သင်အလုပ်ကခေတ္တအနားယူသင့်ပြီဆိုတာ ပြနေတဲ့ လက္ခဏာများ



နေ့စဉ်လုပ်ငန်းခွင်မှာ ပုံမှန်လည်ပတ်လုပ်ကိုင်နေရတဲ့သူတစ်ယောက်ဟာ ဖျားချင်နာချင်လာပြီဆိုရင် သတိပြုမိနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် သင့်မှာစိတ်ပိုင်းဆိုင်ရာ ဖိအားတွေရှိလာပြီဆိုရင်တော့ သင်ချက်ခြင်း သတိပြုနိုင်ဖို့ခက်ခဲပါတယ်။ ငါနေမကောင်းဖြစ်ချင်တာလား၊ အလုပ်ပင်ပန်းလို့လား စတဲ့ မေးခွန်းပေါင်းများ
စွာနဲ့အတွေးများနေတက်ပါတယ်။ အောက်မှာဖော်ပြမယ့်လက္ခဏာတွေဖြစ်ပြီဆိုရင်တော့ သင်ဟာ စိတ်ကိုခေတ္တအနားပေးပြီး အပန်းဖြေခရီးထွက်ရမယ့် အချိန်ရောက်ပြီလို့ စိတ်ပညာရှင်တွေက ပြောထားပါ
တယ်။၂၀၁၁ ခုနှစ်က လူပေါင်း ၁၅၄၆ ဦးကို ပြုလုပ်ထားတဲ့စစ်တမ်းအရ အနည်းဆုံး လူသုံးဦးမှာ တစ်ဦးက စိတ်ပိုင်းဆိုင်ရာမွန်းကျပ်မှုတွေ နေ့စဉ်ရင်ဆိုင်ရလေ့ရှိပါတယ်။


၁။ သာမန်ဘာမဟုတ်တဲ့ ပြဿနာအသေးလေးတွေက ပြဿနာအကြီးကြီးဖြစ်လာလေ့ရှိပြီဆိုရင် သင်အနားယူသင့်ပြီလို့ မှတ်ထားလိုက်ပါ။ ပြဿနာအသေးစားလေးတွေကိုတောင် သင်ဖြေရှင်းနိုင်စွမ်းမရှိရင် အလုပ်ဆက်လုပ်မနေသင့်တော့ပါဘူး။ ခေတ္တအနားယူဖို့လိုပါပြီ။


၂။ သင့်လုပ်ဖော်ကိုင်ဖက်တွေက မင်းအဆင်ပြေရဲ့လား၊ နေမကောင်းဘူးလားလို့ ခဏခဏမေးလာပြီဆိုရင် ကိုယ့်ကိုကိုယ် ပြန်သတိထားကြည့်လိုက်ပါ။ တစ်ခါတလေမှာ ဘေးကကြည့်သူက အခြေအနေမှန်ကို ပိုမြင်လေ့ရှိပါတယ်။


၃။ လုပ်ငန်းခွင်အမှားဆိုတာတော့ လူတိုင်းနဲ့ကင်းလေ့မရှိပါဘူး။ ဒါပေမယ့် ပုံမှန်မဟုတ်တဲ့ အမှားမျိုးကျူးလွန်မိပြီဆိုရင် သင်သတိထားရပါတော့မယ်။ အမှားတွေဆက်တိုက် လုပ်မိနေတယ်ဆိုရင်လည်း သင်အနားယူဖို့ အချိန်ရောက်ပြီဆိုတာကို ပြသနေတဲ့ လက္ခဏာပါပဲ။


၎။ အလုပ်သာလုပ်နေရတယ် သင့်မှာအလုပ်နဲ့ပတ်သတ်ပြီး စိတ်ခံစားချက်တွေလျော့လာမယ်။ အလုပ်က ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာတွေ မပေးနိုင်တော့ဘူး။ ဒီအလုပ်ပြီးရင် ထွက်လာမယ့်ရလဒ်ကို ရင်မခုန်တော့ဘူး ဖြစ်နေပြီဆိုလည်း ဒါဟာ သင်အနားယူသင့်ပြီဆိုတာ ယုံလိုက်ပါ။


ဒါကြောင့် အထက်ပါ လက္ခဏာတွေရှိနေပြီဆိုရင် သင့်မှာ စိတ်ပိုင်းဆိုင်ရာဖိအားတွေရှိနေပြီဆိုတာ သေချာသလောက်ပဲ။ ခဏနားလောက်အပန်းဖြေခရီးထွက်ဖို့ အချိန်ရောက်ပြီလို့ ပြနေတဲ့လက္ခဏာတွေပါ။

writer - kyaw ko ko

Planet Myanmar

 *********************************************************************
ဗဟုသုတ နဲ့ အထူးအဆန်းသုတရသ လိုချင်သူများ သုတဇုန်ကို like
ထားပါဗျို့ :)

‪#‎သုတဇုန်‬
www.facebook.com/thutazone
http://thutazone.blogspot.com