ဝါရှင်တန်ဒီစီမှာ ရှိတဲ့ Washington’s Sibley Memorial ဆေးရုံဟာ အများနဲ့အတူ တမူထူးခြားတဲ့
ဆေးရုံဖြစ်ပါတယ်။ အကြောင်းကတော့ ဆေးရုံဘေးမှာဖွင့်ထားတဲ့ Laugh café လို့ခေါ်တဲ့ လွပ်လပ်စွာရယ်မောနိုင်တဲ့ နေရာလေးကြောင့် ဖြစ်ပါတယ်။

ရယ်မောခြင်းဟာ လူသားအားလုံးအတွက်၊ အထူးသဖြင့် သက်ကြီးရွယ်အိုတွေအတွက် အကောင်းဆုံး ဆေးတလက်လို့ ပညာရှင်တွေက ထောက်ခံထားပါတယ်။ ဒါကြောင့် Washington’s Sibley Memorial ဆေးရုံရဲ့ဘေးမှာ အသက်ငါးဆယ်နဲ့အထက် လူကြီးတွေအတွက် ရယ်မောခြင်းကလပ်တစ်ခု ဖွင့်ထားပေးတာ ဖြစ်ပါတယ်။ ကလပ်ထဲကို အဖွဲ့ဝင်အဖြစ် ဝင်ရောက်မယ်ဆိုရင် ပထမဆုံး ဟာသတစ်ခု ပြောရမှာဖြစ်ပါတယ်။ ဒါမှသာ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုမှာပါ။ ရယ်မောခြင်းကလပ်ကို လာရောက်ကြတဲ့ အဖွဲ့ဝင်တွေအားလုံးဟာ နေ့စဉ်အချင်းချင်း ဟာသတွေပြောပြီး ရယ်မောနေကြတာကို တွေ့ရမှာဖြစ်ပါတယ်။

အဓိကရည်ရွယ်ချက်ကတော့ ဆေးဝါးစောင့်ရှောက်မှုအပြင် သဘာဝအားဆေးဖြစ်တဲ့ ရယ်မောခြင်းပြုလုပ်ပြီး အသက်ရှည်ရှည်နေသွားနိုင်ဖို့ ဖြစ်ပါတယ်။ အချို့သက်ကြီးရွယ်အိုတွေအတွက်ဆိုရင် ရယ်မောခြင်း ကလပ်က ဆေးရုံတွေထက်တောင်ပိုပြီး ရေပန်းစားလာတဲ့နေရာ ဖြစ်လာပါပြီ။
Planet Myanmar