ခေတ်သစ်ရူပဗေဒမိခင်



ရူပဗေဒနဲ့ဓာတုဗေဒနယ်ပယ်မှာ နေတစ်စင်းလို ထင်ရှားခဲ့တဲ့ မာရီကျူရီ (Marie Curie)ဟာ ရေဒီယွမ် (radium)
နဲ့ ပေါ်ရီနီယွမ်(polinium)ဓာတ်သတ္တုတွေကို ရှာဖွေတွေ့ရှိခဲ့တာကြောင့် သိပ်ကို ထင်ရှားကျော်စောခဲ့ပါတယ်။

ထိုစဉ်က ရုရှားတွေ ထိန်းချုပ်ခဲ့တဲ့ သူမရဲ့ဌာနေတိုင်းပြည်ဖြစ်တဲ့ ပိုလန်ပြည်မှာတော့သူမဟာ အထက်တန်း ပညာကိုသင်ယူဖို့ တားမြစ်ခြင်းခံရပါတယ်။ ဒါ့ကြောင့် သူမဟာ ပါရီမြို့ကို ပြောင်းရွှေ့ လာခဲ့တယ်။ သူမနဲ့အတူ သူမ ရဲ့ခင်ပွန်းသည်ဖြစ်တဲ့ ပီအေးရေကျူရီ (Pierre Curie)ဟာ သူတို့ရဲ့အရည်အချင်းနဲ့ အချိန်အများစုကို
သိပ္ပံဆိုင်ရာ သုတေသနတွေမှာ မြှပ်နှံခဲ့ပြီးတော့ ရေဒီယွမ်(radium)ဓာတ်သတ္တုရှာဖွေမှုအတွက် အချက်အလက်များ စုဆောင်းရယူခြင်းနဲ့ အာပါရေတပ်စ်(apparatus)ကို ရယူဖို့ သူတို့ရဲ့ငွေကြေးတွေကို အများအပြား သုံးစွဲ ခဲ့ကြပါတယ်။

သူတို့မှာ စားစရာမရှိတဲ့အချိန်တွေနဲ့လည်း အများကြီး ကြုံခဲ့ကြရတယ်လို့လည်း ပြောကြပါတယ်။ထိုစဉ်က
သူတို့မှာ အိမ်ဖော်များပင် ဌားရမ်းခြင်းမပြုနိုင်တဲ့အတွက် Pierre က တံမြက်စည်းလှည်းပြီး သန့်ရှင်းရေး
လုပ်နေတာရယ်၊ Marie Curie က ထမင်းချက်အလုပ်လုပ်နေတာကို အလည်လာတဲ့မိတ်ဆွေများက
မြင်တွေ့ခဲ့ကြရပါတယ်။ သူတို့ရဲ့လက်ဆောင်ပစ္စည်းများဖြစ်တဲ့ အချိန်တွေ၊ အရည်အချင်းတွေ၊ အရင်းအမြစ်တွေကို ရက်ရက်ရောရော ပေးဆပ်ခဲ့မှုကြောင့် radium နဲ့ radio activity ရှာဖွေတွေ့ရှိမှုအားဖြင့်
ဆေးလောကကသာမက သိပ္ပံရပ်နယ်ပယ်မှာပါ ကြီးမားတဲ့အပြောင်းအလဲတစ်ခု ဖြစ်ပေါ်ခဲ့ပါတယ်။

Marie Curie ဟာ နိုဘယ်ဆုနှစ်ခုရရှိခဲ့တဲ့ ပထမဦးဆုံး အမျိုးသမီးသိပ္ပံပညာရှင်ဖြစ်တယ်လို့ သတ်မှတ်
ပြောဆိုခြင်းခံရပါတယ်။
“ဘဝဆိုတာ ကျွန်ုပ်တို့အားလုံးအတွက် လွယ်ကူတဲ့အရာတော့ မဟုတ်ဘူး။
ဒါ့ကြောင့် ကျွန်မတို့မှာ ဇွဲသတ္တိရှိဖို့လိုတယ်။ ဒါ့အပြင် အားလုံးထက်အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်ချတဲ့စိတ်မျိုး ထားရှိဖို့ လိုအပ်တယ်။ ဘဝမှာ ဘယ်အရာမှ
ကြောက်စရာမလိုဘူး။ အရာရာကို နားလည်လက်ခံတတ်ဖို့သာ လိုအပ်တာပါ”

ဆိုပြီး စွန့်စွန့်စားစား စွမ်းဆောင်ခဲ့သော အမျိုးသမီးက မှတ် ချက်ပြုခဲ့ပါတယ်။

မူရင်း။ ။ “The Mother of Modern Physics”from ‘100 Edifying Anecdotes’ by Bishop Percival Fernandez
ကိုပြန်ဆိုပါတယ်။

Writer-ဇို(တီးတိန်)