ဒီပုံကိုကြည့်လိုက်တာနဲ့အဆောက်အဦးတစ်ခုလို့ပဲထင်မိကြမှာပါ။ တကယ်တမ်းတော့ ဒါဟာသစ်တော တစ်ခုဖြစ်ပါတယ်။ သစ်တောဆိုတာ မြေပြင်တစ်လျှောက်မှာပဲရှိရမှာဖြစ်ပေမယ့် ဒီသစ်တောကတော့
ဒေါင်လိုက်ဖြစ်နေပါတယ်။ ဒီ Bosco Verticale လို့အမည်ရတဲ့ ဒေါင်လိုက်သစ်တောဟာ Italy နိုင်ငံ Milan
မြို့မှာတည်ရှိပြီး ဒီသစ်တောမှာ တာဝါနှစ်ခု ပါဝင်ပါတယ်။ ပထမတာဝါက ၂၆ ထပ်(၁၁၀ မီတာ)မြင့်ပြီး တာဝါအသေးကတော့ ၁၈ ထပ် (၇၆ မီတာ) မြင့်ပါတယ်။
သစ်ပင်အကြီး ၄၈၀ ပင်၊ အသေး ၂၅၀ ပင်၊ မြေစိုက်ပင်ပေါင်း ၁၁ ၀၀၀ နဲ့ သစ်ပုပင်ပေါင်း ၅၀၀၀ ကျော်တို့
ဟာ ဧရိယာ ၁၁ ၀၀၀ စတုရန်းမီတာ ကျယ်တဲ့ဒီအဆောက်အဦတွေပေါ်မှာစိုက်ပျိုးထားပါတယ်။ ဒီနေရာမှာ graywater recycling (Graywater ဆိုတာ အိမ်သာကအညစ် အကြေးရေမဟုတ်ပဲ ရေချိုးခန်းတို့၊ဘေစင်တို့က
လာတဲ့ရေကိုဆိုလိုပါတယ်) နဲ့ solarcells တွေကနေလျှပ်စစ်ဓာတ်ရယူပြီးသုံးတဲ့ ရေလောင်းနည်းတွေ
ကိုအသုံးပြုထားပါတယ်။ အဆောက်အဦးဟာ အောက်ဆီဂျင်ကိုထုတ်လုပ်ပေးတဲ့အပြင် နွေနဲ့ဆောင်းရာသီတွေ
မှာအပူချိန်ကိုထိန်းညှိပေးပါတယ်။

ဆောက်လုပ်ဖို့ဒီဇိုင်းဆွဲခဲ့တဲ့သူတွေကတော့ Stefano Boeri ၊ Gianandrea Barreca နဲ့ Giovanni La Barra တို့က ဦးဆောင်ခဲ့ပြီး အခြားဥယျာဉ် စိုက်ပျိုးခြင်း နဲ့ ရုက္ခဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင်များလည်း ပူးပေါင်း ပါဝင်ခဲ့ပါတယ်။ ဒီသစ်တောအဆောက်အဦးတွေကို ၂၀၀၉ နှစ်ကုန်ပိုင်းမှာ စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး
အလုပ်သမားပေါင်း ၆၀၀၀ ခန့်ကို အသုံးပြုခဲ့ရပါတယ်။ ဖွင့်ပွဲကိုတော့ ၂၀၁၄ ခုနှစ်အောက်တိုဘာလမှာ ကျင်းပနိုင်ခဲ့ပါတယ်။ ဒီအဆောက်အဦးဟာ ၂၀၁၄ ခုနှစ်က ကမ္ဘာ့အလှပဆုံး အထပ်မြင့်အဆောက်အဦ
ပြိုင်ပွဲမှာလည်း ဆုရရှိခဲ့ပါတယ်။

SKK
#AyeSay
www.ayesay.com.mm