ဗိုလ်ချုပ်ဖြစ်စေချင်တဲ့ မြန်မာ့ပညာရေး



လက်ရှိမြန်မာနိုင်ငံရဲ့ ပညာရေးစနစ်နဲ့ ပတ်သက်လို့ ပြုပြင်ပြောင်းလဲစရာတွေ အများကြီးရှိနေတာ ကြောင့် နိုင်ငံတကာနဲ့ယှဉ်ပြီး ပြုပြင်တာတွေ၊ ပြောင်းလဲနေတာတွေကို သတင်းတွေမှာ အဆက်မပြတ် ဖတ်နေရပါတယ်။ သိကြတဲ့အတိုင်းပဲ မြန်မာ့ပညာရေးဟာ ဗြိတိသျှကိုလိုနီလက်အောက်မှာ အုပ်ချုပ် သူတွေအတွက်သာ အကျိုးပြုမယ့်စနစ်တွေကို အကောင်အထည်ဖော်ခဲ့ရပြီး အမျိုးသားကျောင်းတွေ ပေါ်လာမှာသာ မြန်မာစာရ့အခန်းကဏ္ဍဟာ မြင့်မားလာခဲ့ရတယ်။

ကိုလိုနီပညာရေးကိုလည်း အဲဒီ လွတ်လပ်ရေးကြိုးပမ်းမှု ကာလများအတွင်းမှာ ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့အတူ လှုပ်ရှားခဲ့ကြတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့ တက္ကသိုလ်ရောက်လာတော့ ကိုလိုနီပညာရေးစနစ်ကို ဆန့်ကျင်တဲ့ လှုပ်ရှားမှု တွေ ပိုပြီးအရှိန်ကောင်းလာပါတယ်။
မြန်မာ့လွတ်လပ်ရေးကို အသက်စွန့်ပြီး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ အနာ ဂတ်မြန်မာ့ပညာရေးအတွက်လည်း ကြိုတင်စဉ်းစားခဲ့သူဖြစ်ပါတယ်။ ဗိုလ်ချုပ်က စာတအားဖတ်တယ်။ ဒီတော့ နိုင်ငံတကာရေးရာတွေကို သူများထက်ပိုသိတယ်။ တိုးတက်နေတဲ့ နိုင်ငံကြီးတွေကပညာရေး စနစ်ကို လေ့လာသိရှိတယ်။ ဒါပေမဲ့ မြန်မာပြည်မှာဖြစ်နေတာက ကိုလိုနီကျွန်ပညာရေး၊ ဒါကိုဗိုလ်ချုပ် ကပြုပြင်ပြောင်းလဲချင်နေတယ်။ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံရဲ့ ပညာရေးစနစ်ကိုလည်း ကြိုတင်ပြင် ဆင်စဉ်းစားခဲ့မှာ ဖြစ်ပါတယ်။ ပညာရေးနဲ့ပတ်သက်လို့ အဲဒီအချိန်က ဗိုလ်ချုပ်ကြံစည်စဉ်းစားထားတာ ကဒီလိုပါ။

“ . . . . ပညာရေးကို ကြည့်မယ်ဆိုရင် ပညာရေးမှာကျွန်တော်တို့ ဗမာပြည်ဟာ အရင်စစ်မဖြစ်ခင်က ထက် အောက်ကျနောက်ကျ ဖြစ်နေတယ်။ အင်မတန်အောက်ကျနောက်ကျဖြစ်နေတယ်။ အင်မတန် အောက်ကျနောက်ကျဖြစ်နေတော့ အခမဲ့မူလတန်းပညာ မသင်မနေရဥပဒေလုပ်ပေးပါလို့
 ပြောတယ်။ ဥပဒေလုပ်ပေမယ့် ဘယ်လောက်ကြိုးစားမှ ဘယ်လောက်ကြာမှ အဲဒီလိုအခမဲ့မူလတန်း မသင်မနေရ ပညာဆိုတာဟာ ဗမာတစ်ပြည်လုံးရဲ့ ရွာတိုင်းမြို့တိုင်းမှာဖြစ်မလဲဆိုရင် အနှစ်နှစ်ဆယ်လောက်ကြာမှ ဖြစ်မယ်။ အခုရှိတဲ့ဆရာတွေက အင်မတန်နည်းနေတယ်။ ဒီဆရာတွေကို သင်ရမယ့်ကောလိပ် ကျောင်းတွေ၊ နော်မံကျောင်းတွေ၊ တိုင်းပြည်တစ်ပြည်လုံးမှာ ဒီကျောင်းတွေ၊ အဆောက်အအုံတွေရှိရ မယ်။ ဒီကျောင်းတွေမှာ သုံးရမယ့်ကိရိယာတန်ဆာပလာပစ္စည်းတွေ၊ ခဲတံ၊ စာအုပ်၊ ကျောက်သင်ပုန်း စုံစုံလင်လင်ရှိရမယ်။ အဲဒီအတွက် အဲဒါတွေအတွက် ဘယ်လောက်ကုန်မလဲဆိုရင် ကုဋေပေါင်းအများ ကြီးချီပြီးကုန်မယ်။ အဲဒါအနှစ်နှစ်ဆယ်လောက ကျုံးလုပ်ပါမှ ဗမာပြည်တစ်ပြည်လုံး အခမဲ့မူလတန်း ပညာမသင်မနေရဆိုတာ ရွာတိုင်းမြို့တိုင်းမှာ ဖြစ်နိုင်မယ်”
ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိ တစ်နေရာတွင် ပညာသင်ကြားခြင်းနှင့် ကိုယ်လက် လှုပ်ရှားအားကစား အတူယှဉ်တွဲရှိရန် လိုအပ်ကြောင်းဒီလိုမှတ်တမ်းတင်ခဲ့ပါတယ်။

“. . . .မြန်မာစာသင်ဘုန်းကြီးကျောင်းနေရစဉ်က ကျွန်တော်အထူးမပျော်ပိုက်သည့် အချက်တစ်ချက်ရှိ လေသည်။ ထိုအချက်မှာ ကစားခုန်စားခြင်း၊ ကလေးဘဝသစ်ပင်တက် ရေးကူးအလုပ်မျိုးကို ပိတ်ပင် ခြင်းဖြစ်လေသည်။ ဤအချက်တွင် ကျွန်တော်တို့ မိဘများသည်လည်း တစ်သဘောတည်းလောက်ရှိ သည်။ ကျွန်တော်တို့မှ သစ်ပင်တက်ခြင်း၊ ရေကူးခြင်းစသော ကိုယ်လက်ကျန်းမာကျင်လည်မှုတွေကို
 လေ့လာခွင့်မရ။ သစ်ပင်တက်သည်ကိုမြင်ရလျှင် အဆိုအမြည်ခံရသည်။ ရေကူးသည်ကိုသိလျှင် အ ရိုက်ခံရသည်။ ထို့ကြောင့် ယနေ့အထိကျွန်တော့်မှာ ဉာဏ်ပညာဘက်မှ အခွင့်အလမ်းရခဲ့၍ ပေါက်
 မြောက်ခဲ့သလောက် ကိုယ်လက်ကျန်းမာကျင်လည်ရေးတွင် အခွင့်အလမ်းမရခဲ့၍ များစွာချို့ယွင်းနေ ပေသည်။

 ရေနံချောင်းအမျိုးသားကျောင်းနေစဉ်ကလည်း အခွင့်အလမ်းမရခဲ့။ အမျိုးသားကျောင်းဖြစ် သည့်အတိုင်း ဆင်းရဲသဖြင့် ကစားခုန်စားလေ့ကျင့်ရာနေရာ၊ ကိရိယာတန်ဆာပလာများ မထားနိုင်၍ ပင်ဖြစ်သည်။
ယနေ့ခေတ်အထိပင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူအတော်များများဟာ “ပညာ” နဲ့ “သညာ” ကိုခွဲခွဲခြားခြား မသိကြသေးဘူးလို့ထင်ပါတယ်။ “ဘွဲ့ရပညာတတ်” စကားအသုံး အနှုန်းက ဒီအချက်ကိုပေါ်လွင်စေပါတယ်။ သညာ-ဆိုတာ မှတ်သားမိခြင်းဖြစ်ပြီး ပညာ-ကတော့ ဆင် ခြင်သုံးသပ်
တတ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီအချက်ကိုလည်း ဗိုလ်ချုပ်က သူ့ရဲ့ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတစ် နေရာမှာ သူ့အမြင်၊ သူ့အယူအဆကို ဒီလိုရေးသားဖော်ပြခဲ့တာတွေ့ရပါတယ်။

“ပညာဆိုသည်မှာ စာအုပ်စာတမ်းဖတ်၍ စာသိမှုကို ပညာဟုမဆိုနိုင်ပေ။ ပညာသည်အတိုင်းအဆမ ထင် အလွန်ကျယ်ပြောနက်နဲလှပေသည်။ ကမ္ဘာရှိစာအုပ်အားလုံးပင်လျှင် ပညာအားလုံးကို လောက ပြင်
ကျယ်တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်တို့သည် ပုခက်တွင်းထဲမှသည် မြေကြီးထဲသို့ ရောက် သည်အထိ ပညာသင်သားများ ဖြစ်နေကြပေသည်။ ထို့ကြောင့် ပညာသင်ကြားမှုသည် အမှန်စင်စစ် အားဖြင့် သူ၏တစ်သက်ပန်တွင် ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။

 ပညာတတ်သူသည်လောကရှိအရာရာ ကို အခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဉာဏ်ပညာကိုလည်းကောင်း၊ မိမိဉာဏ်အမြင် အရ စိတ်နေစိတ်ထား စိတ်ဓာတ်တို့ကိုလည်းကောင်း (Emotion of the education) ပြုပြင်ပြုစုစီမံ ထားခဲ့သူသာလျှင် ဖြစ်သည်။ ဘီ-အေပင် အောင်စေကာမူ၊ ပါရဂူဘွဲ့ကြီးပင်
ရစေကာမူ၊ ပထမကျော် ကြီးပင်ဖြစ်စေကာမူ ပညာဆိုသော သဘာဝအဓိပ္ပာယ်ကို ကောင်းစွာသုံးသပ်နား
လည်ခြင်းမရှိခဲ့သော် တကယ်အရာမရောက် အသုံးမဝင်နိုင်ပေ။ ပညာသည် စာအုပ်ထဲ၌သာရှိသည်မဟုတ်။ စာအုပ်များ အားကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်ရွက်ရပေမည်။

“ပညာသည်လူ၏ ဉာဏ်ကိုသာပြုပြင်တိုးချဲ့ရုံသာမဟုတ်၊ လူ၏စိတ်နေစိတ်ထား အယူအဆများကို လည်းတိုးတက်စေရမည်။ လူ၏ဆန္ဒအား လုပ်အားကိုနူးညွတ်စေရမည်။ ရာဇဝင်သိရုံသာမဟုတ်၊ ရာဇ ဝင်ကိုဖန်တီးနိုင်ရမည်။ လောကဓာတ်ပညာကို သိရုံသာမဟုတ်။ လောကဓာတ်ပညာကို တိုးချဲ့နိုင်စေ ရမည်။ ပညာကိုသရုံသာမဟုတ်။ ရေသစ်၊ မြေသစ်၊ တောတောင်တို့ကို ရှာဖွေစုံစမ်းနိုင်စွမ်းရှိရမည်။ လောက
အကြောင်းကို နားလည်စေရုံသာမဟုတ်၊ သည့်ထက်ကောင်းသော လောကကိုဖန်ဆင်းနိုင်စေ ရမည်။ ဤကားပညာ၏ သရုပ်အကျဉ်းပေတည်း”

ပညာတတ်အများအပြားရှိတဲ့ နိုင်ငံဟာတိုးတက်ဖွံ့ဖြိုးမှု မြန်ဆန်တယ်ဆိုတဲ့စကား ဒီနေ့ကမ္ဘာမှာတွင် ကျယ်နေပါတယ်။ အရင်အစိုးရတွေ လက်ထက်ကဒီစကားကို အကောင်အထည်ဖော်ခဲ့တာတွေ့ရ တယ်။ အရေအတွက်သာများပြီး အရည်အချင်းက စံမမီဖြစ်နေတာကြောင့် လူများပြီးပွဲမစည်ဖြစ်ခဲ့ရ တာလည်း အားလုံးအသိဖြစ်ပါတယ်။ ဒီနေ့ကာလမှာတော့ ဗိုလ်ချုပ်ပြောခဲ့တဲ့ ပညာအကြောင်း ကောင်းကောင်းနား
လည်နိုင်မယ့် ကျောင်းသား၊ ကျောင်းသူလေးတွေ၊ ဘွဲ့ရပြီးအခွင့်အလမ်းအလိုက် ဆင်ခြင်သုံးသပ်နိုင်တဲ့ ပညာတတ်လေးတွေသာ တိုးတက်များပြားလာပါစေလို့ပဲ ဆုတောင်းလိုက်ရပါ တယ်။

ဇင်ဝင်းနော်
Democracy Today Daily