သင်လုပ်ငန်းတစ်ခု စတင်ချင်တဲ့အချိန်မှာ ငွေအကြပ်အတည်း အကန့်အသတ် ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဖြစ်တာကြောင့် သင့်မှာရွေးချယ်စရာ နည်းလမ်းတစ်ခုခု မရှိတာတော့ မဟုတ်ပါဘူး။ သင်သာ အရည်အချင်း၊ အလုပ်ကျင့်ဝတ်နှင့် မားကက်တင်းနည်းလမ်းကို သင့်တော်မှန်ကန်စွာ ပေါင်းစပ်မှုရှိမယ်ဆိုရင် အနည်းငယ်မျှသော ငွေနဲ့ လုပ်ငန်းတစ်ခု စတင်ဖို့ ဖြစ်နိုင်ပါတယ်။
The $100 Startup ရဲ့စာရေးဆရာ Chirs Guillebeau ပြောကြားချက်အရ “စီးပွားရေးလုပ်ငန်း ပရောဂျက်တစ်ခု အောင်မြင်ဖို့ဆိုတာ အဲဒီလုပ်ငန်းဟာ အထူးသဖြင့် သင်ပြုလုပ်ဖို့ တက်ကြွစေတဲ့ လုပ်ငန်းဖြစ်ရပါမယ်။ အခြားသူတွေကို အထောက်အကူပြုနိုင်မယ့် သင့်မှာရှိတဲ့ အရည်အချင်းတွေအားလုံး အကြောင်းကို စေ့စေ့စပ်စပ် စဉ်းစားရာမှာ အကူအညီပေးပါတယ်။ အထူးသဖြင့်တော့ အဲဒီအရည်အချင်းတွေကို ပေါင်းစပ်ခြင်း အကြောင်းပါ။”
သင့်မှာ ငွေအနည်းငယ်မျှသာ ရှိတဲ့အခါ လုပ်ငန်းတစ်ခုစတင်ဖို့အတွက် ဒီရိုးရှင်းလွယ်ကူတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာပါ-
- တစ်ခုခုလုပ်ပါ။
- Abe’s Market သည် lotions, ဖယောင်းတိုင်၊ မြေပဲနှင့်ဂျုံ ရောနှောပေါင်းစပ်ထားသော နံနက်စာနှင့် အခြား စသည်တို့ကဲ့သို့ သဘာဝနှင့် ဇီဝအခြေခံကုန်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားပါသည်။
- Etsy သည် လက်ဝတ်ရတနာများမှ ကလေးများအတွက် သစ်သားရုပ်ကစားစရာများအထိ အိမ်လုပ် ပစ္စည်းအားလုံးနီးပါး ရရှိနိုင်သော အကြီးမားဆုံး အွန်လိုင်းဈေးကွက်တစ်ခုဖြစ်သည်။
- Bonanza သည် Etsy ကဲ့သို့ နောက်ထပ် ကြီးမားသော အိမ်လုပ်ပစ္စည်းဈေးကွက်ဖြစ်သည်။ PC World အရ ၀င်ရောက်ကြည့်ရှုသူများသည် တစ်လလျှင် (၁၀)သန်းကျော် ရှိပါသည်။
- eBay သည် ကမ္ဘာတွင် အကြီးမားဆုံး အွန်လိုင်း ကုန်သွယ်မှု ဈေးကွက်နေရာများထဲမှ တစ်ခု ဖြစ်ပါသည်။ ၎င်း၏ ထိရောက်တွက်ချေကိုက်သော စတိုးဆိုင် ရွေးချယ်မှုများ၊ Paypal ဖြင့် အလွယ်တကူ ငွေသိမ်းယူခြင်းနှင့် ၀ယ်ယူသူစိတ်ကြိုက်အထူးပြုလုပ်ထားသော စာရင်းပြုစုထားသည့် ရွေးချယ်စရာများသည် ပစ္စည်းများ ရောင်းချခြင်းအတွက် အကောင်းဆုံး ရွေးချယ်မှုတစ်ခု ဖြစ်စေပါသည်။
- တစ်ခုခုကို ပြန်လည်ရောင်းချပါ။
- Drop Shipping : အွန်လိုင်းစတိုးတစ်ခု တည်ဆောက်ပြီး သင့်အတွက် အော်ဒါများအားလုံးကို ဖြည့်ဆည်းပေးမည့် drop-shipping ကုမ္ပဏီများနှင့် တွဲဖက်ဆောင်ရွက်ပါ။ အွန်လိုင်း ကုန်သွယ်မှု စင်မြင့် Shopify တွင် အကောင်းဆုံး drop shipping လမ်းညွှန်တစ်ခု ရှိပါသည်။ Tim Ferriss သည် ၎င်း၏ထင်ရှားကျော်ကြားသော The Four Hour Work Week. စာအုပ်တွင် drop shipping အကြောင်း အသေအချာ ရှင်းပြထားပါသည်။
- ရန်ပုံငွေ ရှာသည့်ဆိုင်များနှင့် အိမ်ရှိ ကားဂိုဒေါင်တွင် ပစ္စည်းဟောင်း ရောင်းချခြင်း : မည်သည့်နေရာတွင် ကြည့်ရှုရမည်ကို သင်သိလျှင် ရန်ပုံငွေ ရှာသည့်ဆိုင်များ၊ ရှေးဟောင်းပစ္စည်းဆိုင်များ၊ လဟာပြင်ဈေးများနှင့် အိမ်ရှိ ကားဂိုဒေါင်တွင် ပစ္စည်းဟောင်း ရောင်းချသည့် နေရာများ၌ ပစ္စည်းများကို သင် ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းတို့ကို အွန်လိုင်း သို့မဟုတ် သင်၏အကျိုးစီးပွားအဖွဲ့အစည်းတွင် သင်ဝယ်ယူခဲ့သည်ထက် ပိုမို၍ ပြန်လည်ရောင်းချ နိုင်ပါသည်။ ဤပုံစံ၏ အလွန်အောင်မြင်ကျော်ကြားသော နမူနာတစ်ခုသည် Nasty Gal အား တည်ထောင်သူ Sophia Amoruso ဖြစ်ပါသည်။ Amoruso သည် စတင်ဝယ်ယူထားပြီး ရှေးဟောင်း တစ်မူထူးခြားသော ပစ္စည်းများကို eBay တွင် ပြန်လည်ရောင်းချပါသည်။ သူမ၏ကုမ္ပဏီသည် ၀န်ထမ်း (၂၀၀)ကျော်ဖြင့် (၂၀၁၁)ခုနှစ်တွင် အသားတင် ၀င်ငွေ $24 million အထိ တိုးတက်ခဲ့ပါသည်။ သူမ၏စာအုပ် #GIRLBOSS သည် သူမစတင်ဆောင်ရွက်ခဲ့ပုံတို့ကို တွေ့ရှိသိမြင် လှုံ့ဆော်ပေးပါသည်။
- သင်၏၀န်ဆောင်မှုများကို ရောင်းချပါ။
အချို့သည် စာရင်းအင်းပညာရပ်ကဲ့သို့သော အဆင့်မြင့်သော ဘွဲ့ဒီဂရီများ လိုအပ်ပါလိမ့်မည်။ အချို့သည် ဤအရာကို မည်သို့ပြီးစီးအောင်မြင်အောင် ဆောင်ရွက်ရမည်ဟူသော အလုပ်လုပ်သည့် အသိပညာတစ်ခုထက်ပို၍ အနည်းငယ်မျှသာ လိုအပ်ပါသည်။ (ကလေးထိန်းခြင်း၊ မြက်ရိတ်ခြင်း သို့မဟုတ် ကိုယ်ရေးလက်ထောက်ကဲ့သို့)
သင်သည် သင်၏၀န်ဆောင်မှုများကို ရောင်းချနေသောကြောင့် ၀န်ဆောင်မှုကို လိုအပ်နိုင်သော လူများ၏ အရှေ့တွင် သင်၏အမည်နှင့် ကုမ္ပဏီ ရောက်ရှိခြင်းရှိ/မရှိ စီစစ်ဆောင်ရွက်ရန် အမှတ်တံဆိပ် ကြေငြာသော စီမံချက်တစ်ခု သင်လိုအပ်ပါလိမ့်မည်။ သင်၏၀န်ဆောင်မှုများကို မြှင့်တင်ရန်အတွက် အခမဲ့ဖြစ်သော နေရာအချို့တွင် Fiverr, Craigslist, Elance, Taskrabbit နှင့် Skillshare တို့ပါဝင်ပါသည်။
- သင်လုပ်ငန်းဆောင်ရွက်သည့် နမူနာများကို ပြသရန်၊ သင်၏အတွေ့အကြုံများကို စာရင်းပြုစုတင်ပြရန် နှင့် ကြည့်ရှုသူများကို ဆွဲဆောင်ရန် သင်၏လုပ်ငန်းနယ်ပယ်အကြောင်း သတင်းအချက်အလက် ပေးရန် website တစ်ခု ရှိလျှင်လည်း အသုံးဝင်ပါသည်။ အမှတ်တံဆိပ်ကြေငြာခြင်းနှင့် အွန်လိုင်း မားကက်တင်းအကြောင်း သင် ထပ်မံ သိရှိလိုလျှင် Buffer ၏ လူမှုဆက်သွယ်ရေး blog, Hubspot ၏ blog, Content Marketing Institute နှင့် CopyPress.
- သင်၏လိုအပ်သည်ကို ရရှိရန် ပစ္စည်းချင်းဖလှယ်ရောင်းဝယ်ပါ။
- ဥပမာအားဖြင့် တစ်ပတ်ရစ် laptop တစ်လုံး သင် လိုအပ်နေကြောင်း သိရှိလျှင် ထိုအတွက် ပစ္စည်းချင်းဖလှယ်ရန် ကြိုးပမ်းပါ။ တစ်ပတ်ရစ် အီလက်ထရွန်းနစ် အထောက်အပံ့ပစ္စည်းတစ်ခု အတွက် website အသစ်တစ်ခု တည်ဆောက်ပါ။ သို့မဟုတ် သင်၏အိမ်နီးချင်း၏ Macbook အဟောင်းတစ်လုံးအတွက် ၎င်းထံတွင် ကလေးထိန်းခြင်း ၀န်ဆောင်မှုကို ကမ်းလှမ်းကြည့်ပါ။
- အသုံးစရိတ် နည်းပါးသော ၀န်ဆောင်မှုများကို အကျိုးရှိရှိ အသုံးချပါ။
ယင်းသည် အမှတ်တံဆိပ်ကြော်ငြာထားသော ပစ္စည်းများ၊ ပုံနှိပ်ထားသော ပစ္စည်းများ (Vistaprint နှင့် Zazzle တို့သည် ကိုယ်ပိုင်အမှတ်တံဆိပ် ပြုလုပ်ထားသော ပစ္စည်းများကို ၀ယ်ယူရန် အကောင်းဆုံးနေရာများ ဖြစ်သည်။) သို့မဟုတ် ကုန်ကျစရိတ် အများအပြား မရှိဘဲ အခြား လိုအပ်သောပစ္စည်းများကို ရရှိရန် အကောင်းဆုံးနည်းလမ်းတစ်ရပ် ဖြစ်ပါသည်။ ထပ်မံချွေတာရန်အတွက် online retailer တစ်ခုခု၌ မစစ်ဆေးခင် RetailMeNot ကဲ့သို့သော sites များတွင် ကူပွန်ကုတ်နံပါတ်များကို ရှာဖွေပါ။
စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်းသည် သင်လုပ်ဆောင်နေသည်များအတွက် စဉ်းစားဥာဏ်နှင့် စိတ်ထက်သန်ပြင်းပြမှုတစ်ခု လိုအပ်ပါသည်။ သင်ပျော်မွေ့သည့်အရာတစ်ခုခုအား လုပ်ဆောင်နေသည်ကို သင် သိရှိလျှင် အရာအားလုံးကို တစ်စုတစ်စည်းတည်း ပြုလုပ်ရန် နည်းလမ်းများကို သင် ပိုမို၍ ရှာဖွေတွေ့ရှိ လာပါလိမ့်မည်။
Translated by Tinzar
www.freelanker.com