လူအယောက်၅၀လောက်တက်ရောက်နားထောင်ကြတဲ့ဟောပြောပွဲလေးတခုမှာဖြစ်ပါတယ်။
စင်မြင့်ပေါ်ကဟောပြောသူက.သူ့အင်္ကျီအိပ်ထောင်ထဲက.အမေရိကန်ဒေါ်လာတစ်ရာတန်ငွေစက္ကူအသစ်တ
ရွက်ကိုထောင်ပြရင်း.ဒီပိုက်ဆံကို.ဘယ်သူလိုချင်သလဲ.လိုချင်ရင်လက်ထောင်ပါလို့ပရိသတ်ကိုအော်ပြောလိုက်ပါ
တယ်။တက်ရောက်သူအားလုံးနီးပါးက အလုအယက်လက်ထောင်ပြကြတယ်။
ဟောပြောသူဟာအဲဒီငွေစက္ကူကို.တွန့်ကြေသွားအောင်.လက်ဖဝါးထဲမှာတချက်.နှစ်ချက်ညှစ်လိုက်ပါတယ်။
ပြီးတော့.လိုချင်သူတွေ.လက်ထောင်ပြပါလို့.ထပ်မေးပြန်တယ်။.လူအားလုံးနီးပါး.လက်ထောင်ပြကြပြန်တယ်။
ဒါနဲ့ဟောပြောသူဟာ.ကျေနေတဲ့ငွေစက္ကူကို.စင်မြင့်ရဲ့ကြမ်းပေါ်ပစ်ချလိုက်ပြီ။.သူ့ရှူးဖိန်နဲ့၂ချက်လောက်ပေါက်
လိုက်တယ်။.ပြီးတော့.ထုံးစံအတိုင်း.လိုချင်သူလက်ထောင်ဆိုတော့.လူအားလုံးနီးပါးလက်ထောင်ကြပြန်တယ်။
ဟောပြောသူက.တွန့်ကြနေတဲ့ငွေစက္ကူကို.ကောက်ယူလိုက်ပြီး.ဒီလောက်တွန့်ကြေနေတဲ့ငွေစက္ကူကို.ခင်ဗျား
တို့ဘာကြောင့်လိုချင်နေရတာလဲလို့.ပရိသတ်ကိုမေးလိုက်တယ်။.ရှေ့ဆုံးတန်းမှာထိုင်နေတဲ့လူတယောက်က
"ငွေစက္ကူဟာ.ကြေနေပေမဲ့.ဒေါ်လာတစ်ရာတန်ဖိုးက.လျော့မသွားပါဘူး"လို့အော်ပြောလိုက်ပါတယ်။
ဟောပြောသူက.ခုလိုရှင်းပြပါတယ်။."ခင်ဗျား.ပြောတာမှန်ပါတယ်။ငွေစက္ကူဟာ.ကျေမွသွားပေမဲ့.ဒေါ်လာတစ်
ရာ
တန်ဖိုးက.လျော့ကျမသွားပါဘူး။.ထိုနည်းတူပဲ.ဆင်းရဲဒုက္ခရောက်.လောကရဲ့အထုအထောင်းခံလိုက်ရပေမဲ့-ရိုးသားဖြောင့်မတ်ပြီး.ကြင်နာတတ်တဲ့နှလုံးသားရှိသူ.လူတယောက်ရဲ့တန်ဖိုးဟာလဲ.လျော့ကျမသွားပါဘူး"တဲ့။
ရေးသားသူ.သိန်းဖေ(စင်္ကာပူ)
***************************************************************************
ဗဟုသုတ ရစေမယ့် ကျန်းမာရေး၊သုတ၊ရသ အကြောင်းအရာ
အစုံစုံကိုသိရှိစေနိုင်ဖို့ သုတဇုန်ကို Like ထားပါ :)
#သုတဇုန်
www.facebook.com/thutazone
www.thutazone.blogspot.com