(၁) ကောင်းသောအကျင့်များကို မွေးမြူပါ.။
အောင်မြင်တဲ့ပုဂ္ဂိုလ်နဲ့ မအောင်မြင်တဲ့ပုဂ္ဂိုလ်တို့ရဲ့ ခြားနားချက်ဟာ သူတို့ရဲ့ နေ့စဉ်အမူအကျင့်များပေါ်မှာ ရာခိုင်နှုန်းများများ မူတည်နေပါတယ်.။ အောင်မြင်တဲ့ပုဂ္ဂိုလ်များမှာ ကောင်းမွန်နဲ့အကျင့် အတော်များများရှိပြီး မကောင်းတဲ့အကျင့် အနည်းငယ်သာ ရှိပါတယ်.။
သင့်ရဲ့ မကောင်းတဲ့အကျင့်များဟာ သင့်တိုးတက်အောင်မြင်မှုလမ်းကြောင်းကို ပိတ်ပင်နေပြီဆိုရင် အချိန်မှီဖယ်ရှားသင့်ပါတယ်.။
စာရွက်အလွတ်တစ်ရွက်ကိုယူပါ.။ ကော်လံနှစ်ခုခွဲပြီး အကျင့်ဆိုးနဲ့ အကျင့်ကောင်းလို့ ခေါင်းစဉ်အသီးသီးတပ်ပါ.။ အကျင့်ဆိုးဘက်မှာသင့်မှာအခုရှိနေတဲ့ အကျင့်ဆိုးတွေအကုန် ချရေးပါ.။ အကျင့်ကောင်းဘက်မှာတော့ အကျင့်ဆိုးတွေကို ဘယ်လိုပြင်ဆင်မလဲဆိုတဲ့အချက်တွေချရေးပါ.။ ပြီးရင် ရက် (၃၀) ကြာတဲ့အထိ အကျင့်ကောင်းတွေအတိုင်း လိုက်နာကြည့်ပါ.။ သင့်ကိုယ်သင် အံသြလောက်အောင် သင်ဟာတိုးတက်လာတာ တွေ့ရပါလိမ့်မယ်.။
(၂) Goals များဖန်တီးပါ.။
အောင်မြင်တဲ့ပုဂ္ဂိုလ်များဟာ မနက်ဖြန်အတွက် လုပ်ရမယ့် Goal တွေကို ဒီညမှာ ချရေးတတ်သူများဖြစ်ပါတယ်.။ သူတို့မှာ နေ့စဉ်၊ အပတ်စဉ်လစဉ်၊ နှစ်စဉ် အစရှိတဲ့ Goals တွေထားရှိထားတတ်ပါတယ်.။ ဒါပေမယ့် Goals တွေ သတ်မှတ်ပြီးရင် ရအောင်လုပ်ဖို့လဲ လိုပါတယ်.။
အောင်မြင်သူတွေဟာ Goals သတ်မှတ်ရုံသာမက အဲဒီ Goals တွေကိုပြီးမြောက်ဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းတွေကိုပါ သိရှိသူတွေဖြစ်ပါတယ်.။
(၃) တိုးတက်မှုလမ်းစကို နေ့စဉ်ရှာဖွေပါ.။
အောင်မြင်သူတွေဟာ သူတို့ကိုယ်သူတို့ နေ့စဉ်တိုးတက်နေအောင် လုပ်ဆောင်တတ်ကြပါတယ်.။ သူတို့ နေ့စဉ်စာဖတ်ကြပါတယ်.။
သူတို့ရဲ့ နယ်ပယ်ထဲက ကျွမ်းကျင်သူတွေထံမှ နေ့စဉ်သင်ယူပါတယ်.။ သူတို့ရဲ့ ပန်းတိုင်တွေဆီက သွေဖယ်စေမယ့် အလုပ်မျိုးကိုမလုပ်ကြပါဘူး.။ သင့်ရဲ့ ဗဟုသုတကြွယ်ဝမှုကို နေ့စဉ်တိုးတက်စေဖို့ ကြိုးစားပါ.။ လွယ်ကူတဲ့အလုပ်မဟုတ်ပေမယ့် သင့်အတွက်အခွင့်အရေးတွေ ရယူနိုင်လာပါလိမ့်မယ်.။
(၄) ကျန်းမာရေးကို ဂရုစိုက်ပါ.။
အောင်မြင်သူများဟာ နေ့စဉ်လေ့ကျင့်ခန်းလုပ်ကြပါတယ်.။ အစားအစာ စားရာမှာလဲ မှန်ကန်တဲ့အစားအစာတွေကို ရွေးချယ်စားသုံးတတ်ပါတယ်.။ လေ့ကျင့်ခန်းလုပ်ခြင်းဟာ နေ့စဉ်လုပ်ရမယ့် အလုပ်တွေအတွက် Energy ဖြစ်စေပါတယ်.။
(၅) လူမှုဆက်ဆံရေးအတွက် အချိန်ပေးပါ.။
အောင်မြင်သူတွေဟာ လူမှုဆက်ဆံရေးမှာ တော်တဲ့သူတွေလဲဖြစ်ပါတယ်.။ သူတို့ဟာ အခြားသူတွေနဲ့ စကားပြောဖို့၊ သူငယ်ချင်းလုပ်ဖို့အချိန်ပေးနိုင်သူတွေဖြစ်ပါတယ်.။ ကမ္ဘာပေါ်မှာ အချိုမြိန်ဆုံးစကားလုံးဟာ သင့်နာမည်ဖြစ်ပါသတဲ့.။ လူတစ်ဦးတစ်ယောက်က ကိုယ့်နာမည်ကိုမှတ်မိနေတာကို မနှစ်သက်သူမရှိပါဘူး.။ ဒါကြောင့် နာမည်တွေကို မှတ်မိနေဖို့ နည်းလမ်းရှာပါ.။ စာအုပ်တစ်အုပ်မှာ နာမည်တွေကို ချရေးထားပြီး မှတ်ထားပါ.။ တစ်ဦးတစ်ယောက်နဲ့တွေ့တဲ့အခါ သူ့နာမည်ကို ခေါ်ပြီး နှုတ်ဆက်နိုင်ဖို့ ကြိုးစားပါ.။
(၆) Balance ကိုထိန်းဖို့ကြိုးစားပါ.။
အလုပ်လုပ်ခြင်း၊ အစာစားခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အိပ်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ တီဗွီကြည့်ခြင်း၊ အင်တာနက်သုံးခြင်းအစရှိသဖြင့် သင့်ရဲ့နေ့စဉ် လှုပ်ရှားမှုတွေမှာ Balance ကိုထိန်းဖို့ ကြိုးစားပေးပါ.။
(၇) ပြီးအောင်လုပ်ပါ.။
ဒီနေ့လုပ်နိုင်တဲ့အရာကို မနက်ဖြန်မရွှေ့ပါနဲ့.။ ပြီးအောင်လုပ်ပါ.။ လူတိုင်းမှာ အကြောက်တရားရှိပါတယ်.။ ဒါပေမယ့် အောင်မြင်သူများကတော့ကိုယ့်ကိုကိုယ် Push လုပ်ပြီး ကျော်လွှားနိုင်ကြပါတယ်.။ အရေးကြီးတဲ့အလုပ်တွေကို ပြီးအောင်လုပ်နိုင်ကြပါတယ်.။
(၈) အကောင်းမြင်ပါ.။
သင်သိတဲ့ အောင်မြင်သူတစ်ယောက်အကြောင်း စဉ်းစားကြည့်ပါ.။ သူဟာ အကောင်းမြင်သူတစ်ယောက်ဖြစ်ကြောင်း တွေ့ရပါလိမ့်မယ်.။
အောင်မြင်သူများဟာ သူများတွေကိုရော ကိုကိုယ်တိုင်ကိုပါ ကောင်းတဲ့အချက်များကို ရွေးမြင်သူတွေဖြစ်တတ်ကြပါတယ်.။ အဲဒီလိုလူမျိုးတွေအတွက် ပြဿနာတွေဆိုတာ မဖြေရှင်းရသေးတဲ့ အခွင့်အလမ်းတွေလို့ မြင်ပါတယ်.။ လူတွေဟာ နေ့စဉ် သတင်းဆိုးတွေကိုပဲ ကြားနေရတတ်ပါတယ်.။ အောင်မြင်သူတွေကတော့ အဲဒီလိုသတင်းမျိုးတွေကို ခေါင်းထဲကိုအရောက်မခံဘဲ Positive ဖြစ်တဲ့အတွေးအခေါ်တွေကိုပဲရယူတတ်ကြပါတယ်.။
(၉) ပုံမှန်ပိုက်ဆံစုပါ.။
လေ့လာမှုအရ အောင်မြင်တဲ့ပုဂ္ဂိုလ်များဟာ သူတို့ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းကို စုဆောင်းတတ်ကြပါသတဲ့.။ လူတိုင်းလူတိုင်းတော့ မလုပ်နိုင်ပါဘူး.။ သင်ရော ဘယ်လောက် ရာခိုင်နှုန်း စုဖြစ်ပါသလဲ.။
(၁၀) ကန့်သတ်ချက်များကို ဖယ်ရှားပါ.။
အောင်မြင်သူများဟာ ကိုယ့်ရဲ့ စိတ်ခံစားမှုနဲ့ အတွေးအခေါ်များကို ထိန်းချုပ်နိုင်ပါတယ်.။ မကောင်းတဲ့အတွေးတွေ ဝင်လာရင် ဖယ်ရှားနိုင်တယ်.။ အလုပ်မပြီးမြောက်စေမယ့် ကိစ္စတွေကို ငြင်းပယ်နိုင်တယ်.။ အောင်မြင်မှုရဖို့လမ်းကြောင်းမှာ ကန့်သတ်ချက်တွေကို ဖယ်ရှားနိုင်ကြပါတယ်.။
(၁၁) အဓိပ္ပာယ်ရှိရှိနေထိုင်ပါ.။
ချမ်းသာတဲ့ပုဂ္ဂိုလ်များဟာ မဖြုန်းပါဘူး.။ အချို့သူများဟာ သူတို့ရတာထက် ပိုသုံးတဲ့အတွက် ချမ်းသာသူတွေ ဘယ်တော့မှ ဖြစ်မလာနိုင်ပါဘူး.။ အဓိပ္ပာယ်ရှိရှိနေထိုင်ပြီး ကိုယ်သုံးလိုက်တဲ့အချိန်၊ ပိုက်ဆံ၊ စွမ်းအင်များဟာ တန်ဖိုးရှိပါစေ.။
(၁၂) နေ့စဉ်စာဖတ်ပါ.။
အောင်မြင်သူအများစုဟာ နေ့စဉ် နာရီဝက်နဲ့အထက် စာဖတ်ပါတယ်.။ စာဖတ်ခြင်းဟာ ဗဟုသုတကို တိုးတက်စေရုံသာမက အတွေးအခေါ်ပိုင်းကိုလဲ အထောက်အကူပြုပါတယ်.။ စာဖတ်ခြင်းဖြင့် ကိုယ့်ကိုယ်ကိုယ် မြှင့်တင်နိုင်သလို အောင်မြင်မှုရဖို့ နည်းလမ်းများလဲ ပွင့်လာစေမှာဖြစ်ပါတယ်.။
(၁၃) TV ကြည့်ချိန်ကို ထိန်းချုပ်ပါ.။
အောင်မြင်သူများဟာ နေ့စဉ် TV ကြည့်ချိန် တစ်နာရီအောက်သာ ရှိပါတယ်.။ သင်ဟာ အောင်မြင်မှုရဖို့ အလုပ်လုပ်ရမယ့်အချိန်အတော်များများ TV ရှေ့မှာ ကုန်ခဲ့ပြီးပြီဆိုတာ သင့်ကိုယ်သင် သတိထားမိပါရဲ့လား.။
(၁၄) လိုအပ်သည်ထက် ပိုအလုပ်လုပ်ပါ.။
မကပ်သတ်ပါနဲ့လို့ ဆိုလိုတာပါ.။ ဒီအလုပ်ဟာ ကိုယ်လုပ်ရမယ့်အလုပ်မဟုတ်ဘူးဆိုရင်တောင် ကူညီလုပ်ကိုင်ပေးပါ.။ စေတနာ့ဝန်ထမ်းလုပ်ပေးပါ.။ အောင်မြင်သူတွေဟာ နေ့စဉ် အလုပ်အရမ်းလုပ်ကြပါတယ်.။ တွေ့သမျှအလုပ်အားလုံး အမြင်မတော်တာအားလုံး သိမ်းကျုံးလုပ်ကြတာပါ.။ စေတနာထားပြီးလုပ်ပါ.။
(၁၅) နည်းနည်းပြော၊ များများနားထောင်ပါ.။
နားထောင်ခြင်းဟာ သင်ယူခြင်းဖြစ်ပါတယ်.။ ဒါကြောင့် လူတွေမှာ နားရွက်နှစ်ဖက်ရှိနေပြီး ပါးစပ်ကတော့ တစ်ပေါက်ထဲရှိတာ ဖြစ်ပါတယ်.။ သူများပြောတာတွေကို များများနားထောင်ခြင်းဖြင့် သင့်ကိုတိုးတက်စေရုံသာမက သူများတွေကိုလဲ ကူညီနိုင်စွမ်းရှိလာမှာဖြစ်ပါတယ်.။
(၁၆) လက်မလျှော့ပါနဲ့.။
အခက်အခဲတွေကြုံလာတဲ့အခါ လက်မလျှော့ပါနဲ့.။ အောင်မြင်တဲ့သူတွေဟာ လက်မလျှော့တတ်ကြပါဘူး.။ မဖြစ်ဖြစ်အောင်လုပ်တတ်ကြပါတယ်.။ သူတို့ဟာ လမ်းကြောင်းပြောင်းရင်ပြောင်းသွားလိမ့်မယ်၊ ဒါပေမယ့် ရှေ့ကိုတော့ ဆက်သွားနေကြဆဲပါပဲ.။
(၁၇) အောင်မြင်လိုစိတ်ရှိသူများနှင့် အချိန်ဖြုန်းပါ.။
စကားပုံတစ်ခုရှိပါတယ်.။ "သင့်မိတ်ဆွေတွေကို ပြပါ.။ သင်ဘယ်သူလဲဆိုတာ ပြောပြနိုင်ပါတယ်" အဲဒီစကားဟာ အမှန်ပါပဲ.။ လူတွေဟာမိမိပတ်ဝန်းကျင်မှာရှိတဲ့ သူတွေရဲ့ ပုံစံအတိုင်း အောင်မြင်တတ်ကြပါတယ်.။ ဒါကြောင့် အောင်မြင်သူများ၊ အောင်မြင်ချင်သူများနဲ့ အချိန်ဖြုန်းခြင်းဖြင့် သင်ပါ အောင်မြင်မှုလမ်းစပေါ်ရောက်လာပါလိမ့်မယ်.။
(၁၈) သင့်ကိုဦးဆောင်ပေးမည့်သူ ရှာပါ.။
ကိုယ့်ကို နည်းလမ်းပြသပေးမည့်သူ၊ ဦးဆောင်မည့်သူ၊ Mentor လုပ်ပေးမည့်သူတစ်ဦးရှာပါ.။ သူ့ရဲ့ အကြံဥာဏ်များအတိုင်း လိုက်နာပါ.။
(၁၉) ဘာကြောင့် ဆိုတာကိုသိပါ.။
တစ်ခုခုကို လုပ်သာလုပ်နေရတယ် ဘာကြောင့်လုပ်နေတာလဲဆိုတာ မသိရင် မအောင်မြင်နိုင်ပါဘူး.။ ဘာကိုပဲလုပ်လုပ် လုပ်ရတဲ့အကြောင်းရင်းကို သိပါစေ.။
(၂၀) အကြောက်တရားကို လွှမ်းမိုးခွင့်မပေးပါနဲ့.။
လူတိုင်းကြောက်တတ်ပါတယ်.။ အောင်မြင်သူတွေကတော့ အကြောက်တရားက သူတို့ကို ဆုံးဖြတ်တာမျိုးကို ခွင့်မပြုတတ်ပါဘူး.။
(၂၁) ကျွမ်းကျင်မှုတွေကို မြှင့်တင်ပါ.။
သင်ဟာ အောင်မြင်သူဖြစ်ဖို့ နည်းလမ်းတစ်ခုပဲရှိပါတယ်.။ ယနေ့သင်လုပ်နေတဲ့အလုပ်ကို ကျွမ်းကျင်သထက်ကျွမ်းကျင်အောင် လုပ်ပါ.။ သင့်ရဲ့ ဈေးကွက်အတွင်းမှာ နောက်တစ်လအတွင်း သင့်ကို အလားအလာရှိသူတစ်ယောက် ဖြစ်လာစေဖို့ သင်ဘာတွေလုပ်ရမလဲ စဉ်းစားပါ။ အဲဒီအပေါ်မှာ Focus လုပ်ပါ.။ မအောင်မြင်မချင်း မရပ်ပါနဲ့.။
www.myanmarleaders.com