ရေပြန်ကျသွားလျှင် လိုက်နာရမည့် အချက်များ



အမျိုးသားသဘာဝဘေးအန္တရာယ်တွေထဲမှာ ရေလွှမ်းမိုးမှုဟာ အတော်လေး အန္တရာယ်ကြီးမားတဲ့ ဘေးဒုက္ခဖြစ်ပါတယ်။ ရေလွှမ်းမိုးနေစဉ်းမှာတင်မက ရေကျသွားချိန်မှာလည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လနဲ့ နှစ်နဲ့ချီပြီး ပြန်လည်လုပ်ကိုင်ရပါတယ်။ ရေလွှမ်းခံရတဲ့ ဒေသတွေအနေနဲ့ ရေပြန်ကျသွားတဲ့အခါမှာ အန္တရာယ်ကင်းအောင် ဘယ်လိုနေထိုင်ရမလဲဆိုတဲ့အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။


ရေကျသွားတဲ့အခါ
•    စိတ်ချရတဲ့ အခြေအနေထိ တက်နိုင်သလောက်စောင့်ပါ။
•    ရေဒီယိုနဲ့ရုပ်သံတွေက ကြေငြာတဲ့ မိုးလေဝသ ကြေငြာချက်တွေကို နားထောင်ပါ။
•    ရေမြုပ်ဧရိယာထဲ ပြန်မသွားပါနဲ့။ မဖြစ်မနေသွားဖို့လိုအပ်ရင် ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အတူသွားပါ။

ရေမြုပ်ခံရသည့် အဆောက်အအုံထဲ ဝင်ရမည်ဆိုလျှင်
•    ဖြစ်နိုင်လျှင် ရေမြုပ်ခံထားရသည့် အဆောက်အဦထဲ မဝင်ပါနှင့်။ မဖြစ်မနေ ဝင်ရမည်ဆိုလျှင် အဆောက်အဦပျက်စီးမှု ဘယ်လောက်ရှိနေပြီလဲဆိုတာ အရင်ကြည့်ရှုစစ်ဆေးပါ။
•    ဂတ်စ်အိုးများရှိသည့် နေရာဆိုလျှင် ဂတ်စ်အိုးများ ပိတ်ပစ်ရန် ကြိုးစားပါ။
•    ကယ်ဆယ်ရေးအဖွဲ့များ မပါပဲ မဝင်ခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မည်။
•    ဖိနပ်ရှည်များဝတ်ဆင်ပြီးမှ အဆောက်အဦထဲဝင်ပါ။ သဘာဝဘေးအန္တရာယ်များ ကျရောက်ပြီးချိန်တွင် ဒဏ်ရာရရှိသူအများစုမှာ ခြေထောက်ဖြတ်ရလေ့ရှိသည်ကို သင်သတိပြုပါ။
•    လျှပ်စစ်မီးလုံးဝမသုံးပါနှင့်။ ဓါတ်ခဲကိုသာအသုံးပြုပြီး မီးထွန်းညှိပါ။
•    ဂတ်စ်အိုး၊ ဂတ်စ်ပိုက်များ ရှိသည့်နေရတွင် ဂတ်စ်ယိုစိမ့်မှုများ ဖြစ်နေတက်ပါသည်။ ထိုသို့ဖြစ်လာလျှင် အဆောက်အဦပြတင်းပေါက်များ တံခါးများ အကုန်ဖွင့်လိုက်ပြီး အမြန်ဆုံးအပြင်ထွက်နိုင်အောင် ကြိုးစားပါ။
•    အန္တရာယ်ရှိနေရာများကို အာဏာပိုင်များထံ သတင်းပေးနိုင်အောင် ကြိုးစားပါ။
•    နံရံ၊ ကြမ်းပြင်၊ မျက်နှာကြက်စသည့်နေရာများအားလုံး အန္တရာယ်ရှိပါသည်။ သတိထားပါ။
•    အဆောက်အဦတစ်ခုသည် ရေမမြုပ်သော်လည်း ဘေးပတ်ဝန်းကျင်တွင် ရေမြုပ်နေပါက ယင်းအဆောက်အဦထဲတွင် အဆိပ်ရှိတိရိစ္ဆာန်များ ရောက်နေတက်ပါသည်။

သက်ဆိုင်ရာအကူအညီများ ရယူပါ
•    ရေကျသွားသည့်အခါ အနည်းငယ် နေထိုင်မကောင်းဖြစ်ခဲ့လျှင်ပင် ဆေးခန်းပြရန် ကြိုးစားပါ။
•    တက်နိုင်သမျှ ကြုံရာရေမသောက်ပါနှင့်။ အဖွဲ့အစည်းများမှ လာရောက်ကူညီသည့် ရေသန့်များနှင့် ရေများကိုသာ သောက်ရန်ကြိုးစားပါ။

သင့်အိမ်သည် လုံခြုံစိတ်ချရသည့်နေရာ မဟုတ်တော့ပါ
•    လူတိုင်းအတွက်မိမိအိမ်သည် အလုံခြုံဆုံးနေရာဟု ဆိုနိုင်သော်လည်း သဘာဝဘေးအန္တရာယ်နှင့် ရင်ဆိုင်ရသည့်အခါ မိမိအိမ်သည်လည်း စိတ်မချရနိုင်တော့ပါ။
•    ရေမြုပ်ခံလိုက်ရသော အစားအစာ၊ ဆေးဝါးနှင့် ရေများကို ဆက်သုံးရန် မသင့်တော့ပါ။ ရေသန့်မရှိသော အချိန်တွင်ရေကို ဆယ်မိနစ်ခန့် ကြိုချက်ပြီးမှ သောက်သုံးသင့်သည်။
•    လူအများစု ရွှေ့ပြောင်းနေထိုင်သော ကုန်းမြင့်အရပ်ရှိ စုဝေးစခန့်သို့ အမြန်ဆုံးသွားရောက်နိုင်ရန် အိမ်ကို စွန့်ခွှာပါ။

Planet Myanmar