၇၉ နှစ်မှာ ပထမဆုံး တက်တူး ထိုးတဲ့အဘွားအို


မြောက်အိုင်ယာလန်က ထရပ်ကားမောင်းသမား တစ်ယောက်ဖြစ်တဲ့တိုနီဟာ သူ့အမေအိမ်ကိုလာခဲ့ရာ သူ့အမေကို မတွေ့ခဲ့ပါဘူး။အကြောင်း တစုံတရာ အသိမပေးပဲ ပျောက်သွားတာကြောင့် တိုနီ
ဟာ စိတ်ပူနေပါတယ်။



တကယ်တော့ အသက်၇၉နှစ်အရွယ် မြေး ၁၁ ယောက်ရဲ့ အဖွားဖြစ်သူ သူ့အမေကို တက်တူး studio တစ်ခုမှာ တက်တူးသွား ထိုးတာပဲ ဖြစ်ပါတယ်။



ဘာလို့ ဒီအရွယ်ကျမှ ထိုးရတာလဲလို့ မိသားစုကမေးတော့ "ငါ့ဘာသာဘာလုပ်လုပ် ဘာဖြစ်လဲ၊ ဒီအချိန်မှာ နေ့တိုင်း ပျော်နေဖို့ပဲ အရေးကြီးတယ်၊ နင်တို့လည်း ငါ့အရွယ်ရောက်ရင် နားလည်လာမှာပါ " လို့
သူမက ဆိုပါတယ်။



"ထိုးတာဘယ်လောက်ကြာလဲ၊ အမေ မနာဘူးလား" လို့ သားဖြစ်သူကစိုးရိမ်စွာနဲ့ မေးတော့ "ခုမှ ထိုးပြီးလို့ ၅ မိနစ်ပဲ ရှိသေးတယ်၊ ဘယ်လိုမှမခံစားရပါဘူး" လို့ သူမက ရယ်ရယ်မောမော နဲ့ ဆိုပါတယ်။



တကယ်တော့ သူမရဲ့ သားနဲ့ သမီး နှစ်ယောက်လုံးဟာ tatoo တွေ ကိုယ်စီနဲ့ ဆိုတော့ အဘွားအိုလည်း တက်တူး ထိုးချင်သွားတာ ဖြစ်ပါလိမ့်မယ် :)


#သုတဇုန်
www.facebook.com/thutazone
www.thutazone.blogspot.com