တစ်နေ့တာရဲ့အရေးအကြီးဆုံး အချိန်အခိုက်အတန့်လေးတွေက ဘာတွေလဲ။ စီမံကိန်း ချမှတ်ဖို့ မိနစ်(၂၀)။
စီမံကိန်းကို မင်းစဉ်းစားနေတာလား။ စိတ်ပျက်စရာပဲ။
တချို့လူတွေအတွက်တော့ ဒီစကားလုံးဟာ စိုးရိမ်ထိတ်လန့်စရာစကားလုံးတစ်လုံး ဖြစ်တယ်ဆိုတာ ကျွန်တော်နားလည်ပါတယ်။ ဒါပေမယ့် မစိုးရိမ်ပါနဲ့။ စီးပွားရေးလုပ်ငန်းစီမံကိန်းတစ်ခု ရေးသားခြင်း သို့မဟုတ် နှစ်စဉ်ရည်မှန်းချက်တွေကို ချမှတ်ဖို့အကြောင်း ကျွန်တော်ပြောမှာ မဟုတ်ပါဘူး။ သင့်ရဲ့တစ်နေ့တာကို ဦးစားပေးသတ်မှတ်ပြီး စနစ်တကျ စီစဉ်ဆောင်ရွက်ရမယ့် မိနစ်(၂၀)ကို ရည်ညွှန်းတဲ့အကြောင်း ရိုးရိုးရှင်းရှင်းလေး ကျွန်တော်ပြောမှာပါ။
ဒီနေ့ သင်သုံးစွဲတဲ့ မိနစ်(၂၀)ဟာ မနက်ဖြန်မှာ နာရီများကို အချိန်သက်သာစေပြီး ကောင်းမွန်သော နေ့ရက်တစ်ရက်မှ အကောင်းဆုံး နေ့ရက်တစ်ရက်အဖြစ် ပြောင်းလဲပေးပါတယ်။
စီးပွားရေးစွမ်းဆောင်ရှင်များမှာ ပိုင်ဆိုင်တဲ့ အရေးအပါဆုံး အရင်းအမြစ်ဟာ အချိန်ဆိုတာ လူတိုင်း သိပါတယ်။ ဒါကြောင့် လူတွေကို အချိန်တွေ ပေးပေးပစ်နေတာတွေကို ရပ်တန့်ပစ်လိုက်ပြီး အဲဒီအချိန်တွေကို သင်ဂရုမထားတဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ သုံးစွဲလိုက်ပါ။ တစ်ရက်မှာ အချိန်နာရီတွေ ပိုရှိစေချင်လိုက်တာလို့ ပြောတဲ့လူတွေဟာ အရာအားလုံးကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ပါမယ်။ ဒါပေမယ့် The Bachelor ကို ကြည့်လို့ သုံးစွဲလိုက်တဲ့ အချိန်(၂)နာရီကရော ဘယ်လိုပါလဲ။ ဒါမှမဟုတ် သင်ဝယ်မှာမဟုတ်တဲ့ တစ်စုံတစ်ခုကို ဈေးသည်က သင့်ကိုရောင်းချဖို့ ကြိုးပမ်းရင်း အချိန်အကြာကြီး ပြောဆိုဆွေးနွေးနေကြတာကရော။ အဲဒီလိုဖြစ်ဖူးသလား။ ကျွန်တော် ဖြစ်ဖူးတာ သိပါတယ်။
Game of Thrones ဇာတ်လမ်းထဲက ညစောင့်တွေ နံရံကို စောင့်ကြပ်သလိုပဲ စီးပွားရေး စွမ်းဆောင်ရှင်တွေဟာ သူတို့ရဲ့အချိန်တွေကို ကာကွယ်ကြတာ အရေးကြီးလှပါတယ်။ လျော့နည်းပြီး စိတ်ဝင်စားစရာကောင်းတဲ့ အခွင့်အလမ်းတွေကို ဆိုလိုပါတယ်။ ကြာရှည်တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ် ရေးဆွဲရန် လူတစ်ယောက်ကို ရွေးချယ်ခြင်းကို ဆိုလိုပါတယ်။ လူတစ်ဦးတစ်ယောက်ရဲ့ ခံစားချက်တွေကို ထိခိုက်နာကျင်စေတဲ့အကြောင်းကို စိုးရိမ်ပူပန်ခြင်းမရှိဘဲ “no” ဟု ပြောခြင်းကို ဆိုလိုပါတယ်။ ဒီနေ့ “no” ဟု ပြောခြင်းဟာ မနက်ဖြန်မှာ ပိုပြီးအဓိပါယ်ရှိတဲ့ တစ်စုံတစ်ခုအတွက် သင် “yes” ဟု ပြောစေနိုင်တယ်ဆိုတာ သဘောပေါက်ခြင်းကို ဆိုလိုပါတယ်။
ကျွန်တော့်ရဲ့နေ့စဉ်အစီအစဉ်
ဒီနေ့ (၅၀၄)ကြိမ်မြောက် ကျွန်တော့်ရဲ့နံနက်ခင်းစီမံကိန်းကို ပြီးမြောက်အောင်မြင်ခဲ့ပါတယ်။ ဒါဟာ အခုဆိုရင် လုပ်ဆောင်ရန် စီစဉ်ထားပြီးတဲ့ အလေ့အကျင့်တစ်ခုဖြစ်တဲ့ ကျွန်တော့်ရဲ့ နေ့စဉ်ပုံမှန် လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော် ဒီအလေ့အကျင့်ကို ဒီဇင်ဘာလ (၄)ရက် (၂၀၁၂)ခုနှစ်မှာ စတင်ခဲ့ပါတယ်။ ကျွန်တော်က ဒီအလေ့အကျင့်ကို “8 for the Day” လို့ ခေါ်ပါတယ်။ လုပ်ငန်းစဉ်အဆင့်ဆင့်က ရိုးစင်းပါတယ်-
၁။ အဲဒီနေ့မှာ ကျွန်တော်ပြီးမြောက်အောင် လုပ်ဆောင်ချင်တဲ့ ရည်မှန်းချက်(၈)ချက်ကို ချရေးပါတယ်။ (၈)နာရီတစ်နေ့တာမှာ (၈)မျိုးကို ကျွန်တော်လုပ်ဆောင်နိုင်ခြင်းရှိ/မရှိ တွက်ချက်ပါတယ်။ ပြီးရင် ကျွန်တော် အမှားတွေ လုပ်ပါတယ်။
၂။ အဲဒီရည်မှန်းချက်တွေထဲက (၆)ခုက အသက်မွေးလုပ်ငန်းနဲ့ ပတ်သက်ပြီး (၂)ခုက ကိုယ်ရေးကိုယ်တာပါ။ ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်တွေထဲမှာ အပြေးလေ့ကျင့်ခန်းလုပ်ဖို့ ဒါမှမဟုတ် ကျွန်တော့်ရဲ့ဇနီးနဲ့ ညဖက်ချိန်းဆို တွေ့ဆုံဖို့လိုမျိုးအရာတွေ ပါဝင်ပါတယ်။
၃။ နောက်တစ်နေ့ နံနက်ခင်းမှာ ကျွန်တော် ပြီးမြောက်အောင် လုပ်ဆောင်ခဲ့တဲ့ ရည်မှန်းချက်တွေကို စစ်ဆေးကြည့်တယ်။ ကျွန်တော်လုပ်ဆောင်ခဲ့ပုံတွေကို လေ့လာတယ်။ ပြန်လည်သုံးသပ်တယ်။ ပြီးတော့ တစ်နေ့တာရဲ့စာရင်းအသစ်တစ်ခုကို ရေးဆွဲပြုလုပ်တယ်။
၎။ စနေနေ့တွေတိုင်းမှာ အချိုးပြန်ပြောင်းလိုက်ပြီး ကိုယ်ရေးကိုယ်တာ ရည်မှန်းချက် (၆)ခုနဲ့ အသက်မွေးလုပ်ငန်းနဲ့ ပတ်သက်ပြီး (၂)ခုကို ချမှတ်ပါတယ်။ ဘေလ်ငွေရှင်းသလောက် ရိုးရှင်းလွယ်ကူပါတယ်။ ဒါဟာ ပိတ်ရက်မှာ ပျော်ရွှင်မှုကို တိုက်တွန်းအားပေးဖို့ အားထုတ်မှုတစ်ခု ဖြစ်ပြီး ပိတ်ရက်မှာ အလုပ်ကို ဟန့်တားပေးပါတယ်။
တနင်္ဂနွေနေ့တိုင်းမှာ စာရင်းပြုလုပ်စရာ မရှိပါဘူး။ ကျွန်တော် အနားယူဖို့အချိန်နဲ့ စာရင်းတွေ မရှိတဲ့ နေ့ရက်တစ်ရက် လိုအပ်ပါတယ်။
နေ့စဉ်ရည်မှန်းချက်တွေနဲ့ ဦးစားပေးမှုတွေကို စနစ်တကျ စီစဉ်ဆောင်ရွက်ခြင်းအတွက် တစ်နေ့တာ မိနစ်(၂၀)ချမှတ်ခြင်း (တစ်ခါတရံ လျော့နည်းပါသည်။) သည် ကျွန်တော်ရဲ့အလုပ်၊ ကိုယ်ပိုင်ဘ၀၊ ကျန်းမာရေးနှင့် ကောင်းမွန်ခြင်းသုခအတွက် အလွန်အကျိုးပြုပါတယ်။ “8 for the Day” လေ့ကျင့်ခန်းသည် ကျွန်တော့်အတွက် အလုပ်တွေကို ကျွန်တော်ဖန်တီးခဲ့တဲ့ အရာဖြစ်ပါတယ်။ ဒါပေမယ့် သင့်ရဲ့တစ်နေ့တာကို စီမံဖို့အတွက် အခြားကောင်းမွန်တဲ့ နည်းပရိယာယ်တွေ ရှိပါတယ်။
Tim Ferriss က (၃)ခုမှ (၅)ခုချရေးပြီး ပြီးမြောက်အောင် လုပ်ဆောင်ဖို့ အချိန်ချမှတ်ရန် လုပ်ငန်းတာဝန်တစ်ရပ် ရွေးချယ်ပါလို့ အကြံပြုပါတယ်။ Gina Trapani သည် သူမရဲ့အရေးအကြီးဆုံး အရာ သို့မဟုတ် MIT ကို ရွေးချယ်ပါတယ်။ သင့်အတွက် အဆင်ပြေစေမယ့် နည်းလမ်းတစ်ရပ်ကို ရွေးချယ်ပါ ဒါမှမဟုတ် ပြုလုပ်ပါ။
သင့်ရဲ့တစ်နေ့တာကို သင် စီမံကိန်းချတဲ့အချိန်ဟာ အဓိကအချက်က မဟုတ်ပါဘူး။ သင် အဲဒီစီမံကိန်းကို လုပ်ဆောင်တာပါပဲ။ ကျွန်တော့်ရဲ့တစ်နေ့တာ ဘယ်လို ဖွင့်လှစ်မလဲ? တစ်နေ့တာကို အောင်မြင်အောင် လုပ်ဆောင်ဖို့ ကျွန်တော်ဘာတွေ လုပ်ဆောင်နိုင်မလဲဆိုတာကို အာရုံစိုက်ပြီး မြင်ယောင်ကြည့်ဖို့အတွက် နှစ်မြုပ်ထားတဲ့အချိန်တွေနဲ့ ကျွန်တော့်ရဲ့တစ်နေ့တာကို စတင်ရတာ ကျွန်တော် နှစ်သက်ပါတယ်။ အိပ်ယာမ၀င်ခင် မနက်ဖြန်အကြောင်း စဉ်းစားပြီး လုပ်ငန်းစီမံကိန်းကို ချမှတ်နေတဲ့ နောက်ဆုံးမိနစ်(၂၀)ကို အခြားသူတွေက နှစ်သက်ကြပါတယ်။
သင့်တစ်နေ့တာရဲ့ သင့်အရေးအကြီးဆုံး မိနစ်(၂၀)ကို သင်ရွေးချယ်ပါ။ မေးမှာက သင် အဲဒီမိနစ်(၂၀)ကို ဘယ်လိုသုံးစွဲမှာလဲ။
Translated by Tinzar
www.freelanker.com