အဖြစ်ဆိုးနှင့်ကြုံတွေ့ခဲ့ရတဲ့ Chrysler Limo ဇိမ်ခံကား


အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ် ရထားလမ်းကူး တစ်နေရာတွင် Chrysler 300 Limousine အဆင့်မြင့် ဇိမ်ခံကားတစ်စီးဟာ အံ့သြစရာ ရင်နှင့်ဖွယ် အဖြစ်ဆိုးတစ်ခုနှင့်  ကြုံတွေ့သွားခဲ့ပါတယ်။


ပြီးခဲ့တဲ့ဇူလိုင် 18 ရက်နေ့တွင် ဖြစ်ပွားသွားခဲ့တာပါ။ ဖြစ်ပွားခဲ့ပုံမှာ Chrysler Limo ဟာ ရထားအဝေးမှ လာနေစဉ် ရထားလမ်းကို ဖြတ်ကျော် မောင်းနှင်ရာ ကားအောက်ပိုင်းမှာ ရထားသံလမ်းအခုံးနှင့် မလွတ်ဘဲ ထိမိခဲ့ရာမှ စက်ရပ်သွားခဲ့တာပါ။

ရထားလမ်းကုန်းအမြင့်ကြောင့်  ကားမလှုပ်ရှားနိုင်တော့ဘဲ ရထားလမ်းအလယ်တည့်တည့်တွင် ရပ်တန့်ရာသွားရာမှ အရှိန်နှင့်လာနေတဲ့ကုန်တင်ရထားနှင့် တိုက်မိခဲ့တာပါ။ ဇိမ်ခံကားဟာ မွေးနေ့ပွဲသို့သွားရန် ဆယ်ကျော်သက်များကို တင်ဆောင်လာတာပါ။ ကုသိုလ်ကံကောင်းခဲ့တာက အတွင်းတွင် ပါရှိသူတွေ အလျှင်အမြန် ထွက်နိုင်ခဲ့တဲ့အတွက် တစ်ဦးတစ်ယောက်မျှ ဒဏ်ရာရရှိခဲ့ခြင်းတော့မရှိပါဘူးဟု ဆိုထားပါတယ်။


ကုန်ရထားနှင့် တိုက်မိခဲ့တဲ့ဇိမ်ခံကားမှာ ရထားအရှိန်နှင့် ပေပေါင်းများစွာ ပါသွားခဲ့ပြီး ကျိုးကြေပျက်စီးသွားခဲ့ပါတယ်။ ဆန်းပြားတာက ရထားသံလမ်းအလယ်တည့်တည့်ဆိုတဲ့နေရာကိုမှ ရပ်တန့်သွားခဲ့တာဖြစ်ပြီး ရထားရပ်သည်အထိ ကားမှာ သံလမ်းအလယ်တည့်တည့်မှာသာ ရှိနေခဲ့တာပါ။




 Colay Automobile