မြန်မာနိုင်ငံ၏တစ်ဦးတည်းသော အမျိုးသမီးသံအမတ်(သို့) ဗိုလ်ချုပ်အောင်ဆန်းရဲ့ ပါရမီဖြည့်ဖက်



မျက်မှောက်ခေတ်ကာလအထိ မြန်မာနိုင်ငံ၏တစ်ဦးတည်းသောအမျိုးသမီးသံအမတ်ကြီးအဖြစ်
မော်ကွန်းထိုးခံခဲ့ရသူမှာ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး မဟာ သီရိသုဓမ္မဘွဲ့ခံ ဒေါ်ခင်ကြည်ပင်ဖြစ်သည်။

မြောင်းမြသူ ဒေါ်ခင်ကြည်သည် မော်လမြိုင် ABM ကျောင်း (မော်တင်လိန်းဆရာဖြစ် သင်တန်းကျောင်း) မှ မူလတန်းကျောင်းမှ မူလတန်းဆရာဖြစ်လက်မှတ်ရပြီးနောက် ရန်ကုန်ဒပ်ဖရင်ဆေးရုံ(ယခုအမျိုးသမီး
ဆေးရုံ)၌ သားဖွားဆရာမသင်တန်း၊ ရန်ကုန်ဆေးရုံကြီး၌ သူနာပြုသင်တန်းများတက်ရောက်ခဲ့ပါတယ်။ ဘီဒီအေဆေးရုံတွင် အစ်မဖြစ်သူဒေါ်ခင်ကြီး နှင့်အတူ သူနာပြုလုပ်နေစဉ်မှာပင် ဘီဒီအေစစ်သေ
နာပတိဗိုလ်ချုပ်ဗိုလ်တေဇနှင့်တွေ့ဆုံ မေတ္တာမျှခဲ့ပါတယ်။ သို့ဖြင့် ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်တို့ ၁၉၄၂ စက်တင်ဘာ ၆ ရက်တွင် ဖူးစာဖက်ခဲ့ပါတယ်။

ဒေါ်ခင်ကြည်သည် ဗိုလ်ချုပ် အောင်ဆန်းကိုသာ လက်ထပ်ထိမ်းမြား ခဲ့ရခြင်းမဟုတ်ဘဲ တိုင်းပြည်နှင့် ဗိုလ် ချုပ်၏ ကံကြမ္မာကိုပါ ဝေမျှခံစားခဲ့ရခြင်း ဖြစ်သည်ဟု သမိုင်းဆရာများက မှတ် ချက်ပေးခဲ့ပါတယ်။
ဗိုလ်ချုပ်နှင့် မင်္ဂလာဆောင်မည့် ရက်မတိုင်မီ ညအထိ ဆေးရုံခွဲစိတ်ဆောင်တွင် တာဝန်ယူပေးခဲ့သည့် ဆရာဝန်ကြီးဒေါက် တာဘသန်းကပင်စံနမူနာတင်လောက်တဲ့ သူနာပြုဆရာမကြီးပါပဲ။ လက်မထပ်ခင်
အကြို ညမှာတောင် ခွဲစိတ်ကုသတဲ့ သမားတော်ကိုကူညီပေးခဲ့တယ်ဟု ချီးကျူး အသိအမှတ်ပြုခဲ့ရသည့် လူမှုရေးပါရမီ ရှင်ဖြစ်ခဲ့ပါတယ်။

”စစ်အတွင်း ကာလတစ်လျှောက် လုံးတွင် ဒေါ်ခင်ကြည်သည် ဇနီးမယား တစ်ယောက်၊ အိမ်ထောင်ရှင်မတစ်
ယောက်၊ ထို့အပြင် နှစ်စဉ်နှစ်တိုင်း မိခင်သစ်တစ်ယောက်အဖြစ် နောက်ခံ မြင်ကွင်းတွင်သာ အေးအေးေ
ဆး ဆေး ရှိနေခဲ့ သည်။ သူတို့၏ အိမ်သည် ပျော် စရာအိမ်ဖြစ်ပြီး အောင်ဆန်းအား ကြည့်ရသည်မှာ
ကောင်းကောင်းပြုစုခံထားရပုံပေါ်၏။ လူသားလည်းပိုဆန် လာသည်” ဟု ဒေါ်ခ င်ကြည်၏ မိသား စုစောင့်ရှောက်ပုံကို ဒေါက်တာမောင်မောင်ကသူ၏ ဆောင်းပါးတစ်ပုဒ်တွင် ထည့်ရေးခဲ့ဖူးပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ သား အောင်ဆန်းဦး၊အောင်ဆန်းလင်း နှင့် သမီး အောင်ဆန်းစုကြည်တို့ ထွန်းကားခဲ့ပါတယ်။ အထွေးဆုံးသမီးလေးထပ်ပြီးမွေးဖွားခဲ့ပေမယ့် အဖတ်မတင်ပဲ ၅ရက်အကြာမှာဆုံးပါးခဲ့ပါ
တယ်။ သားလတ်အောင်ဆန်းလင်းမှာလည်းဗဟန်း၊တာဝါလိန်းလမ်းအမှတ်(၂၅) နေအိမ်(ယခုဗိုလ်ချုပ်ပြတိုက်)
ရှိရေကန်တွင်ရေနစ်သေဆုံးသွားခဲ့ရပြန်ပါတယ်။ လင်သေ၊သားဆုံး ဒုက္ခပင်လယ်ဝေခဲ့ရပေမယ့် ဒီဝမ်းနည်းစိတ်
တွေကို မျိုသိပ် ခင်ပွန်းဖြစ်သူချမှတ်ထားခဲ့တဲ့ တိုင်းပြုပြည်ပြုလုပ်ငန်းများကို ကိုယ်စွမ်းရှိ၍ ဆောင်ရွက်ခဲ့သူက
ဒေါ်ခင်ကြည်ရယ်ပါ။


၁၉၄၇ ဩဂုတ် ၂ တွင် ထုတ်ပြန်ခဲ့သော ဒေါ်ခင်ကြည်၏လူထုပန်ကြားလွှာတွင် "ကျမရဲ့ခင်ပွန်းသည်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာတိုင်းပြည်နှင့်လူမျိုးအတွက်ကြိုးပမ်းရင်း လမ်းခုလက်တွင် ကျဆုံးခဲ့ရပါပြီ။ အခု သူကွယ်လွှန်သွားတော့ သူ့ကိုပြုစုရမဲ့အစား သူချခဲ့တဲ့လမ်းစဉ်တွင်ပါဝင်နိုင်တဲ့ဘက်တွင်ပါဝင်ပြီး သူချန်ခဲ့တဲ့ သူသွေး သူ့သား မိမိရဲ့ရင်သွေးကလေးတွေကို အဖေသားပီပီ ခြေရာနင်းနိုင်အောင် ပျိုးထောင်ပေး
တော့ မယ်လို့ ဆုံးဖြတ်ပါတယ်။လူထုကို ကျမပြောလိုတာက တော့မိမိတို့အားကိုး ယုံကြည်လေးစား
သောခေါင်းဆောင်ကြီးကို ရက်စက်စွာလုပ်ကြံမှုကြောင့် ဒေါသထွက်စိတ်ဆိုး၍ စိတ်လိုက်မာန်ပါ လုပ်မှုကိုင် မှုကိုရှောင်ကြဉ်၍ သူချခဲ့သောလမ်းစဉ်အတိုင်း တသေ၀မတိမ်း လိုက်နာကျင့်ဆောင်ကြပါ။
သူပျိုးထောင်ခဲ့သော ဖဆပလအဖွဲ့ကြီးကို ဆထက်တပိုး အားပေးထောက်ခံကြပါ။ သူရည်မှန်းခဲ့သော လွတ်လပ်ရေးကို မရမနေကြိုးမမ်းကြပါ"ဟုတိုင်းပြည်ကို တိုက်တွန်းခဲ့ပါတယ်။ဒေါ်ခင်ကြည်သည် ခင်ပွန်းဖြစ်သူ ဗိုလ်ချုပ်အောင်ဆန်း နှင့် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်တို့ကဲ့သို့ မထင်ရှားသော်လည်း သူ့ခေတ်သူ့အခါ
ကမြန်မာနိုင်ငံ၏သြဇာအကြီးဆုံးအမျိုးသမီးဖြစ်ခဲ့ပါတယ်။ ဖဆပလ၏ တာဝန်ပေးချက်အရ ဗိုလ်ချုပ်
အောင်ဆန်း၏မဲဆန္ဒနယ်တွင် ၁၉၄၇ မှ ၁၉၅၁ အထိ အမျိုးသမီးလွှတ်တော်အမတ်အဖြစ်ရွေးချယ်တင်
မြှောက်ခြင်းခံခဲ့ရပါတယ်။ ၁၉၄၇-၁၉၅၃ တွင် မြန်မာအမျိုးသမီးများအသင်း ညွှန်ကြားရေးဝန် ၊ ၁၉၅၃-၅၈တွင် လူမှုဝန်ထမ်းစီမံကိန်းကော်မရှင် ဥက္ကဌ၊ပြည်ထောင်စုမြန်မာနိုင်ငံ လူမှုဝန်ထမ်းကောင်စီဥက္ကဌ၊ မိခင်နဲ့ ကလေးစောင့်ရရှောက်ရေးဥက္ကဌ၊ ကလေးသူငယ်စောင့်ရှောက်ရေးကောင်စီဥက္ကဌ၊ ကျန်းမာရေးနှင့်ပြည်ရေး
ပြည်ရာအဖွဲ့ဥက္ကဌ၊ ပြည်ထောင်စုမြန် မာနိုင်ငံအမျိုးသမီး အသင်းများကောင်စီဥက္ကဌ၊ ဒီမိုကရေစီသဘောတရား တိုးတက်ပြန်ပွှားရေးအသင်းဥက္ကဌ၊ မြန်မာနိုင်ငံအမျိုးသမီးကင်းထောက်အသင်း၏ ကင်းထောက်ချုပ်၊
မြန်မာနိုင်ငံ သူနာပြုတင် ကားတပ်ဖွဲ့ဝင် အမျိုးသမီးအုပ်ချုပ်ရေးမှူး ရာမာခရစ်ရှ်နာ သာသနာပြု ဆေးရုံနှင့် စာကြည့်တိုက် ဒုဥက္ကဌအဖြစ် ရွေးချယ်တင်မြောက်ခံရပါတယ်။ ဒေါ်ခင်ကြည်သည်မြန်မာနိုင်ငံတွင် သူနာပြုလုပ်ငန်းများကို မွန်မြတ် သောပရဟိတလုပ်ငန်းအဖြစ် အများကစိတ်ဝင်စားစွာ ခံယူလုပ်ဆောင်စေ
ရန်စည်းရုံးခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။
ဂဠန်ဦးစော ကြိုးမိန့်ကျပြီးနောက် ကျဆုံးခဲ့ရသောအာဇာနည်ကိုးဦးအား အသက်လျော်ကြေးပေးရင် ၎င်းပိုင်လက်ဝတ်ရတနာများကိုရောင်းချ၍ ရရှိငွေကိုအညီအမျှခွဲဝေပေးရန် ဇနီးဖြစ်သူဒေါ်သန်းခင်အား
ထောင်တွင်းမှမှာကြားခဲ့ပါတယ်။ ဒေါ်သန်းခင်က ဦးစောဆန္ဒအတိုင်း ပုဂ္ဂိုလ် ၈ ဦးအားလိုက်လံပေးပြီး
နောက် ဒေါ်ခင်ကြည်အား အကျိုးအကြောင်းပြောပြီး အသက်လျော်ကြေးပေးသောအခါ ဒေါ်ခင်ကြည်က
"ရှင့်ယောကျာ်း ကျမယောကျာ်းကိုလုပ်ကြံလို့ ကျမမုဆိုးမဘ၀ရောက်ခဲ့ရပါပြီ။ရှင်လည်း မကြာမီ
မုဆိုးမဖြစ်တော့မှာမို့ မုဆိုးမဘ၀တူချင်းမို့ အဲ့ဒီလျော်ကြေးငွေကို မယူပါရစေနဲ့။ ဦးစောအတွက် ဘ၀ကူးကောင်းအောင် ကုသိုလ်ဒါန တစ်ခုခုပြုလုပ်ပေးပါ" ဟု ပြောကြားခဲ့ကြောင်းသိရပါတယ်။

၁၉၅၉-၆၀ ပြည့်နှစ်များတွင် ဒေါ်ခင်ကြည်သည် ပထမစည်းရုံးရေးတာဝန်များကို ဖိဖိစီးစီးဆောင်ရွက်ပေးခဲ့
ပါတယ်။ သည့်အတွက် ဦးနုဦးဆောင်သော သန့်ရှင်းဖဆပလ တဖြစ်လည်း ပြည်ထောင်စုပါတီဟာ
ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့ပါတယ်။ ဦးနုဦးဆောင်သောအစိုးရအဖွဲ့သည် ဒေါ်ခင်ကြည်အား ၁၉၆၀ ပြည့်နှစ် မေလ ၁၉ တွင် အန္ဒိယဆိုင်ရာ မြန်မာသံအမတ်ကြီး၊ဇွန်လတွင် နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်
ကြီး အဖြစ်ပူးတွဲတာဝန်ပေးခြင်းခံရပါတယ်။ မြန်မာ့အမျိုးသမီးလောကတွင် ယနေ့အချိန်အထိ တစ်ဦးတည်းသော မြန်မာအမျိုးသမီးသံအမတ်ကြီးအဖြစ် မော်ကွန်းတင်ခံသူလည်းဖြစ်ပါတယ်။ ၇ နှစ်
တာမျှတာဝန်ထမ်းဆောင်ပြီး ၁၉၆၇ ဇွန်လ တွင် အငြိမ်းစားယူခဲ့ပါတယ်။အငြိမ်းစားယူပြီးနောက် ၀န်ကြီးလုပ်သက်၊ သံအမတ်ပင်စင်လစာများကိုမယူပဲ အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဇနီးထောက်ပံငွေကိုသာခံ့စားခဲ့ပြီး တက္ကသိုလ်ရိပ်သာလမ်း အိမ်အမှတ်(၅၄-၅၆)နေအိမ်တွင် ရိုးရိုးကုတ်ကုတ်သာနေထိုင်ခဲ့ပါတယ်။

ဤသို့ဒေါ်ခင်ကြည်သည် ပန်းပင်များစိုက်ပျိုးရင်း ဘ၀ကိုအေးချမ်းစွာကုန်ဆုံးနေစဉ်အတွင်း ၁၉၈၇ ၊ ဇန်န၀ါရီလတွင် သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေါက်တာမိုက်ကယ်အဲရစ် (Dr.Michael Aris) တို့မှဖွားမြင်သော မြေးနှစ်ယောက်ဖြစ်တဲ့ မြင့်ဆန်းအောင်(Alexander) ၊ ထိန်လင်း (Kim) တို့ကို ဗုဒ္ဓဘာသာအစဉ်အလာအရ ရှင်ပြုမင်္ဂလာပွဲကို နေအိမ်၌ပြုလုပ်ပေးခဲ့ပြီး သာမဏေနှစ်ပါးကို တာဝါ
လိန်းလမ်း၊ကြက်ယက်ကျောင်း၌ သီတင်းသုံးစေခဲ့ပါတယ်။

၁၉၈၈ မတ်လ ၂၈ တွင် လေဖြတ်ခြင်းဝေဒနာကို ခံစားနေရသော်လည်း ရန်ကုန်တွင်ဖြစ်ပွားနေတဲ့ ဒီမိုကရေစီ
တိုက်ပွဲအဖြစ်အပျက်များကို ကောင်းစွာသိရှိခဲ့ပါတယ်။ စက်မှုကျောင်းသား ကိုဖုန်းမော်သေဆုံးရခြင်းကို ကြားသိရတဲ့အခါ လွန်စွာဝမ်းနည်းခြင်း ဖြစ်ခဲ့ပါတယ်။ဒုတိယအကြိမ်လေဖြတ်ခြင်းဝေဒနာကို
ခံစားရပြီးနောက် ၁၉၈၈ ဒီဇင်ဘာ ၁၂ နံနက် ၇နာရီ ၁၇မိနစ် တွင် တက္ကသိုလ်ရိပ်သာလမ်းနေအိမ်တွင် သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည် လက်ပေါ်မှာပင် ကွယ်လွန်အနိစ္စရောက်ခဲ့ပါတယ်။ ဒေါ်ခင်ကြည်၏ ကြွင်းကျန်သော ရုပ်ကလပ်ကို ရွှေတိဂုံတောင်ဘက်မုခ် ကမ္ဘာ့ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဦးသန့်ဂူဗိမာန်
အနီး၊ သီပေါင်မင်းမိဘုရား စုဖုရားလတ်နှင့် သခင်ကိုယ်တော်မှိုင်းတို့ရဲ့ဂူဗိမာန်တို့အကြား မြေကွက်လပ်မှာ ဂူဗိမာန်ဆောက် သဂြိုဟ်ခဲ့ပါတယ်။(ဒေါ်စုရဲ့ဆန္ဒအရ အုတ်ဂူဒီဇိုင်းပုံစံကို ၅၄၊ တက္ကသိုလ်ရိပ်သာလမ်း အိမ်ရှေ့
ဆင်ဝင်ဒီဇိုင်းပုံစံအတိုင်း ဆောက်လုပ်ခဲ့ပါတယ်)

ဘ၀တစ်လျှောက်လုံး တိုင်းကျိုးပြည်ပြုလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများကို စွမ်းစွမ်းတမန်ဆောင်
ရွက်ခဲ့သည့်ဒေါ်ခင်ကြည်သည်၁၉၅၀ ပြည့်နှစ်တွှင် အမေရိကန်ပြည်ထောင်စုက အပ်နှင်းသော
မြန်မာ့မိခင်ဘွဲ့ (Mother of Burma) ကိုလည်းကောင်း၊ ၁၉၅၁ ခုနှစ်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် အစိုးရကအပ်နှင်းသော မဟာသီရိသုဓမ္မဘွဲ့ကိုလည်းကောင်း၊ ၁၉၅၅ ခုနှစ်တွှင် ယူဂိုစလား
ဗီးယားနိုင်ငံက အပ်နှင်းသော ယူဂိုစလပ်ကြယ်ဘွဲ့တံဆိပ်နှင့် ထိုင်း နိုင်ငံဥသျှောင်အဖွဲ့၏ နိုဘယ်
အော်ဒါဘွဲ့(၀ါ)အမြင့်မြတ်ဆုံးဆုတံဆိပ်ကိုလည်းကောင်းရရှိခဲ့ပါတယ်။

အတော်များများက ဒေါ်ခင်ကြည်ကိုဗိုလ်ချုပ်အောင်ဆန်းရဲ့ဇနီးသည်ကောင်းတစ်ဦးအဖြစ်ပဲသိထားကြပါတယ်။
တကယ်တော့ဒေါ်ခင်ကြည်ဟာ ဗိုလ်ချုပ်ရဲ့ဇနီးကောင်း ပါရမီဖြည့်ဖက် အဖြစ်သာမက တိုင်းကျိုးပြည်ပြုလုပ်
ငန်းများ၊ ပရဟိတလုပ်ငန်းများကို အားကြိုးမာန်တက် အစွမ်းကုန်ဆောင်ရွက်ခဲ့သူ၊ ရိုးသားသူ၊ စိတ်ထားမြင့်မြတ်သူ တစ်ယောက်လည်း ဖြစ်ကြောင်း အားလုံးသိစေရန်စုစည်းတင်ပြလိုက်ရပါတယ်။

Skk
‪#‎AyeSay‬
www.ayesay.com.mm