တစ်ယောက်နဲ့တစ်ယောက် ဝေဖန်တယ်၊ မကောင်းပြောတယ်ဆိုတာ ကောင်းတဲ့ အကြံဥာဏ်မဟုတ်ပါဘူး။
ဝေဖန်တဲ့သူရော၊ ဝေဖန်ခံရတဲ့သူအတွက်ပါ နေရတာ မကောင်းပါဘူး။ အဲဒီလို မလုပ်သင့်ဘူးဆိုတဲ့ အကြောင်းရင်းလေးတွေကို အောက်မှာ အချက်လေးတွေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
၁။ လူတိုင်းမတူညီပါဘူး။
သင်ကြိုက်နှစ်သက်တဲ့ အရာတိုင်းကို လူတိုင်းကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ လူတစ်ကိုယ်အကြိုက်တစ်မျိုးပါ။ ဒါ့ကြောင့် ကြိုက်နှစ်သက်ရာ ရွေးချယ်မှုတွေနဲ့ ပက်သက်ပြီး တစ်ယောက်နဲ့တစ်ယောက် အကြိုက်တွေကို အပြန်အလှန် လေးစားမှုရှိသင့်ပါတယ်။၂။ သွင်ပြင်ပုံစံကို ကြည့်ပြီး မဆုံးဖြတ်သင့်ပါဘူး။
လူတစ်ယောက်ရဲ့ အဝတ်အစား၊ ဆံပင်ပုံစံတွေကိုကြည့်ပြီး အဲဒီလူအပေါ် ဝေဖန်ဆုံးဖြတ်တာမျိုး မပြုမူသင့်ပါဘူး။ အဲဒါတွေက အပေါ်ယံ အလွှာတွေပါ။ တကယ့်အစစ်အမှန် တန်ဖိုးက ကိုယ်ကျင့်တရားအပေါ် အခြေခံပါတယ်။၃။ ကိုယ့်ကိုယ် ဝေဖန်ရင် ဘယ်သူမှ မကြိုက်ပါဘူး။
သူများကို မဝေဖန်ခင် သူနေ့ရာမှာ အစားဝင်ခံစားလိုက်ပါ။ သင်ကိုယ်တိုင်ဆိုရင်ရော ဝေဖန်ခံရရင် ကြိုက်နှစ်သက်ပါ့မလား။၎။ ဘယ်သူမှ မပြီးပြည့်စုံပါဘူး။
သူများအမှား ရှာရတာလွယ်ပါတယ်။ ဒါပေမယ့် ကိုယ်ကိုယ်တိုင်ရော အမှားမလုပ်မိပဲ နေနိုင်လို့လား။ သူများအမှားကိုထောက်ပြနေမှာထက် ကိုယ့်ကိုယ်ကို ပြုပြင်လိုက်တာ ပိုကောင်းပါတယ်။၅။ ဘယ်သူမှ အမြဲမမှန်ပါဘူး။
လူတစ်ယောက်ကို လျှပ်တပြက်ကြည့်ပြီး ဝေဖန်မယ်ဆိုတာ တကယ်တော့ အရမ်းမှားပါတယ်။ တစ်ခဏ အကြည့်က လူတစ်ယောက် အကြောင်းကို သေချာ အဆုံးအဖြတ်မပေးနိုင်ပါဘူး။၆။ လွယ်လွယ် ဝေဖန်တတ်တဲ့သူကို ဘယ်သူငယ်ချင်းမှ သည်းမခံနိုင်ပါဘူး။
ဝေဖန်ခြင်း မကောင်းမြင်စိတ်ရှိခြင်းတွေက သင့်အနားမှာရှိနေတဲ့ လူတွေကို ထိခိုက်စေနိုင်ပါတယ်။ သူတို့စိတ်ထဲမှာ သင်က အရမ်းကို အဆိုးမြင်တတ်တဲ့ ပုံစံဖြစ်လာရင် တဖြေးဖြေး သင့်အနားက ထွက်သွားကြပါလိမ့်မယ်။ မကောင်းတဲ့ စိတ်တွေကြောင့် သူငယ်ချင်းတွေကို ဆုံးရှုံးရနိုင်ပါတယ်။၇။ သင်မလုပ်ဘူးတဲ့ အလုပ်တစ်ခုကို မဝေဖန်သင့်ပါဘူး။
လူတစ်ယောက်ကို ဝေဖန်ခွင့် သင့်မှာ အမှန်တကယ်မရှိပါဘူး။ အဲဒီလူရဲ့ အလုပ်ကို သင်မလုပ်ဖူးဘူးဆိုရင် သင်မဝေဖန်သင့်ပါဘူး။ဝေဖန်ခြင်းထက် ချီးကျူးခြင်းက သင့်ကို ပိုပြီး နှစ်လိုဖွယ် လူသားတစ်ယောက် ဖြစ်စေရန် အထောက်အကူပြုပါတယ်။ အလားတူပဲ လူတွေရဲ့ သုံးသပ်ဝေဖန်ခြင်းတွေအပေါ်လည်း မခံစားသင့်ပါဘူး။ အဆိုးမြင်စိတ်ထက် အကောင်းမြင်စိတ်က အခြားသူတွေနဲ့ အတူတူနေဖို့ အကောင်းဆုံး အထောက်အကူပါပဲ။ လူတိုင်းမတူညီပါဘူး။ အမှားကင်းတဲ့လူဆိုတာ မရှိပါဘူး။ အဲဒါတွေကို လက်ခံလိုက်ရင် လူတိုင်းကလည်း သင့်ကိုလက်ခံလာပါလိမ့်မယ်။
Gandawin.net ( ဂန္တ၀င်မဂ္ဂဇင်း) မှ