မိတ်ဆွေအပေါင်းအသင်းဆိုတာ မကောင်းဘူးလို့ဆို ကျော်သွားလို့ ရတဲ့ အရာမျိုးမဟုတ်ပါဘူး။ ဒါကြောင့် သင့်ပတ်ဝန်းကျင်မှာ သင့်ကို ရိုင်းပျစွာဆက်ဆံတဲ့သူတွေနဲ့ ကြုံတွေ့လာတဲ့အခါ သင်ဘယ်လို တုန့်ပြန်မလဲ ဆိုတာ သိပ်ကို အရေးကြီးပါတယ်။ သင်ရော လက်ရှိ ဒီလိုလူမျိုးတွေနဲ့ ကြုံတွေ့တဲ့အခါ ဘယ်လိုတုန့်ပြန်ဖြစ်
နေလဲ တစ်ချက်လောက် ပြန်တွေးကြည့်ရအောင်။
ဥပမာ-
-ကိုယ့်ကို ရိုင်းပျစွာ ဆက်ဆံလာလို့ အရမ်းဒေါသထွက်သွားတယ်။
-သူတို့လိုပဲ ကြမ်းတမ်းစွာ ပြန်ဆက်ဆံလိုက်တယ်။
-သူတို့ကြောင့် အရမ်းစိတ်အနှောင့်အယှက် ဖြစ်သွားတယ်။
-အဲဒီလူကို နောက်ထပ် မဆက်ဆံချင်လောက်အောင် ကြဉ်သွားတယ်။
-သူ့ကို အရမ်းဒေါသထွက်ပြီး အပြစ်တင် ပြောဆိုဖြစ်တယ်။
-သူ့ကို နောက်ဒီလိုမလုပ်ဖို့ သွားတရားပြမယ်။ (ဒီလိုအခြေအနေမှာ ဘယ်လိုမှ နားဝင်မှာ မဟုတ်ပါဘူး။)
ကျွန်မ အထင် အထက်ပါ နည်းလမ်းတွေအားလုံးက ပြောပလောက်အောင် အကျိုးမထူးလောက်ပါဘူး။
ဒါဆို အဲဒီလို အခြေအနေတွေ မှာ ဘယ်လိုစိတ်လေးတွေနဲ့ နားလည်လက်ခံပေးမလဲ ဆိုတာလေး စဉ်းစားကြည့်ရအောင်။
- သူတို့ ကိုယ်နဲ့ပတ်သက်ပြီး ဒေါသထွက်တယ်ဆိုတာ ကိုယ့်အပေါ် အလေးအနက်ထားလွန်းလို့
ဖြစ်နိုင်ပါတယ်။
- သူတို့ စိတ်ဖိစီးမှုတွေ အရမ်းများနေတာကြောင့် တစ်ဖက်လူအတွက် မစဉ်းစားနိုင်တော့တာမျိုးလည်းဖြစ်နိုင်ပါတယ်။
- ဒေါသထွက်တဲ့အခါ ဒီလို ကြမ်းကြမ်းတမ်းတမ်း ပြုမူခဲ့တာတွေက သူကြီးပြင်းခဲ့တဲ့ မိသားစု အခြေအနေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
-သူ့ရဲ့ ပင်ကိုယ် စရိုက်ကိုက ကြမ်းတမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
- အသိဥာဏ်နည်းလို့ ကိုယ့်အပြုအမူကိုယ် မထိန်းနိုင်တော့တာ မျိုး လည်း ဖြစ်နိုင်ပါတယ်။
-ကိုယ့်အပြုအမူတွေက တစ်ဖက်လူကို ဘယ်လောက်ထိ ထိခိုက် သွားနိုင်လောက်လဲ ဆိုတာ မစဉ်းစားမိလို့လည်းဖြစ်နိုင်ပါတယ်။
-သူ့ကြမ်းတမ်းမှုတွေကိုကြည့်ပြီး သင်ကိုယ်တိုင်ရှောင်ကြဉ်ရမယ့် အပြုအမူတွေကို လေ့လာလို့ ရနိုင်ပါတယ်။
- ဒီလို ရိုင်းစိုင်းကြမ်းတမ်းတဲ့ သူတွေကို ယဉ်ကျေးစွာတုန့်ပြန်ရင်း မိမိစိတ်ဓါတ်တွေ ရင့်ကျက်လာနိုင်ပါတယ်။
အထက်မှာ ဖော်ပြထားတဲ့အတိုင်း နှလုံးသွင်းနိုင်မယ်ဆိုရင်တော့ သင့်ရှေ့မှာ ဘယ်လောက်ပဲ ကိုယ်အမူအရာ ကြမ်းတမ်းတဲ့ သူမျိုး တွေ့နေရပါစေ စိတ်တိုဒေါသထွက်မှာ မဟုတ်တော့ပါဘူး။ ဒီလို အခြေအနေမျိုးတွေ ကို ကောင်းကောင်း ဖြတ်ကျော်နိုင်ပြီဆို ဘယ်လောက်ဆိုးရွားတဲ့လူပဲဖြစ်ဖြစ် မေတ္တာထားနိုင်မှာ သေချာသ
လောက်ရှိနေပါပြီ။
ဂန္တ၀င်မဂ္ဂဇင်း