တရုတ်ရဲ့အံသြဖွယ်နေရာတစ်ခု (သို့) Blue Moon Valley




Blue Moon Valley ဟာ တရုတ်၊ Yunnan ပြည်နယ်ရဲ့ Lijiang မြို့ အနီးမှာရှိပါတယ်။ ဒီနေရာက ရေတွေကို
တောင်တွေ၊ ရေကန် (၄) ခု နဲ့ ရေတံခွန်အနည်းငယ်ဆီက နှင်းတွေအရည်ပျော်ရာမှ ရရှိပါတယ်။ Shinka နှင်း တောင်လို့ ခေါ်တဲ့ဒီတောင်ကြားဒေသဟာ Shangri-La မြို့ရဲ့ အနောက်တောင်ဘက် အရပ်မှာ ၇ကီလိုမီတာ အကွာမှာရှိပြီး ကားနဲ့ဆိုရင် ၁၅ မိနစ် လောက်ပဲမောင်းရမှာဖြစ်ပါတယ်။ Shinka တောင်ရဲ့အမြင့်ဟာ မီတာ ၄၀၀၀ ခန့်ရှိပြီး၊ တောင်ထိပ်ပေါ်ကို ရောက်ခဲ့မယ်ဆိုရင် Meili နှင်းတောင်၊ ကျောက်စိမ်းနဂါးနှင်းတောင် တို့အပြင် Daochen နဲ့ Sichan တောင်တွေရဲ့မြင်ကွင်း ကိုကြည့်ရှု့နိုင်မှာပဲဖြစ်ပါတယ်။




Shinka ဆိုတာတိဘက်စကားလုံးကဆင်းသက်လာပြီး ဒရယ်တွေ ၀န်းရံတဲ့တောင်လို့ အဓိပ္ပါယ်ရပါတယ်။
ဗုဒ္ဓဒီနေရာကို ရောက်စဉ်တုန်းက ဒရယ်နှစ်ကောင်ဟာဗုဒ္ဓရဲ့ဟောပြောဖို့စတင်လိုက်တာနဲ့ ဒူးထောက်တဲ့ ပုံစံပြောင်းပြီးနားထောင် နေခဲ့ကြတယ်လို့  ဆိုရိုး စကားရှိခဲ့တာကြောင့်ပါ။ ဒါ့ကြောင့်ဒီဒေသက တိဘက်လူမျိုး
တွေဟာ ဒရယ်ကို လဘ်ကောင်းစေတဲ့ အရာတစ်ခုအဖြစ် ယူဆကြပါတယ်။



သမိုင်းအရဆိုရင်တော့ ဒီတောင်ဟာ တိဘက် Shengchuan နယ်ရဲ့မြို့နှစ်မြို့ဖြစ်တဲ့ Dukezong နဲ့Tacheng တို့ကြားမှာ ရှိပါတယ်။ ဒါကြောင့် ဒီတောင်ဟာ တိဘက်နဲ့ Nanzhao နိုင်ငံတွေကို ချိတ်ဆက်ထားတဲ့လမ်း
ကြောင်းဖြစ်ခဲ့ပါတယ်။Tea Horse Road လို့အမည်ရတဲ့ ဒီလမ်း နဲ့ ဒီတောင်တို့ဟာ ဗုဒ္ဓဘာသာဝင်တွေကြား
ရေပန်းစားတဲ့ နေရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီနေရာကို သိပ္ပံနဲ့ပါတ်ဝန်းကျင်လေ့လာမှု့တွေအတွက်
သာမက အနားယူအပန်းဖြေမှု့တွေအတွက်ပါ လာရောက်လည် ပတ်နိုင်ပါတယ်။ ကမ္ဘာလှည့် ခရီးသွားတွေ လာရောက် လေ့ရှိတဲ့အဓိကနေရာတစ်ခုဖြစ်ပါတယ်။ ထူးခြားချက်တစ်ခုကတော့ ဒီနေရာမှာရှိတဲ့ လှပတဲ့
ရေလှေကားထစ်တွေရဲ့ရေအရောင်ဟာ အဖြူရောင်နဲ့ စိမ်းပြာရောင်ကို မကြာခဏ ပြောင်းလဲလေ့ရှိတာပဲဖြစ်
ပါတယ်။


SKK
#AyeSay
www.ayesay.com.mm