ကနေဒါမှာ နေထိုင်တဲ့သုံးနှစ်အရွယ်ကလေးငယ်လေးကို ယာဉ်အဆင်မခြင်မောင်းနှင်မှုနဲ့ ရဲအရာရှိက ချလံဖြတ်ပေးနေတဲ့ဓါတ်ပုံဟာ လူမှုကွန်ယက်ပေါ်မှာ အတော်လေးရေပန်းစားနေပါတယ်။ သူ့ရဲ့ကစားစရာ ဆိုင်ကယ်လေးကို ရပ်နားခွင့်မရှိတဲ့လမ်းမပေါ်မှာ ရပ်ထားတယ်ဆိုတဲ့ ပြစ်မှုနဲ့ ရာအရှာရှိက မှတ်တမ်းယူနေတာ ဖြစ်ပါတယ်။
ရဲအရာရှိကသူ့ကိုဖမ်းလိုက်တဲ့အချိန်မှာ လက်ကိုနှဖူးဆီပြန်ရိုက်ပြီး စိတ်ပျက်သွားတဲ့သူ့ရဲ့အမူအယာဟာ ချစ်စဖွယ်ကောင်းလွန်းတာကြောင့် လူမှုကွန်ယက်မှာရေပန်စားလာရတာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ရဲအရာရှိက တကယ်ဖမ်းတာတော့မဟုတ်ပါဘူး။ ကောင်လေးရဲ့ အဖေဖြစ်သူနဲ့ ရဲအရာရှိတို့ တိုင်ပင်ပြီး ကောင်လေးကို နောက်ပြောင်ခဲ့ရုံသက်သက်သာဖြစ်ပါတယ်။ ဒါပေမယ့်လည်း တကယ်ထင်ပြီး စိတ်ပျက်သွားတဲ့ ကောင်လေးရဲ့ အမူအယာချစ်ဖို့ ကောင်းတာကို ဓါတ်ပုံမှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
ရဲအရာရှိကလည်း ကောင်လေးရဲ့ဖခင်ဖြစ်သူနဲ့ ပူးပေါင်းပြီးအခုလို နောက်ပြောင်ခဲ့တာကို သဘောကျတယ်လို့ ပြောပါတယ်။ ဒါဟာ ပညာပေးတဲ့သဘောလည်း သက်ရောက်ခဲ့ပါတယ်။ ရဲတွေဆိုတာ အမြဲတမ်းလူတွေကို ဖမ်းဖို့ပဲ ကြိုးစားနေသူတွေမဟုတ်ပဲ အခုလို ပျော်စရာတွေကြုံလာရင်လည်း ခံစားတက်သူတွေပါလို့ အထက်ပါ ရဲအရာရှိက ပြောခဲ့ပါတယ်။
Planet Myanmar
***********************************************************
ဗဟုသုတ ရစေမယ့် ကျန်းမာရေး၊သုတ၊ရသ အကြောင်းအရာ
အစုံစုံကိုသိရှိစေနိုင်ဖို့ သုတဇုန်ကို Like ထားပါ :)
#သုတဇုန်
www.facebook.com/thutazone