ကင်းဝန် တကယ်ပဲ တိုင်းပြည်ကိုရောင်းစားခဲ့သလား
 သီပေါဘုရင် ပါတော်မှုနှစ်ကို သိဖို့ ဦးကောင်းလိမ်ထုတ်-မင်းဆက်ပြုတ်၊ ဦးကောင်းလိမ်ထုတ်-သီပေါပြုတ် စသည်ဖြင့် ကျွန်တော်တို့ငယ်ငယ်တည်းက ကြားဖူးနားဝရှိခဲ့ကြပါတယ်။ ဒီစာချိုးအတိုင်း ဦးကောင်းဟာ တိုင်းပြည်ကို တကယ်ပဲရောင်းစားခဲ့ပါသလား။
ကုန်းဘောင်ခေတ်နှောင်းပိုင်းမြန်မာနိုင်ငံခေတ်မီတိုးတက်ရေးအတွက်အစွမ်းကုန်ကြိုးစားခဲ့တဲ့ ရှေးမြန်မာကြီးများ
ထဲမှာ ကင်းဝန်မင်းကြီးဟာ ထင်ရှားစွာပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ငယ်စဉ်ကတည်းက စာပေ
ကျမ်းဂန်တွေကို နှံ့စပ်ခဲ့သူ ဖြစ်ပါတယ်။ ဦးကောင်းရဲ့ ငယ်နာမည်မှာ ငချင်းဖြစ်သော်လည်း မင်းတုန်းမင်းကြီးက "ငချင်း ဟူသော အမည်မှာ မလျောက်မပတ်၊ ငါ၏ဘီတော် အလောင်းမင်းတရားကြီးဘုရားလည်း ပြည်ထောင်ဘက် ကျေးကျွန်ကြီးဖြစ်သော သေနတ်ဝန်မောင်ကောင်းနှင့် တိုင်းပြည်နိုင်ငံ တည်ထောင်တော်မူသည် ဖြစ်ရာ ထိုသေနတ်ဝန် အမည်ကို ခံစေ" ဟူသောအချိန်မှ မောင်ကောင်း ဆိုပြီးဖြစ်လာပါတယ်။
အစပထမ ရွှေတိုက်စိုး၊ စာရေးရာတွင်အလွန်တော်သောကြောင့် အမှာတော်ရေး၊ နောက် လွှတ်တော်စာရေးကြီး၊ မြင်ကွန်း အရေးမှာ ရဲမက်ဗိုလ်ပါ တို့ကို စီမံကွပ်ကဲတာတော်လွန်းတဲ့အတွက်ကြောင့် "မင်းကြီး" တပ်ဘွဲ့နှင့်
တရားစီရင်မှုအာဏာကို လွှတ်တော်ကသာ ပြင်ဆင်နိုင်သည်ထိ အခွင့်အရေးရခဲ့သူလည်း ဖြစ်ပါတယ်။သေနတ် အစု၂၂တပ်၊ စစ်သည် ၅၀၀၀၀ ကျော်ကို အုပ်ချုပ်ခဲ့ရသူ သေနတ်ဝန်လည်း ဖြစ်ခဲ့ပါတယ်။ဦးကောင်းဟာ ကျတဲ့တာဝန်ကို အစွမ်းကုန်ထမ်းဆောင်ခဲ့သူ လည်းဖြစ်ပါတယ်။
ကင်းဝန်မင်းကြီးနှင့် ယောမင်းကြီးတို့က သီပေါဘုရင်အား အနောက်နိုင်ငံများသို့ခရီးထွက်စေချင်ပါတယ်။ ထိုနိုင်ငံများရဲ့တိုးတက်နေတဲ့အခြေအနေတွေကို မြင်စေလိုတဲ့အတွက်ကြောင့်ပါ။ ထို့ကြောင့်ပညာရှင်
များပူးပေါင်းကာ ခရီးစဉ်နှင့် ခရီးထွက်စဉ် နောက်ဆံမတင်းစေရန် အစီအမံအမျိုးမျိုးကို ရေးဆွဲခဲ့ကြပါတယ်။ ဒီအခါမှာ တိုင်တားမင်းကြီးက သီပေါဘုရင်မရှိရင် အခြားမင်းသားအချို့နန်းတော်ကိုစီးနင်းတိုက်
ခိုက်လာနိုင်တဲ့အတွက် တားပါတယ်။ ယောမင်းကြီးတို့ရဲ့အစီအမံကို သီပေါဘုရင်က စိတ်ချယုံကြည်တာ
ကြောင့် တားတာကို လက်မခံခဲ့ပါချေ။ ဒါပေမယ့် စုဖုရားလတ်ရဲ့စကားတစ်ခွန်းကြောင့် ဒီအစီအစဉ်ဟာ ပျက်
သွားခဲ့ရပါတယ်။ ထိုစကားကား" နှမတော်ကိုထားခဲ့ပြီး မောင်တော်ချည်း သွားလိုတာက အင်္ဂလိပ်မကို ယူချင်လို့လား " ဟူ၍ပင် ။
ကင်းဝန်မင်းကြီးဟာ သီပေါဘုရင်အပေါ် သစ္စာစောင့်သိရိုသေသူဖြစ်ပါတယ်။ အင်္ဂလိပ်တို့်ချီတက်လာစဉ် သီပေါဘုရင်အား ဘေးလွတ်ရာသို့ရှောင်တိမ်းသွားရန် တိုက်တွန်းခဲ့ပါတယ်။ မိမိကမူ တပ်များကိုကွပ်
ကဲရင်း တိုက်ခိုက်ကျန်နေခဲ့မည်ဟု ဆိုခဲ့ပါသေးတယ်။ သို့သော် သမီးတော်များအရွယ်ငယ်လွန်း
သည်ကတကြောင်း၊ ဆင်ဖြူမရှင်နာမကျန်းဖြစ်နေသည်ကတကြောင်း စသည်ဖြင့် သီပေါမင်းက နန်းတော်မှ မထွက်ခွာလိုဟု ဆိုပြီး ပြည်သူများကိုလည်း မထိခိုက်စေလိုတာကြောင့် မတိုက်ခိုက်ရေးတားမြစ်အမိန့်ကို
 ထုတ်ပြန်ခဲ့ပါတယ်။
အထက်ပါအချက်များကို ကြည့်ကာ ကင်းဝန်မင်းကြီးနိုင်ငံကို ရောင်းစားခဲ့တယ် ဆိုတဲ့စကားဟာ မှန်လားမမှန်လား မြင်သာနိုင်ပါတယ်။
Skk
‪#‎AyeSay‬
www.ayesay.com.mm