ကမ္ဘာနဲ့ ပုံစံတူတဲ့ဂြိုလ်တစ်လုံးကို ရှာဖွေတွေ့ရှိခဲ့တယ်လို့ နာဆာရဲ့ နက္ခဗေဒပညာရှင်တွေက ဆိုပါတယ်။
ဒီဂြိုလ်ရဲ့အမည်ကိုတော့ Kepler 452b လို့အမည်ပေးထားပါတယ်။ သူ့မှာရှိတဲ့ ကြယ်(ကမ္ဘာကနေကဲ့သို့) နဲ့ ဒီဂြိုလ်ရဲ့ အကွာအဝေးဟာ ကမ္ဘာရဲ့နေနဲ့အကွာဝေးထက် ပိုပြီးတော့ဝေးပါတယ်။ သူ့မှာရှိတဲ့
ကြယ်(ကမ္ဘာကနေကဲ့သို့) ဟာ အလွန်ပဲတောက်ပပါတယ်။ ဒါကြောင့် Kepler 542b ဟာလည်း ကမ္ဘာကဲ့သို့ စွမ်းအင်ကို ရနိုင်တယ်လို့ ယူဆရပါတယ်။

အဲ့ဒီဂြိုလ်မှာ ကမ္ဘာမြေထက် ပိုမိုသိပ်သည်းတဲ့လေထု တစ်ခုနဲ့ မီးတောင်ရှင် အမြောက်အမြားရှိတယ်လို့ ဂြိုလ်ဆိုင်ရာဘူမိဗေဒ ပညာရှင်တွေက ဆိုပါတယ်။
အရွယ်အစားနဲ့တွက်ရင် Kepler 452b ဟာ ကမ္ဘာ့အရွယ်အစားထက် ၆၀% ပိုကြီးပါတယ်။ Kepler ဟာ သူ့မှာရှိတဲ့ကြယ် ကို ၁ပတ်ပတ်ဖို့ အချိန် ၃၈၅ ရက် ယူရပါတယ်။ ဒါကြောင့် ကမ္ဘာကနေကို ပတ်တဲ့အချိန်ထက် ၅% ပိုကြာပါတယ်။

ဒါပေမယ့် ဒါဟာ အရမ်းကောင်းတဲ့ သတင်းတော့မဟုတ်ပါဘူး။ ဒီဂြိုလ်ဟာ ကမ္ဘာထက်ပိုပြီး နှစ်ပေါင်း ၁.၅ဘီလျံ လောက် ရှေးကျတဲ့အပြင် အကွာဝေးကလည်း ကမ္ဘာကနေ ကနေ အလင်းနှစ်ပေါင်း ၁၄၀၀
လောက်ကွာဝေးတာကြောင့် ဖြစ်ပါတယ်။
$@!
#သုတဇုန်