အရပ်ပုသူအမျိုးသားများ အသက်ပိုရှည်ကြောင်း လေ့လာမှုကဖော်ထုတ်


အရပ်ပုတယ်ဆိုပြီး သင့်ရဲ့ခန္ဓာကိုယ်ဖွဲ့စည်းတည်ဆောက်ပုံကို အားမရဖြစ်နေပါသလား။ မဖြစ်ပါနဲ့။အရပ်ရှည်
တဲ့ အမျိုးသားတွေမှာ မရနိုင်တဲ့အခွင့်အရေးတစ်ခု အရပ်ပုတဲ့ အမျိုးသားတွေဆီမှာရှိနေပါတယ်။ဟာဝိုင်ယီမှာ
လုပ်ခဲ့တဲ့သုတေန တစ်ခုအရ အရပ်ပုတဲ့အမျိုးသားအများစုဟာ အရပ်ရှည်တဲ့အမျိုးသားတွေထက် ပိုပြီး
 အသက်ရှည်ရှည်နေထိုင်နိုင်လေ့ရှိကြောင်းကို တွေ့ရှိခဲ့ပါတယ်။

ဟာဝိုင်ယီမှာနေထိုင်တဲ့ ဂျပန်-အမေရိကန် အမျိုးသားပေါင်းများစွာနဲ့ အချိန်ယူလေ့လာခဲ့တဲ့
စစ်တမ်းဖြစ်ပါတယ်။ FOXO3 လို့ခေါ်တဲ့ မျိုးရိုးဗီဇ တစ်မျိုးဟာ အရပ်ပုတဲ့ အမျိုးသားတွေကို အသက်ရှည်စေတာ ဖြစ်ပါတယ်။ အဲဒီမျိုးရိုးဗီဇကပဲ အမျိုးသားတွေကို အရပ်ပုစေတာဖြစ်သလို အသက်ရှည်ရှည်နေစေတာကလည်း အဲဒီ FOXO3 ဖြစ်ပါတယ်။

ဒါကြောင့် အရပ်ပုခြင်း ရှည်ခြင်းဟာ အများအားဖြင့်တော့ အသက်ရှည်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်နေတဲ့
အရာ ဖြစ်ပါတယ်။လေ့လာခဲ့တဲ့ အမျိုးသားတွေကို အုပ်စုနှစ်စုခွဲလိုက်ပြီး အရပ် ၅ ပေ ၂ လက်မနဲ့အောက်
အုပ်စုကို အရပ်ပုသူ၊ အရပ် ၅ ပေ ၄ လက်မနဲ့အထက်အမျိုးသားများကို အရပ်ရှည်သူအဖြစ် လေ့လာဆန်းစစ်
ခဲ့တာ ဖြစ်ပါတယ်။လေ့လာခဲ့တဲ့ပညာရှင် ဒေါက်တာ Willcox ကတော့ သင်အရပ်ရှည်လေ အသက်တိုတိုနေရဖို့ အချိန်နည်းလေ ပဲလို့ ဆိုခဲ့ပါတယ်။ ဒါကြောင့် ဒီနေရာမှာတော့ အရပ်ပုတာ အကျိုးရှိသွားပြီလို့ ဆိုနိုင်ပါတယ်။

Planet Myanmar
*********************************************************************
ဗဟုသုတ နဲ့ အထူးအဆန်းသုတရသ လိုချင်သူများ သုတဇုန်ကို like
ထားပါဗျို့:)
‪#‎သုတဇုန်‬
www.facebook.com/thutazone
www.thutazone.blogspot.com