အမြဲတမ်း စိတ်ညစ်နေတဲ့ ခွေးကလေး Earl



ငါးလသား အရွယ်ရှိပြီဖြစ်တဲ့ ဒီခွေးကလေးဟာ အမြဲလိုလို သုန်မှုန်နေတက်တဲ့ သူ့ရဲ့မျက်နှာကြောင့် အမြဲတမ်းစိတ်ညစ်နေတဲ့ ခွေးကလေးတစ်ကောင်လို့ ထင်စရာအကြောင်းရှိပါတယ်။ ဒါပေမယ့် သူအမြဲတမ်း စိတ်ညစ်နေတာ မဟုတ်ပါဘူး။

Earl လို့အမည်ရတဲ့ ဒီခွေးကလေးရဲ့ မျက်နှာအကျပုံစံကိုက ဒီလိုဖြစ်နေတာပါ။ သူ့ပိုင်ရှင်နဲ့ နီးစပ်သူတွေ
ကတော့သူ့ကို ကမ္ဘာ့စိတ်အညစ်တက်ဆုံး ခွေးဆိုစပြီး စနောက်လေ့ရှိပါတယ်။ ယုန်လိုက်ခွေး အမျိုးအစားနဲ့
မြေခွေးမျိုး ပေါင်းစပ်ပြီး Earl ကိုမွေးဖွားထားတာဖြစ်ပါတယ်။ သူ့ရဲ့မျက်နှာက ဘယ်တော့မှ ပျော်ရွှင်နေတဲ့ပုံစံ မဟုတ်ပေမယ့် စိတ်ရင်းကတော့ မျက်နှာလိုမဟုတ်ပါဘူး။ Earl ဟာလူခင်တက်တဲ့ ခွေးကလေး တစ်ကောင်
ဖြစ်ပြီး အခြားခွေးတွေအပေါ်မှာလည်း စိတ်ကောင်းရှိသူ ဖြစ်ပါတယ်။

သူ့သခင်ကတော့ လူတွေကိုအပြင်ပန်းကြည့်ပြီး ဆုံးဖြတ်လို့မရဘူးဆိုတာ Earl ကသက်သေပြနေတယ်လို့ ဆိုပါတယ်။ ဟုတ်ပါတယ်။ Earl ကလည်း မျက်နှာနဲ့ မလိုက်အောင်ကို ရင်းနှီးဖော်ရွေတက်တဲ့ ခွေးကလေး
ဖြစ်နေလို့ပါပဲ။

Planet Myanmar