ့ အသက်ကြီးလာတာစတဲ့ အချက်တွေ ဖြစ်နိုင်ပါတယ်။ တချို့ဆံပင်ပြုလုပ်တဲ့ အလှ ကုန်တွေ၊ ဆံပင်ကို နောက်လှန်ဖီးတဲ့အခါ အတင်းဆွဲပြီးတာမျိုးတွေကလည်း အမျိုးသားတွေ ဆံပင်ကျွတ်စေတဲ့ အကြောင်း တစ်ရပ်ပါ။



အိပ်ပျက်များခြင်းနှင့် စိတ်ဖိစီးမှုများခြင်း
အရင်က ဆံပင်မကျွတ်ဖူးဘဲ အခုမှ ဆံပင် စကျွတ်တာဆိုရင် နေထိုင်မှုပုံစံကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ အိပ်ပျက်များတာ၊ စိတ်ဖိစီးမှု များတာတွေက ဆံပင်ကျွတ်စေပါတယ်။ အလုပ်မလုပ်ခင်နဲ့ ညအိပ်ရာဝင်ခါနီးမှာ ၁၀ မိနစ်လောက် တရားထိုင်ပေးတာက အလုပ်လုပ်ရာမှာ စိတ်ဖိစီးမှုကို လျော့နည်းစေပြီး ညဘက်မှာ
နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါတယ်။ အိပ်စက်တဲ့အခန်းက တိတ်ဆိတ် အေးချမ်းပြီး အလင်းရောင် ခပ်မှိန်မှိန်သာ ရှိသင့်ပါတယ်။ အိပ်မပျော်ခင်အချိန်မှာ မျက်လုံးကို စုံမှိတ်ပြီး ဝင်သက်ထွက်သက်လေရှူရှိုက်
မှုကို အာရုံစိုက်ထားသင့်ပါ တယ်။

အာဟာရချို့တဲ့ခြင်း
အိပ်ရေး ဝဝ အိပ်စက်ပေမယ့် ဆံပင်ကျွတ် နေတယ်ဆိုရင်တော့ အစားအသောက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ အမျိုးသားတွေမှာ သံဓာတ်၊ ပရိုတင်း၊ အိုမီဂါ-၃ စတာတွေ ချို့တဲ့ရင်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ အဲ့ဒီအာဟာရ ဓာတ်တွေက ဦးရေပြားမှာရှိတဲ့ ဆံခြည်မျှင်အိတ်တွေကို ကျန်းမာစေလို့ ဆံပင်ကျွတ်တာကို ကာကွယ်နိုင်ပါတယ်။ ဒါ့အပြင် ဆံပင်ပြတ်တာ မဖြစ်စေဘဲ ဆံသား သန်စွမ်းစေပါတယ်။

ဆံသားကျန်းမာစေသော အခြေခံအစာ

- တစ်နေ့ကို သစ်သီး ၂-၄ ကြိမ် စားပေးပါ။

- ပရိုတင်းဓာတ် လုံလောက်စေဖို့ အသား၊ ငါးကို ၂-၃ ကြိမ် စားပေးပါ။

- နို့နဲ့ နို့ထွက်ပစ္စည်း ဒါမှမဟုတ် ပဲအမျိုး မျိုးကို ၄-၅ ကြိမ် စားပါ။

- အိုမီဂါ-၃ ကြွယ်ဝတဲ့ ဥအမျိုးမျိုး၊ အစေ့အဆန်၊ အဆီများတဲ့ငါးတွေ စားပါ။

- နေ့စဉ် အစားအစာတစ်မျိုးတည်း စားတာမျိုး မဟုတ်ဘဲ တစ်နေ့ တစ်မျိုး မတူ အောင်စားပါ။

- လိုအပ်ပါက ဗီတာမင်နဲ့ သတ္တုဓာတ်မျိုး စုံပါတဲ့ အားဆေး ဖြည့်စွက်ပါ။


ဆံပင်အားဖြည့်ပေးသော အစာငါးအမျိုးမျိုး
ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး၊ ရေချို ငါး စတဲ့ငါးတွေကနေ ပရိုတင်း၊ ဗီတာမင် D၊ အိုမီဂါ-၃ တို့ကို ရရှိနိုင်ပါတယ်။ အိုမီ ဂါ-၃ကို ခန္ဓာကိုယ်က မထုတ်လုပ်နိုင်တာကြောင့် ပြင်ပမှ စားသုံးပေးဖို့ လိုအပ်ပါတယ်။ ဆံပင်မှာ အိုမီဂါ-၃ အဆီ ၃ ရာ ခိုင်နှုန်း တွေ့ရပြီး ဦးရေပြား၊ အရေပြား တွေမှာလည်း တွေ့ရပါတယ်။


သီးနှံများ
ထောပတ်သီး၊ ရွှေဖရုံစေ့၊ ဝက်သစ် ချသီးတွေထဲမှာ အိုမီဂါ-၃ အဆီတွေပါ ဝင်လို့ ငါးမကြိုက်တဲ့သူတွေ အနေနဲ့ အဆီဓာတ်ရအောင် စားသင့်ပါတယ်။ အဲ့ဒီ အသီးတွေကနေ ဇင့်ဓာတ်လည်း ရရှိနိုင်တာကြောင့် ဆံပင်ကျွတ်တာ ကို လျော့နည်းစေပါတယ်။



ကမာကောင်
ကမာကောင်မှာ ဇင့်၊ သံဓာတ်၊ ပရို တင်းစတာတွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ကမာကောင် ခြောက်ကောင် စားတာက တစ်နေ့လိုအပ်တဲ့ ဇင့်ပမာဏရဲ့ ၂၂ ရာ ခိုင်နှုန်း၊ တစ်နေ့လိုအပ်တဲ့ ဇင့်ပမာဏရဲ့ ၃၃ ရာခိုင်နှုန်းနဲ့ ပရိုတင်း ၈ ဂရမ် ရရှိပါ တယ်။



ကန်စွန်းဥနှင့် မုန်လာဥ

ကန်စွန်းဥနဲ့ မုန်လာဥတွေမှာ ဗီတာမင် A ပါဝင်ပြီး ဦးရေပြားကျန်းမာရေးအတွက် များစွာ အထောက်အ ကူပြုပါတယ်။ ဗီတာမင် A ချို့တဲ့ပါက ဦးရေပြားမှာ ဗောက်ထတာကို ဖြစ်စေပါတယ်။ ဥအမျိုးမျိုး  ပရိုတင်း၊ ဇင့်၊ ဆီလီနီယမ်၊ ဆာလဖာနဲ့ သံဓာတ်တွေပါဝင်ပါတယ်။ သွေးဆုံးခါနီး အမျိုးသမီးတွေ သံဓာတ်ချို့တဲ့ တာက ဆံပင်ကျွတ်စေတဲ့ အဓိက အကြောင်းရင်းပါ။ အမျိုးသားတွေမှာလည်း ဒီဓာတ်တွေ ပြည့်ဝနေပါက ဆံပင်ကျွတ်တာ လျော့နည်းစေပါတယ်။


အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ
အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်တွေကနေ သံဓာတ်ကို ရရှိနိုင်ပါတယ်။ မကောင်းတဲ့ ကိုလက်စထရော အဆီတွေကို လျော့နည်းစေပြီး ခန္ဓာကိုယ်အလေးချိန် မတက်အောင် ထိန်းပေးပါတယ်။


ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်တာက အမျိုးသားတွေမှာ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်တာကို ဖြစ်စေတယ်လို့ အမေရိကန် ကျန်းမာရေးနဲ့ ဆေးပညာတက္ကသိုလ်မှ လေ့လာတွေ့ရှိခဲ့ပါတယ်။ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတချို့ကလည်း ဆံပင်ကျွတ်တာကို ဘေးထွက်ဆိုးကျိုးအဖြစ် ခံစားရနိုင်ပါတယ်။ အဲ့ဒီလိုဖြစ်ခဲ့ရင် ဆရာဝန်နဲ့ ပြန်လည်ပြောပြ တိုင်ပင်ဖို့ လိုအပ်ပါတယ်။

အလင်း(ဆေးဝါး)

Good Health Journal