အသစ် ထွက်ပေါ်လာသော မလေရှားလေကြောင်း MH 370 သဲလွန်စ



ပြီးခဲ့တဲ့ ၂ ရက်လောက်က အိန္ဒိယ သမုဒ္ဒရာ ပြင်သစ်ပိုင် ရေနျုယွန့် (Réunion) ကျွန်းလေးရဲ့ အနောက်မြောက်
အရပ်က ဆွန်တွန်ဒရေမြို့ (Saint-André) ရဲ့ ကမ်းခြေမှာ အလျား ၈ပေ အကျယ် ၃ ပေ ရှိတဲ့အရာတစ်ခုကို
ကမ်းခြေသန့်ရှင်းရေး လုပ်နေတဲ့ လူတစ်ယောက်ကစလို့တွေ့ခဲ့ပါတယ်။





ရလာတဲ့ အပိုင်းအစဟာ လေယာဉ် တောင်ပံက အစိတ်အပိုင်းနဲ့ တူပြီးအမှတ်အသားအနေနဲ့ BB 670 အမှတ်
အသား ရေးထိုးတားပြီးလေယာဉ်အစိတ်အပိုင်း တခု ဖြစ်နေတာတွေ့ရပါတယ်။ ဒီလေယာဉ်ဟာ ပြီးခဲ့တဲ့ နှစ်
 ၂၀၁၄ မတ်လအတွင်းက မလေးရှားနိုင်ငံ ကွာလာလမ်ပူကနေ တရုတ်ပြည် ပေကျင်းမြို့ အသွား လမ်းခရီးမှာ
ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်း ခရီးစဉ်အမှတ် MH-370 ဖြစ်မလားလို့ နိုင်ငံတကာကစောင့်ကြည့်
နေကြပါတယ်။ ကြာသပတေးနေ့ကတော့ ဒီလေယာဉ် အပိုင်းအစကို ပြင်သစ်ကို ပို့ဆောင်ဖို့စီစဉ်နေကြပြီး
မလေးရှားလေကြောင်း ခရီးစဉ်အမှတ် MH-370 လေယာဉ်ခရီးစဉ်က ဟုတ်မဟုတ်ဆိုတာ အတိအကျ ပြောဖို့
နောက်တစ်ပတ် ဒါမှ မဟုတ် တပတ်ကျော်ကျော်လောက် စောင့်ရမယ်လို့ ဆိုသဗျ။

လောလောဆယ် ဒီ အစိတ်အပိုင်းဟာ လေယာဉ်တောင်ပံရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သေချာအောင်
လို့ သေချာထုပ်ပိုးလို့ ပြင်သစ်ကို ပို့ဖို့ စီစဉ်နေပါပြီ။ ပါရီမှာ ၂ ရက် ၃ ရက်ကျော် ကြာဦးမှာ ဖြစ်ပြီး အဲဒီကနေ လေကြောင်း ဓါတ်ခွဲခန်းရှိတဲ့ တူးလုစ်မြိုကို ပို့ပေးရမှာဖြစ်ပါတယ်။ အဲဒီရောက်ရင်လည်း စစ်ဆေးဖို့ ရက် အနည်းငယ်အချိန်ယူဦးမှာပါ။

 

အမေရိကန် တာဝန်ရှိ စုံစမ်းရေးမှုးတွေကတော့ လက်မြန် ဇက်မြန်ဆိုသလိုပဲ ရလာတဲ့ ဗီဒီယိုဖိုင်တွေ ဓါတ်ပုံတွေကို ကြည့်လိုက်ပြီးမဒါဂတ်စကား ကမ်းခြေအလွန် ဒီကျွန်းလေးမှာတွေ့ရတဲ့ တောင်ပံ
အပိုင်းအစဟာ ဘိုးရင်း ၇၇၇ က အပိုင်းအစလို့ ကောက်ချက်ချပါတယ်။ သိထားသလောက် လေကြောင်းခရီး
စဉ် MH-370 ဟာ ပျောက်နေတယ်လို့ လူသိရှင်ကြား အသိအမှတ်ပြုထားကြတဲ့ တစ်စင်းတည်းသော
ဘိုးရင်း ၇၇၇ ဖြစ်ပါတယ်။အခုတွေ့တဲ့ နေရာဟာ လေယာဉ်ရဲ့ အပိုင်းအစတွေ ဖြစ်နိုင်မယ်လို့ထင်ပြီး
အာရုံထားရှာနေကြတဲ့ သြစတြေးလျ အနောက်ပိုင်း ဒေသနဲ့ မိုင် ၂၅၀၀ အကွာမှာ တွေ့ကြရတာပါ။

သြတြေးလျ အစိုးရကတော့ ဒီလိုတွေ့တာဟာ ရှာဖွေမှုရဲ့ အကြီးမားဆုံး တိုးတက်မှုတရပ်ပါလို့ ပြောပါတယ်။
မလေးရှားဝန်ကြီးချုပ်ကတော့ သူ့လေကြောင်း အတတ်ပညာရှင်တွေကို ပြင်သစ်ပိုင် ရေနျုယွန့်(Réunion) ကျွန်းနဲ့ ပြင်သစ်နိုင်ငံတူးလုစ်မြို့တွေကို ကြိုလွှတ်ထားရင်း ဘာဖြစ်နေနေ လက်မလျော့ပဲထပ်ရှာနေမှာပဲလို့
ဂတိပေးလိုက်ပါတယ်။လေယာဉ်တောင်ပံကို တွေ့ခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် ဘာဂူးဆိုတဲ့ကမ်းခြေသန့်ရှင်း
ရေးသမား ကတော့ သူတွေ့ရှိခဲ့တဲ့ လေယာဉ်တောင်ပံ ရဲ့ ၂ ကီလိုမီတာ အကွာမှာ ပျက်စီးနေတဲ့ ခရီးဆောင်အိတ်အစုတ်အပျက် တစ်လုံး တွေခဲ့ရကြောင်းလည်း ဆိုထားခဲ့ပါသဗျာ။

ကိုဇော်
ဘန်ကောက်
၀၂း၃၀
၃၁/၀၇/၂၀၁၅